Monday, 13 November 2017

13-NOV-2017 (READING -ORD32-YA-C1)

Mon the 13th:    Memorial of Frances Xavier Cabrini, virgin (Americas).
Wis 1:1-7; Ps 139:1-10; Phil 2:15-16; Luke 17:1-6

ပညာပါရမီကျမ်း Wis 1:1-7;

အသက်ကိုရှာ၍ဘုရားသခင်ကိုသိကြလော့
၁။ ကမ္ဘာမြေကို အုပ်ချုပ်စီရင်သောသူတို့တရားမျှတခြင်း ကိုချစ်မြတ်နိုးကြကုန်လော့၊ဘုရားသခင်အပေါ်ဖြောင့် မတ်မှန်ကန်သောအသိတရားရှိကြလော့။ရိုးစင်းသော    စိတ်နှလုံးဖြင့်  ကိုယ်တော်ကို ရှာကြလော့။
၂။ အကြောင်းမူကား၊ဘုရားသခင်ကိုစုံစမ်းခြင်းမြုပသော
သူတို့သည် ကိုယ်တော်ကို တွေ့ကြ၍ သံသယမရှိဘဲ ယုံကြည်သူတို့အား  ကိုယ်တော်သည်  မိမိကိုယ်ကို
၃။ ထုတ်ဖော်ပြတော်မူ၏။ မရိုးသားသော  အကြံအစည် များသည် လူကိုဘုရားသခင်မှ ကွဲကွာစေလျက်ကိုယ် တော်၏အား တန်ခိုးတော်ကိုစမ်းသပ်သောပညာမဲ့သူ အား ဆုံးမ၏။
၎။ Óဏ်ပညာသည် ဆိုးယုတ်မာသော ဝိညာဉ်ထဲသို့မြွကဝင်၊ သူမသည် အပြစ်၏ကျေးကျွန် ဖြစ်နေသော ကိုယ်ခန္ဓာတွင်လည်း ကျိန်းဝပ်လိမ့်မည် မဟုတ်။  
၅။ လူကို ထိန်းသိမ်းပေးသော  သန့်ရှင်းသော ဝိညာဉ်တော်သည် လှည့်ဖျား လိမ်လည်ခြင်းမှ ရှောင် ထွက်သွား၍ မိုက်မဲသော အကြံအစည်မှလည်းစွန့်ခွာ သွားလိမ့်မည်။မကောင်းမှုကြိုပသောအခါတွင်အနေရ ခက်ပေလိမ့်မည်။
၆။ Óဏ်ပညာသည်လူကိုကောင်းကျိုး ဆောင်သော ဝိညာဉ်ဖြစ်၏။ ဘုရားသခင်ကို ထိခိုက်  သော အပြစ်ရှိသူ၏ နှုတ်မှ ထွက်သည့်စကားများ အတွက် Óဏ်ပညာသည် အခွင့် မလွှတ်တတ်ချေ။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏အတွင်း စိတ်မှ ဖြစ်လာသမျှတို့ကို သက်သေခံ၏။ကိုယ်တော် သည် သူ၏စိတ်နှလုံးကိုအမှန်တရားအတိုင်းစစ်ဆေး ၍ သူပြောဆိုသမျှ   စကားတို့ကို ကြားတော်မူ၏။
၇။ အကြောင်းမူကား၊ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကမ္ဘာမြေ တပြင်လုံးကိုပြည့်နှက် စေလျက် အရာခပ် သိမ်းတို့ကို အတူတကွ ထိန်းသိမ်းထားတော်မူသော ကိုယ်တော်သည်လူများပြောဆိုသမျှကို သိတော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၃၉ (Ps 139:1-10);

အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။
အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ် အကြံအစီတို့ကို အဝေးကပင် နားလည်တော်မူ၏။ အကျွန်ုပ်သွားသော လမ်းကို၎င်း၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။
အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။
ထိုသို့သာ ဥာဏ်သည် အံ့ဘွယ်ဖြစ်၍၊ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ်မမှီနိုင်ပါ။
ဝိညာဉ်တော်နှင့် လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
ကောင်းကင် သို့ တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော် ရှိတော်မူ၏။ 
နံနက် အတောင်တို့ကို ယူ၍ သမုဒ္ဒရာစွန်း၌နေလျှင်၊
၁၀ ထိုအရပ်၌ပင် ကိုယ်တော်၏ လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး (Phil 2:15-16);

၁၅-၁၆ သို့ပြုလျှင် အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသောဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တရားတော်ကိုပြသ၍၊ စကြာဝဠာ၌နေ၊ လ၊ ကြယ်နက္ခတ် ကဲ့သို့ ထိုလူမျိုး အထဲ၌ထွန်းလင်းကြ၏။ သို့ပြုလျှင်ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲ လျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:1-6);

တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်းရှိရမည်။ သို့သော် လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည် ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။
သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တ ရလျှင် သူ၏အပြစ်ကိုလွှတ်လော့။
တနေ့ခြင်းတွင် ခုနစ်ကြိမ် မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကိုလွှတ်လော့ဟု မိန့်တော်မူ၏။
တမန်တော်တို့က၊ အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန် ကြလျှင်၊
ဘုရားသခင်က၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွ နှုတ်၍ ပင်လယ်၌စိုက်လျက် နေလော့ ဟုဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။