Friday, 24 November 2017

24-NOV-2017 (READING -ORD33-YA-C1)

Fri the 24th:    Optional memorial of Andrew Dung-Lac, priest and martyr, and companions, martyrs.
1 Macc 4:36-59; 1 Chr 29:10-12; John 10:27; Luke 19:45-48

မက္ကဘေဦးသမိုင်း (ပထမတွဲ)1 Macc 4:36-59;

၃၆။ထို့နောက် ဂျုဒသည် မိမိညီအစ်ကိုတို့အား ဆိုသည် မှာ ယခုငါတို့၏ ရန်သူများသည် ချေမှုန်းခြင်းခံကြ ရလေပြီ။ ဗိမာန်တော်ကို သန့်ရှင်းစင်ကြယ်စေရန်နှင့် အသစ်တဖန် ဆက်ကပ်ပူဇော်ရန် သွားကြစို့ဟု ပြော
၃၇။လေ၏။  စစ်တပ်တစ်ခုလုံးသည်  စုဝေးလျက်ဇီအုန်
၃၈။တောင်သို့တက်ကြလေ၏။သူတို့သည်စွန့်ပစ်ခြင်းခံရ၍ လူသူကင်းမဲ့နေသောဗိမာန်တော်ကိုလည်းကောင်း၊ ညစ်ညမ်းကျူးလွန်ခြင်းခံရသောပလ္လင်တော်ကိုလည်းကောင်း၊မီးရှို့ဖျက်စီးခံထားရသောတံခါးများကိုလည်းကောင်း တွေ့မြင်ကြ၏။ ရင်ပြင်တော်သည်တောအုပ် သို့မဟုတ် တောင်ပေါ်တွင်ပေါက်ရောက်သောချုံနွယ် ပိတ်ပေါင်းဖြင့် ဖုံးလွှမ်းလျက်  ဖြစ်နေသည်ကိုလည်း  
၃၉။ကောင်း တွေ့ကြ၏။ ထိုအခါ သူတို့သည် မိမိတို့၏ အဝတ်များကို ဆွဲဆုတ်ကြလျက်ခါးသီးပြင်းထန်စွာငိုြွေကး၍၊မိမိတို့၏ခေါင်းပေါ်သို့ပြာများတင်ကြကုန်၏
၄၀။မြေကြီးပေါ်မှာ မျက်နှာကို အပ်လျက် တံပိုးခရာများ တီးမှုတ်ရန် အချက်ပေးသောအချိန်၌ သူတို့အားလုံး သည် ကောင်းကင်သို့ကြည့်၍ကျယ်လှောင်စွာငိြုွေကး
၄၁။ကြ၏။ ထို့နောက်ဂျုဒ၏လူအချို့ကိုရွေးချယ်၍ဗိမာန် တော်ကို သန့်ရှင်းစင်ကြယ်စေခြင်းများဆောင်ရွက်နေ စဉ်တွင် ခံတပ်အတွင်းမှ ရန်သူများကို တိုက်ခိုက်ရန်  
၄၂။အမိန့်ပေးလေ၏။ သူသည်ပညတ်တရားအပေါ်သစ္စာ ရှိ၍  အပြစ်ကင်းစင်သောရဟန်း များကိုရွေးချယ်ပြီး၊
၄၃။သန့်ရှင်းသောဋ္ဌာနကိုသန့်စင်စေရန်စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ကျောက်တုံးများကို   မသန့်ရှင်းသော  
၄၄။နေရာတစ်ခုသို့ပြောင်းရွေ့စေ၏။သူတို့သည်ညစ်ညမ်းစွာ ထိခိုက်စော်ကားခံရသောမီးရှို့ရာယဇ်ပလ္လင်တော် ကိုမည်သိြု့ပရမည့်အကြောင်းတိုင်ပင်ဆွေးနွေးကြရာ၊  
၄၅။ゞ၄င်းကြိုဖိဖျက်ပစ်ရန်သင့်လျော်သည်ဟုဆုံးဖြတ်ကြ၏ အကြောင်းမူကား ရုပ်တု ကိုးကွယ်သော ဘာသာခြား တို့က ညစ်ညမ်းစေခဲ့သော ယဇ်ပလ္လင်သည် သူတို့ အပေါ်မှာ  ပြစ်တင် ရှုတ်ချဖွယ်ရာ  မဖြစ်စေလိုသော
၄၆။ကြောင့်တည်း။ ထို့ကြောင့် သူတို့သည် ယဇ်ပလ္လင် ကိုြုဖိချကြလေ၏။ ကျောက်တုံးများကို ဗိမာန်တော် တောင်ကုန်းပေါ်ရှိ သင့်တော်သော တစ်နေရာတွင် သိမ်းဆည်းထားပြီး၊ ゞင်းတို့ကို မည်သို့ြုပရမည်ဟု လမ်းညွှန်ပေးမည့် ပရောဖက်တစ်ပါး ပေါ်ထွန်းသည့် အချိန်တိုင်အောင် စောင့်ငံ့ကြရန် ဖြစ်၏။
၄၇။ ထို့နောက် သူတို့သည်မထုမဆစ်ရသေးသောကျောက်တုံးများကိုယူလာကြ၍ပညတ်ဥပဒေအတိုင်းယဇ်ပလ္လင်အသစ်ကို ပလ္လင်အဟောင်းကဲ့သို့ ပြန်လည်တည်ဆောက်ကြ၏။
၄၈။သူတို့သည် သန့်ရှင်းရာဋ္ဌာနနှင့် ဗိမာန်တော်အတွင်း ပိုင်းတို့ကိုလည်း ပြန်လည်မွမ်းမံကြ၍ပရိဝုဏ်များကို လည်း သန့်စင်စေလျက် ဆက်ကပ်အပ်နှံကြ၏။
၄၉။သန့်ရှင်းသော ခွက်ဖလားတော်များကို အသစ်ြုပလုပ် ကြလျက် မီးတင်လော် ဗန်ခုံနှင့် လော်ဗန်နံ့သာမွှေး ပူဇော်သော စားပွဲတော်တို့ကို  ဗိမာန်တော်ထဲသို့ ယူ ဆောင်လာကြ၏။
၅၀။ ထို့နောက်ပလ္လင်တော်၌လော်ဗန်မီး ကို ပူဇော်ကြလျက် မီးတင်ခုံပေါ်တွင် မီးများထွန်းညှိ  သဖြင့်ဗိမာန်တော်ကို ထိန်လင်းစေကြ၏။
၅၁။ သူတို့သည် စားပွဲတော် အပေါ်မှာ မုန့်များကို တင်ပူဇော်ကြ၍၊ ကန့်လန့်ကာများကို ချိတ်ဆွဲကြသဖြင့်သူတို့ရည်ရွယ် ထားသောလုပ်ငန်းများအားလုံးကိုပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ကြလေ၏။
၅၂။သက္ကရာဇ်တစ်ရာလေးဆယ်ရှစ်ခုနှစ်(ဘီစီ ၁၄၆)၏နဝမလဖြစ်သော ချိစ်လက်လ၏  
၅၃။နှစ်ဆယ့် ငါးရက်နေ့တွင် သူတို့အားလုံး နံနက် စောစောထကြ၍ မိမိတို့ တည်ဆောက်ခဲ့သော မီးရှို့ ရာ ပလ္လင်တော်အသစ်ပေါ်မှာ ပညတ် ဥပဒေနှင့်အညီ  
၅၄။ယဇ်ပူဇော်ခြင်းကိုဆက်ကပ်ကြ၏။ သူတို့သည်ရုပ်တု ကိုးကွယ်သော ဘာသာခြားတို့က ပလ္လင်တော်ကို ထိခိုက် ညစ်ညမ်းစေခဲ့သည့် နှစ်ပတ်လည်နေ့အချိန် အတိအကျတွင် ပလ္လင်တော်အသစ်ကို ဘိသိက်တင် ဆက်ကပ်လျက်စောင်း၊ ပလွေနှင့် လင်းကွင်းများတီး မှုတ်ကာ သီချင်းများ သီဆိုခဲ့ကြ၏။
၅၅။ လူအားလုံးတို့ သည် မြေပေါ်မှာ မျက်နှာကိုအပ်၍ပျပ်ဝပ်လျက်ရှိခိုး ကြပြီး   မိမိတို့အား  တိုးတက်  အောင်မြင်စေသော
၅၆။ကောင်းကင်ရှင်ကို ကောင်းချီးပေးကြ၏။ ဤသို့ဖြင့် ပလ္လင်တော်အပ်နှံဆက်ကပ်ခြင်းပွဲကိုရှစ်ရက်တိုင်တိုင် ကျင်းပကြ၍၊ မီးရှို့ပူဇော်ရသော ယဇ်များကိုလည်း ဝမ်းမြောက် ဝမ်းသာစွာ ဆက်ကပ်ကြ၏။
၅၇။သူတို့သည်ဗိမာန်တော်၏ရှေ့မျက်နှာစာကို ရွှေသရဖူ ရွှေဒိုင်းလွှာများဖြင့် မွမ်းမံ အလှဆင်ကြပြီး အဝင် တံခါးများနှင့် ရဟန်းတို့၏ အဆောင်များကိုလည်း  ပြန်လည်ြုပပြင်၍ တံခါးများတပ်ဆင်ကြ၏။
၅၈။လူများတို့သည် ပျော်ရွှင်ဝမ်းမြောက်ခြင်းကို အတိုင်း အဆမရှိ ခံစားကြရ၍ ဘာသာခြားတို့က ဗိမာန်တော် အား ညစ်ညမ်းစေခဲ့ခြင်းကို မေ့ပျောက်စေခဲ့ကြ၏။
၅၉။ထို့ကြောင့်ဂျုဒ၊သူ၏ညီအစ်ကိုများနှင့်အစ္စရေးလ်တစ် မျိုးသားလုံးသည် နှစ်စဉ်နှစ်တိုင်းဤအချိန်ရာသီတွင် ယဇ်ပလ္လင်တော် ပြန်လည် ဆက်ကပ်အပ်နှံခြင်းပွဲကို ချီစ်လက်လ၏ နှစ်ဆယ့်ငါးရက်မြောက်နေ့မှစတင်၍ ရှစ်ရက်တိုင်တိုင် ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပသွား  ကြရန်ဆုံးဖြတ်ကြ၏။

ရာဇဝင်ချုပ်ပဌမစောင် အခန်းကြီး ၂၉ (1 Chr 29:10-12);

၁၀ ထိုအခါ ဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိစေတော်မူသတည်း။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတံခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထဋိ၊ မြင့်မြတ်တော်မူ၏။
၁၂ ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ခပ်သိမ်းသောသူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အားအစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ်သောအခွင့်နှင့် ခိုင်ခန့်သောအခွင့်ကို ပေးပိုင်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:45-48);

၄၅ ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊
၄၆ ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌လာသော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီ တကားဟု မိန့်တော်မူ၏။
၄၇ ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမသြဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း၊
၄၈ လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ရကြ။