Monday, 4 December 2017

04-DEC-2017 (READING -ADV1-YB-C2)

Mon the 4th: (Memorial of John Damascene, priest and doctor.)
Isa 2:1-5; Ps 122:1-9; Matt 8:5-11

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး (Isa 2:1-5);

ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟုမူကား။
နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်၊၊
များပြားသော သူတို့ကလည်း၊ လာကြလော့၊၊ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့၊၊ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေတော်ရာသို့ လိုက်သွားကြမည် ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်၊၊ တရားတော်သည် ဇိအုန်တောင်မှင်း၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ယေရုရှလင်မြို့မှင်း ပေါ်ထွက်လိမ့်မည်၊၊
ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြား သော လူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှါင်း ထုလုပ်ကြလိမ့်မည်၊၊ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန်မသင်ရ ကြ၊၊
အိုယာကုပ်အမျိုးသားတို့၊ လာကြလော့၊၊ ထာဝရဘုရား၏ အလင်းတော်၌ ကျင်လည်ကြကုန်အံ့၊၊

ဆာလံကျမ်း အခန်းကြီး ၁၂၂ (Ps 122:1-9);

ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊၊
အိုယေရုရှလင်မြို့ သင်၏တံခါးတို့အတွင်း၌ ငါတို့သည် ရပ်၍ နေကြလိမ့်မည်၊၊
ယေရုရှလင် မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏၊၊
အမျိုးအနွယ်တို့သည် ထိုမြို့သို့ တက်ကြ၏၊၊ ဣသရေလအမျိုး ထုံးစံရှိ သည်အတိုင်း ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းခြင်းငှာတက်သွားကြ၏။
ထိုမြို့၌တရား စီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည် တည်ကြ၏။
ယေရုရှလင်မြို့ ငြိမ်ဝပ်မည့် အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
သင်၏ မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမ္မာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
သင်၌ငြိမ်ဝပ်ခြင်း ရှိပါစေသောဟု ငါသည် ညီအစ်ကို အတွက်၊ အဆွေခင်ပွန်း တို့အတွက် ပြောဆိုပါမည်။
ငါတို့ဘုရားသခင် ထာဝရဘုရား၌အိမ်တော်ကို ထောက်၍၊ သင်၏အကျိုး ကိုရှာပါမည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 8:5-11);

 ထိုနောက်မှ ကပေရနောင်မြို့သို့ကြွဝင်တော်မူလျှင်၊ တပ်မှူးတယေက်သည်အထံတော်သို့လာ၍၊
သခင်၊ ကျွန်တော်၏ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့်ပြင်းစွာ ခံရ၍အိမ်တွင်တုံးလုံး နေပါသည်ဟု တောင်းပန်လေ၏။
ယေရှုကလည်း ငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင်၊
တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည်ချမ်းသာရပါလိမ့်မည်။
ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း၊ စစ်သူရဲများကိုအုပ်စိုး၍၊ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင်လုပ်ပါ၏ ဟုတပ်မှူး လျှောက်လေ၏။
၁၀ ထိုစကားကိုယေရှုသည်ကြားလျှင်အံ့သြခြင်း ရှိ၍၊ငါအမှန်ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေး။
၁၁ ငါဆိုပြန်သည် ကား၊လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့နှင့်တကွလျောင်းရကြလတံ့၊