Thursday, 7 December 2017

07-DEC-2017 (READING -ADV1-YB-C2)

Thu the 7th: (Memorial of Ambrose, bishop and doctor.)
Vigil of Solemnity of The Immaculate Conception.
Isa 26:1-6; Ps 118:1-27; Matt 7:21-27

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၆(Isa 26:1-6);

ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သော မြို့ရှိ၏၊၊ ကယ်တင်ခြင်းကျေး ဇူးကိုပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူလိမ့်မည်၊၊
- တံခါးတို့ကိုဖွင့်ကြလော့၊၊ သစ္စာစောင့်၍ ဖြောင့်မတ်သော  လူမျိုးဝင်ပါစေ၊၊ စိတ်နှလုံးတည်ကြည်သော သူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည် အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်၊၊
ထာဝရဘုရားသည် စဉ်မြဲခိုလှုံကြလော့။ ထာဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ၏၊၊
မြင့်သောအရပ်၌ နေသော သူတို့ကိုရှုတ်ချတော်မူ၏၊၊ မြင့်မြတ်သောမြို့ကိုကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချလျက် မြေမှုန့်ထဲမှာ ထားတော် မူ၏၊၊
ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:1-27);

ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူး တ်ာကို ချီးမွမ်းကြလော့၊၊
ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ၊၊
ကရုဏာတော်အစဉ် အမြဲတည်စေဟု အာရုန်အနွယ် ဝန်ခံစေ၊၊
ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏၊၊
ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင် သနည်း၊
ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်၊၊
ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၌ ကောင်း၏၊၊
ထာဝရဘုရားကို ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏၊၊ 
၁၀ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊ 
၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော် လည်း ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊
၁၃ သင်သည်ငါကိုလှဲသောအခါ ပြင်းထန်စွာတွန်းသော် လည်း ထာဝရဘုရားသည် ငါကို မစတော်မူ၏၊၊
၁၄ ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ငါ့ကိုကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏၊၊
၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊
၁၆ ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြင့်လျက် ရှိ၏၊၊ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကို ပြု၏၊၊
၁၇ ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊
၁၈ ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊
၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါအားဖွင့်ကြ၊၊ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်၊၊
၂၀ ဤတံ ခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏၊၊ ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏၊၊
၂၁ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါ မည်၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ စကားကိုနားထောင်၍ အကျွန်ုပ်ကို ကယ်တင်တော်မူ၏၊၊
၂၂ တိုက်ကို တည်လုပ်သောသူများကိုပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏၊၊
၂၃ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏၊ ငါတို့မျက်မှောက်၌လည်း အံ့ဘွယ်ဖြစ်၏၊၊
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
၂၅ အိုထာဝရ ဘုရား ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏၊၊ အိုထာဝရဘုရား ကောင်းကြီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန် ပါ၏၊၊
၂၆ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း၊၊ ထာဝရဘုရား၏ အိမ်တော်ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီးပေးပါ၏၊၊
၂၇ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍ ငါတို့၌ ရောင်ခြည် တော် ကို လွှတ်တော်မူ၏၊၊ ယဇ်တင်ရန်အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့်ချည်ကြလော့၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 7:21-27);

၂၁ သခင်၊ သခင် ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။
၂၂ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကိုနှင် ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့ သည်လျှောက်ကြလိမ့်မည်။
၂၃ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အားအတည့် အလင်းငါပြောမည်။
၂၄ အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏၊ ထိုသူသည်ကျောက်ပေါ်မှာ အိမ် ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။
၂၅ မိုဃ်းရွာ၍ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။
၂၆ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည် သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
၂၇ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သောအခါ ကြီးစွာသောပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။