Thursday, 21 December 2017

21-DEC-2017 (READING -ADV3-YB-C2)

Thu the 21st: (Optional memorial of Peter Canisius, priest and doctor.)
Isa 54:1-10; Ps 30:1-13; Luke 7:24-30
Song 2:8-14 or Zeph 3:14-18; Ps 33:1-21; Luke 1:39-45

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၄(Isa 54:1-10);

သားမဘွားသောအမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်သာ၍ များသောသားတို့ကို ဘွားမြင်ပြီဟုထာဝရဘုရားမိန့်တော်မူပြီ။ သင်၏တဲရာကို ကျယ်စေလော့။
သင်၏နေရာ မျက်နှာကြပ်ကို ကြက်ကြည့် ဦးလော့။ နှမြောသောစိတ်မရှိနှင့်။ကြိုးတို့ကို ရှည်စေအုံးလော့။ တိုင်တို့ကိုမြဲစွာ စိုက်လော့။
အကြောင်းမူကား၊ သင်သည်လကျာ်ဘက်၊ လက်ဝဲဘက်တို့၌တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွှယ်သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ဆိတ်ညံသောမြို့တို့၌နေကြလိမ့်မည်၊၊
မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်း သို့မရောက်ရ၊၊ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းမခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ခံရသော ကဲ့ရဲ့ခြင်းကို နောက်တဖန် မအောက်မေ့ရ။
အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရား တည်း။ သင့်ကိုရွေးချယ်သော သူသည်ဣသရေလအမျိုး၌ သန့်ရှင်းသောထာဝရားဖြစ်တော်မူသည်။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ခေါ်ကြရ၏။
စွန့်ပစ်၍စိတ်ငြို ငြင်သောမိန်းမ၊ ငယ်စဉ်အခါ မယားဖြစ်၍၊ နောက်မှငြင်းပယ်သော မိန်းမကိုတဖန်ခေါ်သကဲ့သို့သင့်ကိုငါခေါ်မည်ဟု သင်၏ဘုရားသခင်မိန့် တော်မူ၏။
သင့်ကိုခဏသာ ငါစွန့်သည်ဖြစ်၍၊ များစွာသောကရုဏာနှင့် ငါတဖန်သိမ်းဆည်း ဦးမည်။
ပြင်းစွာသော အမျက်ထွက်၍ ငါခဏမျှမျက်နှာလွှဲသော်လည်း၊ ထာဝရမေတ္တာနှင့်သင့်ကို  ကယ်မသနားဦး မည်ဟု သင့်ကိုရွေးနုတ်သော ထာဝရဘုရား မိန့်တော်မူသည်။
နောဧ လက်ထက်၌ လွှမ်းမိုးသောရေကို ငါသည်မှတ်၍ ထိုရေသည် မြေကြီးကိုနောက်တဖန် မလွှမ်းမိုးရေဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကိုအမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကိုပြုပြီ။
၁၀ တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ် တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟုသင်၌သနားခြင်း ကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရားမိန့်တော်မူ၏၊၊

ဆာလံကျမ်း အခန်းကြီး ၃၀ (Ps 30:1-13);

ဒါဝဒ်သည်အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်၊၊ အကျွန်ုပ်ကို ဆယ်နှုတ်တော်မူ၏၊၊ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ၊၊
အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို အော်ဟစ်၍ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏၊၊
အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ၊၊ သချိုင်းတွင်းထဲသို့ မဆင်းစေဘဲ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ၊
ထာဝရဘုရား၏ သန့်ရှင်းသူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊
အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊
ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏၊၊
အို ထာဝရဘုရား ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏ တောင်သည် ခိုင်ခံ့မြဲမြံပါ၏၊၊ မျက်နှာလွဲတော်မူသောအခါ ဆင်းရဲခြင်းသို့ ရောက်ပါ၏၊၊
အို ထာဝရဘုရား အကျွန်ုပ်သည် အသက်ဆုံး၍၊
င်္သချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း၊၊
၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော၊၊ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို စောင့်မတော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ်၍၊ထာဝရဘုရားကို တောင်းလျှောက်ပါ၏။
၁၁ ထိုအခါ အကျွန်ုပ်ညည်းတွား မြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကို ချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော် မူ၏။
၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည်တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 7:24-30);

၂၄ ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည်အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက် သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။
၂၅ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ တင့်တယ်သောအဝတ်ကို ဝတ်ဆင်၍ ကောင်းမွန်စွာစား သောက်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏။
၂၆ ပရောဖက်ကိုကြည့်ရှုခြင်းငှါ သွားသလော၊ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူ သည်လည်းဖြစ်သည်ဟု ငါဆို၏။
၂၇ ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှု လော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏ တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟုဆိုလိုရာ၌ ထိုသူကိုဆိုလိုသတည်း။
၂၈ ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက်တယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံး သောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။
၂၉ အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ စကားကိုကြားနာရလျှင်၊ ဘုရားသခင်ကိုချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံ ကိုခံကြ၏။
၃၀ ဖာရိရှဲနှင့်ကျမ်းတတ် တို့မူကား၊ သူတို့အကျိုးအလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံ ကို မခံဘဲနေကြ၏။




ရှောလမုန်သီချင်း အခန်းကြီး (Song 2:8-14)

ငါချစ်ရာသခင်၏ စကားသံပေ၊၊ ကြည့်ပါ၊၊ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွှလာ၏၊၊
ငါချစ်ရာ သခင်သည် သမင်ဒရယ်သငယ်နှင့်တူ၏၊၊ ကြည့်ပါ၊၊ အုတ်ရိုးပြင်မှာ ရပ်တော်မူ၏၊၊ ပြတင်းပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာကိုယ်ကို ပြလျက်နေတော်မူ၏၊၊
၁၀ ငါချစ်ရာသခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သော နှမ၊ ငါ၏ မိန်းမလှ၊ ထ၍ လာခဲ့ပါ။
၁၁ ဆောင်းကာလလွန်ပြီ၊၊ မိုဃ်းလည်းကြည်လင်ပြီ၊၊
၁၂ မြေကြီးပေါ်မှာပန်းများပွင့်ကြပြီ၊၊ ငှက်တို့မြည်တွန်ချိန်လည်း ရောက်လေပြီ၊၊ ငါတို့မြေ၌ ချိုးငှက်တွန်သံကိုလည်း ကြားရ၏၊၊
၁၃ သင်္ဘောသဖန်းပင်သည် စိမ်းသော အသီးကို မှည့်စေ၏၊၊ စပျစ်နွယ်ပင်လည်း ပွင့်လျက် မွှေးကြိုင်၏၊၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ၊  
၁၄ တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင်ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကားသံ ကိုကြားပါရစေ။ သင်၏ စကားသံသည်ချို၏၊၊ သင်၏မျက်နှာလည်း လှ၏၊၊
                              
                                                                                  or

ဇေဖနိအနာဂတ္တိကျမ်း အခန်းကြီး (Zeph 3:14-18);

၁၄ အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အိုဣသရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင် သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။
၁၅ ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန် ဘေးဥပဒ်နှင့်မတွေ့မကြုံရ။
၁၆ မစိုးရိမ်နှင့်ဟု ယေရုရှလင်မြို့အား၎င်း၊ လက်အားမလျော့စေ နှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါဆိုရ၏။
၁၇ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုး ကြီးသောဘုရားသည် သင့်ကိုကယ်တင် တော်မူလိမ့်မည်။ သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
၁၈ ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာ အကြောင်းတည်းဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကိုမခံရဘဲ ညှိုးငယ်လျက်ရှိသော သူတို့ကိုငါစုဝေးစေမည်။

ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:1-21);

ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊  
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရ ဘုရားကို မြော်လင့်လျက်နေ၏၊၊ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏၊၊
၂၁ သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။ 
၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 1:39-45);

၃၉ ထိုအခါ မာရိသည် ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန်သွားပြီးလျှင်၊
၄၀ ဇာခရိ အိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။
၄၁ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ ရှိသောသူငယ်သည် ခုန်၍၊ မိမိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊
၄၂ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏။
၄၃ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။
၄၄ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြား စဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသောစိတ်နှင့် ခုန်၏။
၄၅ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသော အသံနှင့် မြွက်ဆို၏။