Saturday, 8 September 2018

08-SEP-2018 (READING -ORD22-YB-C2)

Sat the 8th:     Feast of The Birth of Mary.

1 Cor 4:6-15; Ps 145:17-21; John 14:6; Luke 6:1-5

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 Cor 4:6-15);

၆ ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍သူတပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍နားလည်စေ ခြင်းငှါ၎င်း၊ မာနစိတ် ထောင်လွှားသည်နှင့် တယောက်ကိုမှီဝဲ၍ တယောက်ကိုငြင်းဆန်ခြင်းမရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီး သောအချက်၌ သင်တို့၏ အကျိုးကိုထောက်၍ ငါနှင့် အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။
၇ ထိုမှတပါး၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရ သောအရာ တစုံသခုမျှ သင်၌ရှိသလော သူတပါးလက်မှခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့အဘယ်ကြောင့် ဝါကြွားသနည်း။
၈ ယခုတွင် သင်တို့သည်ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့မရှိစဉ်တွင် စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း၊ သင်တို့ကိုအမှန် စိုးစံစေခြင်းငှါအလိုရှိ၏။
၉ သတ်ဘို့ရာထား သောသူကဲ့သို့ အခြားသော သူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြ တော်မူသည်ဟု ငါထင်၏။ အကြောင်းမူ ကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူဖြစ်ကြ၏။
၁၀ ငါတို့သည် ခရစ်တော်၏အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ပညာရှိဖြစ်ကြ၏။ ငါတို့သည်အား နည်းသောသူဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့်ပြည့်စုံသောသူ၊ အသရေရှိသောသူဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသောသူဖြစ်၍၊
၁၁ ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်အစားနွမ်းပါးခြင်း၊ ရိုက်ပုတ်ညှင်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊
၁၂ ကိုယ်လက်နှင့်ပင်ပန်းစွာ လုပ်ဆောင်ရသောသူဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကိုခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။
၁၃ အသရေရှုတ်ချ ခြင်းကိုခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏အညစ်အကြေးကဲ့သို့၎င်း၊ အရပ်ရပ်ထဲကလှည်းပစ်သော တန်မြက်ချေး၊ အမှိုက်ကဲ့သို့၎င်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။
၁၄ သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည်မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့မှတ်၍ သတိပေး၏။
၁၅ သင်တို့သည် ခရစ်တော်၏အကြောင်းကို သင်ပေးသောဆရာတသောင်း ရှိငြားသော်လည်း၊ အဘအများမရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည်သင်တို့ကို ယေရှုခရစ်၌ဖြစ်ဘွားစေပြီ။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:17-21);

၁၇ ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍ ခပ်သိမ်း သောအမှုတော် တို့သည် သန့်ရှင်းကြပါ၏။
၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာ ပြုသောသူအပေါင်း၊ တို့၏အနီး အပါး၌ ရှိတော်မူ၏၊၊
၁၉ ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏၊၊ ထိုသူတို့၏ အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
၂၀ ထာဝရဘုရားသည် ကြည်ညိုသောသူအပေါင်းတို့ကို စောင့် မတော်မူ၏၊၊ မတရားသောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူမည်၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);

၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၆  (Luke 6:1-5);

၁ ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်လျက် စားကြ၏။
၂ ဖာရိရှဲအချို့တို့က ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သင်တို့သည်အဘယ်ကြောင့်ပြုကြသနည်းဟု ဆိုကြသော်၊
၃ ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော် တို့နှင့်တကွ မွတ်သိပ်သောအခါ၊
၎ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရော ဟိတ်တို့မှတပါး အဘယ်သူမျှမစား အပ်သော ရှေ့တော်မုန့်ကိုယူစား၍၊ မိမိအဘော်တို့အား ပေးသည် အကြောင်းကိုမျှ သင်တို့သည် မဘတ်ဘူးသလော။
၅ ထိုမှတပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။