Tue the 25th: Prov 21:1-13; Ps 119:1-44; Luke 11:28; Luke 8:19-21
သုတ္တံကျမ်း အခန်းကြီး ၂၁ (Prov 21:1-13);
၁ ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏လက်တော်၌ ရှိသဖြင့်၊ အလိုတော်ရှိ သည် အတိုင်းလှည့်စေတော်မူ၏။
၂ လူတို့သည်မိမိတို့ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရား မူကား စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
၃ ယဇ်ပူဇော်ခြင်းကို နှစ်သက်သည် ထက်ဖြောင့်မတ်စွာ ပြုခြင်း၊ တရားသဖြင့်စီရင် ခြင်းကို ထာဝရဘုရားသည် သာ၍နှစ်သက်တော်မူ၏။
၎ ထောင်လွှားသော မျက်နှာ၊ မာနကြီးသောနှလုံး၊ မတရား သော သူတို့၏ အလင်းသော်လည်းအပြစ်ပါ၏။
၅ လုံ့လဝိရိယပြုသော သူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်င်း၊သမ္မာသတိရှိသော သူ၏အကြံအစည် သည် ဆင်းရဲခြင်းနှင့်င်း ဆိုင်ပေ၏။
၆ မုသာစကားအားဖြင့် ဘဏ္ဍာကို ဆည်းဖူးခြင်းအမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွှင့်သော အနတ္တဖြစ်၏။
၇ မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
၈ လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တက်၏။ စင်ကြယ်သောသူပြုသောအမှုမူကား မှန်ပေ၏။
၉ ရန်တွေ့တက်သော မိန်းမနှင့် အတူ လူများသောအိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော်သာ၍ ကောင်း၏။
၁၀ မတရားသောသူ သည် မနာလိုသော စိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။
၁၁ မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဥာဏ်တိမ်သောသူသည် သတိရတက်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကို ခံသောအခါ၊ ပညာတိုးပွါးတက်၏။
၁၂ တရားသောသူသည် မတရားသောသူ၏ အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရား သော သူတို့မူကား၊ မိမိတို့ပြုသော ဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
၁၃ ဆင်းရဲသောသူ၏ အော်ဟစ် သံကို မကြားလို၍၊ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ အဘယ်သူမျှမကြားရ။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:1-44);
၁ ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၂ သက်သေခံတော် မူချက်ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၃ ထိုသူတို့သည် ဒုစရိုက် ကိုမပြု လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏၊
၎ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘိုရာ ကိုယ်တော်သည် သြဝါ ဒ ပေးတော်မူပြီ၊၊
၅ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့် ပါစေသော၊
၆ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏၊
၇ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျင့်ပြီးမှ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။
၈ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်၊၊ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်၊၊
၉ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊
၁၀ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော်လမ်းမှ လွဲစေတော် မမူပါနှင့်၊၊
၁၁ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊
၁၂ အို ထာဝရဘုရား ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏၊၊ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ၊၊
၁၃ စီရင် တော်မူရာ နှုတ်တော်ထွက်အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏၊၊
၁၄ ခပ်သိမ်းသော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏၊၊
၁၅ ပေးတော်မူသော သြဝါဒကိုဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏၊၊
၁၆ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏၊၊ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
၁၇ ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ကျေးဇူးပြုတော် မူပါ၊၊
၁၈ တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊
၁၉ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏၊၊ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်၊၊
၂၀ စီရင်တော်မူချက်တို့ ကို အစဉ်မပြတ် တောင့်တသော အားဖြင့် အကျွန်ုပ်၏ စိတ်နှလုံး ကြေကွဲလျက် ရှိပါ၏၊၊
၂၁ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍ အကျိန်ခံရသော သူတို့ကို ကိုယ်တော်ဆုံးမတော်မူ၏၊၊
၂၂ အကျွန်ုပ်သည်သက်သေ ခံတော်မူချက် တို့ကို စောင့်ပါသည်ဖြစ်၍ ကဲ့ရဲ့ခြင်း မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ၊၊
၂၃ မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ ပြောကြပါ၏၊၊ ကိုယ်တော်၏ ကျွန်မူကား အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက် နေပါ၏။
၂၄ သက်သေခံတော် မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏၊၊
၂၅ အကျွန်ုပ်အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ၊၊
၂၆ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကို ဘော်ပြ၍ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။
၂၇ ပေးတော်မူသော သြဝါဒလမ်းကို အကျွန်ုပ်နားလည် စေတော်မူပါ၊၊ သို့ပြုလျှင် အံ့ဘွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်၊၊
၂၈ အကျွန်ုပ်ဝမ်းနည်းခြင်း အားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
၂၉ မုသာလမ်းကိုအကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍ တရားတော်ကို ပေးသနားတော်မူပါ၊၊
၃၀ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ၊၊ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ၊၊
၃၁ သက်သေခံတော် မူချက်တို့၌ မှီဝဲပါပြီ၊၊ အို ထာဝရဘုရား အရှက်ကွဲစေတော်မမူပါနှင့်၊၊
၃၂ အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော် မူသည်ဖြစ်၍ ပညတ်တော်လမ်းသို့ အလျှင်အမြန် လိုက်ပါမည်၊၊
၃၃ အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊
၃၄ ဥာဏ်ကို ပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးကို အကြွင်းမဲ့ စောင့်ပါမည်၊၊
၃၅ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊ ထိုလမ်းကို နှစ်သက်ပါ၏၊၊
၃၆ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ၊၊
၃၇ အနတ္တကို ပမာဏာမပြုစေခြင်းငှါ အကျွန်ုပ်မျက်စိကို အခြားသို့ လွဲတော်မူပါ၊၊ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ၊၊
၃၈ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်ဗျာဒိတ်တော်ကို တည်စေတော်မူပါ၊၊
၃၉ အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကိုပယ်ပျောက်စေတော် မူပါ၊၊ စီရင်တော် မူချက်တို့သည် ကောင်းမွန်ကြပါ၏၊၊
၄၀ ပေးတော်မူသော သြဝါဒများကို တောင့်တပါ၏၊၊ ဖြောင့်မတ်ခြင်း တရားတော် အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၄၁ အို ထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာ တော်တည်း ဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော၊
၄၂ ထိုသို့အကျွန်ုပ် သည် နှုတ်ကပတ် တ်ာကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲ့သောသူ၏ စကားကို ချေစရာ အကြောင်းရှိပါလိမ်မည်၊၊
၄၃ စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော် မမူပါနှင့်၊၊
၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:28);
၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၈ (Luke 8:19-21);
၁၉ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော် ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ၏။
၂၀ လူအချို့ကလည်း၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ် နေကြပါသည်ဟု လျှောက်လျှင်၊
၂၁ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်ကိုကြား၍ နားထောင် သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။