Fri the 28th: Optional memorial of Wencaslaus, martyr.
Optional memorial of Lawrence Ruiz and companions, martyrs.
Ecclesiastes 3:1-11; Ps 144:1-4; Mark 10:45; Luke 9:18-22
ဒေသနာကျမ်း အခန်းကြီး ၃ (Ecclesiastes 3:1-11);
၁ ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန်ရှိ၏၊၊ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ ကို ပြုရသော အချိန်ရှိ၏၊၊
၂ ဘွားချိန်နှင့် သေချိန်လည်း ရှိ၏၊၊ စိုက်ပျိုးသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရ သောအချိန်လည်း ရှိ၏၊၊
၃ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏၊၊ ဖြိုဖျက်ရသော အချိန်နှင့် တည်ဆောက်ရသော အချိန်လည်း ရှိ၏၊၊
၎ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်း ရှိ၏၊၊ ညည်းတွား ရသော အချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏၊၊
၅ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်း ရှိ၏၊၊ ဘက်ယမ်း ရသောအချိန်နှင့် မဘက်ယမ်းဘဲခွဲခွါ၍ နေရသော အချိန်လည်းရှိ၏၊၊
၆ ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်း ရှိ၏၊၊ သိုထားရသောအချိန်နှင့် ပစ်လိုက်ရသော အချိန်လည်းရှိ၏၊၊
၇ အဝတ်ကို ဆုတ်ရသော အချိန်နှင့်၊ ချုပ်ရသော အချိန်လည်း ရှိ၏တိတ်ဆိတ်စွာ နေရသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်း ရှိ၏၊၊
၈ ချစ်ရသော အချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏၊၊ စစ်တိုက်ရသောအချိန်နှင့် စစ်ငြိမ်းရသော အချိန်လည်း ရှိ၏၊၊
၉ လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း၊၊
၁၀ လူသားတို့ကျင် လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ၊၊
၁၁ ခပ်သိမ်းသောအရာတို့ကို မိမိတို့ အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ၊၊ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ၊၊ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသော အမှုကို အစမှအဆုံး တိုင်အောင် လူသည် စစ်၍ မကုန်နိုင်၊၊
ဆာလံကျမ်း အခန်းကြီး ၁၄၄ (Ps 144:1-4);
၁ ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိစေတော်မူစေသတည်း၊၊ ငါ့လက်သည် စစ်တိုက်၍ လက်ချောင်းတို့သည်လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏၊၊
၂ ငါ့ကိုသနားသောသူ ငါ့၏မြို့ရိုး ငါ့၏ရဲတိုက် ငါ့ကိုကယ်လွှတ်သောသခင် ငါ့၏အကွယ်အကာဖြစ်တော်မူ၏၊၊ ထိုဘုရားသခင်ကို ငါကိုးစား၏၊၊ ငါ၏လူမျိုး ကို ငါ့အောက်သို့ နှိမ့်ချတော်မူ၏၊၊
၃ အိုထာဝရဘုရား၊ လူသည်အဘယ်သို့သောသူ ဖြစ်၍ ကိုယ်တော်သည်မှတ်တော် မူရသနည်း၊၊ လူသားသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်မှတ်တော်မူရသနည်း၊၊
၎ လူသည်အငွေ့နှင့် တူပါ၏၊၊ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ဖြစ်တတ်၏၊၊
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:45);
၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:18-22);
၁၈ တရံရောအခါ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟုမေးမြန်းတော်မူလျှင်၊
၁၉ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက်တပါးပါးထပြန် သည်ဟူ၍၎င်း ဆိုကြပါသည်ဟု လျှောက်ကြလေသော်၊
၂၀ သင်တို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
၂၁ ထိုအကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာပညတ်တော်မူ၏။
၂၂ ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည် ဟူသောအကြောင်းများတို့ကို မိန့်တော်မူ၏။