Monday, 24 September 2018

24-SEP-2018 (READING -ORD25-YB-C2)

Mon the 24th: Prov 3:27-34; Ps 15:1-5; Matt 5:16; Luke 8:16-18


သုတ္တံကျမ်း အခန်းကြီး ၃ (Prov 3:27-34);

၂၇ ကျေးဇူးကို ခံသင့်သောသူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
၂၈ အိမ်နီးချင်းကို ပေးစရာရှိလျက်ပင်၊ သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေးမည်ဟုမပြောနှင့်။
၂၉ စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီးချင်း၌ မကောင်းသောအကြံကိုမကြံနှင့်။
၃၀ သင်၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့နှင့်။၃၁ ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သော လမ်းတစ်စုံတစ်ခုကိုမျှ အလိုမ ရှိနှင့်။
၃၂ အကြောင်းမူကား၊ ထာဝရဘုရားသည် သဘောကောက်သော သူတို့ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကိုယ်တော်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိကြ၏။
၃၃ မတရားသောသူ၏ နေရာသည် ထာဝရဘုရားကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏နေရာကိုကား ကောင်းကြီးပေးတော်မူ၏။ ၃၄ အကယ်စင်စစ်ကဲ့ရဲ့တတ်သော သူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသောသူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။


ဆာလံကျမ်း အခန်းကြီး ၁၅ (Ps 15:1-5);

၁ အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
၂ ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော
၃ သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော
၎ ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊
၅ ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:16);

၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၈ (Luke 8:16-18);

၁၆ ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်းထားလေ့မရှိ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။
၁၇ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာပွင့်လင်းလိမ့်မည်။
၁၈ ထိုကြောင့် သင်တို့သည် အဘယ်သို့ကြား နာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။