Wednesday, 13 August 2014

13-AUGUST-2014-(READING)

Wed the 13th:        Optional memorial of Pontian, pope and martyr;
                            Hippolytus, priest and martyr.
Ezek 9:1-7, 10:18-22; Ps 113:1-6; 2 Cor 5:19; Matt 18:15-20

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၉ (Ezek 9:1-7, 10:18-22);

၁ ဖျက်ဆီးသောလက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလော့။ ဟု ကျယ်လောင်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
၂ ထိုအခါ ခြောက်ယောက်တို့သည် အသီးအသီး ကွပ်မျက်စရာ လက်နက်ကိုကိုင်လျက် ၊ တယောက်သည်လည်း ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက် မျက်နှာဘက် အထက်တံခါးလမ်းဖြင့်ဝင်၍ ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။
၃ ဣသရေလအမျိုး၏ ဘုရားသခင် ဘုန်းတော်သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှ အိမ်တော် တံခါးခုံကိုတက်၍ ပိတ်အဝတ်ကိုဝတ်လျက် နံပါး၌ မှင်အိုးပါသောသူ ကိုခေါ်၍၊
၎ ထာဝရဘုရားက ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသော သူတို့၏ နဖူးကို ထိုးမှတ်လော့ ဟူ၍င်း၊
၅ အခြားသောသူတို့ကိုအားလည်း ထိုသူနောက်မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်းမရှိကြနှင့်။
၆ အသက်ကြီးသောသူ၊ အသက် ငယ်သောသူ ၊ အပျိုမ၊ သူငယ် မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့၊၊ သို့ရာတွင်၊ အမှတ်ပါသော သူကို မချဉ်းကပ်ကြနှင့်၊ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာ ရှိ သော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ၏။
၇ တဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍ ကွပ်မျက်သော သူအသေကောင် တို့နှင့် တန်တိုင်းများကိုပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း သူတို့သည် ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။
၁၈ ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှရွှေ့၍ ခေရုဗိမ် အပေါ်မှာတည်လေ၏။
၁၉ ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တတ်ကြ၏။ ပြင်သို့ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား၏ အိမ်တော်ရှေ့တံခါးဝမှာရပ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက်ရှိ၏။
၂၀ ဤသည်ကား၊ ခေမာမြစ်နားမှာ ဣသရေလအမျိုး၏ ဘုရားသခင်အောက့်မှာ ငါမြင်ဘူးသော သတ္တဝါပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။
၂၁ သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးခုစီရှိ၍ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။
၂၂ မျက်နှာပုံကား ခေမာမြစ်နားမှာ ငါမြင်ဘူးသောမျက်နှာနှင့်တူ၏။ ကိုယ်အဆင်းအရောင်လည်းတူ၏။ ထိုသူလေးပါးတို့သည် တည့်တည့် သွားတတ်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၃ (Ps 113:1-6);

၁ ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော၊၊ ချီးမွမ်းကြလော့၊၊
၂ ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း၊၊
၃ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏၊၊
၎ ထာဝရဘုရားသည် လူမျိုးတကာ တို့အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏၊၊
၅ ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း
၆ ကိုယ်ကို နိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း၊၊

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:15-20);

၁၅  ထိုကြောင့်သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍နှစ်ယောက်တည်းချင်းသူ၏ အပြစ် ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။
၁၆ သို့မဟုတ် သင်၏စကား ကိုနားမထောင်လျှင်၊ လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှါကိုယ်နှင့် အတူ လူတစ်ဦးနှစ်ဦး ကိုခေါ်ဦးလော့။
၁၇ ထိုသူတို့၏ စကားကိုနားမထောင်လျှင် အသင်းတော်အားကြားပြော လော့။ အသင်းတော်၏ စကားကိုနားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊  အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။
၁၈ ငါအမှန် ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ် မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ဖြည်လွှတ်လျက်ရှိလိမ့်မည်။
၁၉ တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆု တို့ကိုကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။
၂၀ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။