Saturday, 9 August 2014

9-AUGUST-2014-(READING)






Sat the 9th:          Optional memorial of Teresa Benedicta of the Cross, virgin and martyr.

Hab 1:12-2:4; Ps 9:8-13; 2 Tim 1:10; Matt 17:14-20

ဟဗက္ကုတ်အနာဂတ္တိကျမ်း အခန်းကြီး ၁ (Hab 1:12-2:4);

၁၂ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းတော်မူသော ဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော။ သို့ဟုတ်လျှင် အကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွှတ် ကြပါမည်။ အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ကြောစေခြင်းငှါ၊ သူတို့ကိုခန့်ထားတော်မူပြီ။ အိုကျောက်ထရံ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ။
၁၃ ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စီရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု့၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူ သည်မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စား သောအခါ၊ အဘယ်ကြောင့်တိတ်ဆိတ်စွာနေတော်မူသနည်း။
၁၄ လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့၎င်း၊ မင်းမရှိသောပိုးကောင်ကဲ့သို့၎င်း အဘယ်ကြောင့်ဖြစ်စေတော်မူသနည်း။
၁၅ ရန်သူသည် ထိုသူအပေါင်း တို့ကိုငါးမျှားနှင့် မျှားလျက်၊ ကွန်နှင့် အုပ်လျက်၊ ပိုက်နှင့် လှောင်လျက် ဝမ်းမြောက်ရွှင်လန်းတတ်၏။
၁၆ မိမိကွန်အားယဇ်ပူဇော်၍၊ မိမိပိုက်အားနံ့သာပေါင်းကို မီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။
၁၇ သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကိုသွန်းလောင်းရပါမည် လော။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။
၁ ငါသည်ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌အမြဲနေလျက်၊ ငါ့အားအဘယ်သို့ မိန့်တော်မူမည် ကို၎င်း၊ အပြစ်တင်လျှင် အဘယ်သို့ပြစ်လျှောက်ရမည်ကို၎င်း ငါစောင့်၍နေစဉ်တွင်၊
၂ ထာဝရဘုရားကလည်း၊ ဘတ်သောသူသည်ပြေးလျက် ဘတ်နိုင်အောင်၊ ဗျာဒိတ်ရှုပါရုံကို သင်ပုန်းပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။
၃ ထိုရှုပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကိုဆိုလို၏။ မုသာနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။
၎ စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၉ (Ps 9:8-13);

၈ တရားပလ္လင်တော်ကို ပြင်ဆင်၍ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏၊၊ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏၊၊
၉ ထာဝရဘုရားသည် ညှင်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ ဘေးအန္တရယ် ရောက်သည် ကာလ ခိုလှုံရာ ဖြစ်တော်မူ၏၊၊
၁၀ နာမတော်ကို သိသောသူတို့ သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့် မည်၊၊ အကြောင်းမူကား အိုထာဝရဘုရားကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော် မမူတတ်ပါ၊၊
၁၁ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အမူတော်များကို လူမျိုးတို့အား ဟောပြောကြလော့၊၊
၁၂ လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍ အသေခံရသော သူတို့ကို အောက်မေ့တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့၏ အော်ဟစ်ခြင်းအသံကို မေ့လျော့တော် မမူတတ်ပါ၊၊
၁၃ အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ၊၊ အကျွန်ုပ်ကိုမုန်းသောသူတို့၏ ည‡င်းဆဲခြင်း အမှုကို ကြည့်ရှု၍ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);

၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။ 

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇ (Matt 17:14-20);

၁၄ လူအစုအဝေးရှိရာသို‹ရောက်ကြသောအခါ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက် လျက်၊သခင်၊
၁၅ အကျွန်ုပ်၏ သားကိုကယ်မသနားတော်မူပါ။ဝက်ရူးနာစွဲ၍ ပြင်းစွာခံရပါ၏။မီး၌၎င်း၊ ရေ၌၎င်းအကြိမ်ကြိမ် လဲတတ်ပါ၏။
၁၆ တပည့်တော်တို့ထံသို့ဆာင်ခဲ့၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျောက်လျှင်၊
၁၇ ယေရှုက၊ယုံကြည်ခြင်းမရှိ၊ ဖေါက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟုမိန့်တ်ာမူ၏။
၁၈ ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည်သူမှထွက်သွားသဖြင့်၊ ထိုခဏမှ စ၍သူငယ်သည် ကျန်းမာ ပကတိဖြစ်လေ၏။
၁၉ ထိုအခါတပည့်တော်တို့သည် ဆိတ်ကွယ်ရာ အရပ်၌ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည်ထို နတ်ဆိုးကိုအဘယ်ကြောင့်မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊
၂၀ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ၊ငါအမှန်ဆိုသည်ကား၊ သင်တို့သည်မုန်ညင်းစေ့ခန့်မျှ လောက်သော ယုံကြည်ခြင်းရှိလျှင် ထိုတောင်ကို နေရာမှ ရွေ့လော့ဟုဆိုကြသော်၊ နေရာမှရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။