သင်တို့သည် သမ္မာတရားကိုလည်း သိကြသဖြင့် ထိုသမ္မာတရားသည် သင်တို့ကို လွတ်လပ်စေလိမ့်မည်။ (ယောဟန် ၈း ၃၂)
Friday, 29 August 2014
29-AUGUST-2014-(READING)
Fri the 29th: Memorial of Beheading of John the Baptist, martyr.
1 Cor 1:17-25; Ps 33:1-11; Luke 21:36; Matt 25:1-13
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Cor 1:17-25);
၁၇ ဗတ္တိဇံ ပေးစေခြင်းငှါ ခရစ်တော်သည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိတရားကို ဟောစေ ခြင်းငှါ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချဉ်းအနှီးမဖြစ်စေခြင်းငှါ၊ နှုတ်ပညာ ကိုအခွင့်မပေးဘဲ နေတော်မူ၏။
၁၈ အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့၌ လက်ဝါး ကပ်တိုင်တော် တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ရောက်သော ငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
၁၉ ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။
၂၀ ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ၌လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည်မဟုတ်လော။
၂၁ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကိုမသိဘဲ နေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည် သောသူတို့ကို ဒေသနာတော်မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာရှိတော်မူ၏။
၂၂ ယုဒလူတို့သည် နိမိတ် လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကိုရှာတတ်ကြ၏။
၂၃ ငါမူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒ အမျိုးသားထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုး သား၌ကား၊ မိုက်မဲခြင်းဖြစ်၏။
၂၄ သို့သော်လည်း၊ ယုဒလူ ဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ပညာတော် တည်းဟူသော ခရစ်တော်၏တရားဖြစ်၏။
၂၅ ဘုရား သခင်၏ မိုက်မဲခြင်းအရာသည် လူတို့၏ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းအရာသည် လူတို့၏အစွမ်းထက်သာ၍ အစွမ်းရှိ၏။
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:1-11);
၁ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
၂ စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
၃ ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:36);
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၅ (Matt 25:1-13);
၁ ထိုအခါကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကိုကိုင် ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။
၂ ထိုသတို့သမီးတို့တွင်ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကားအမိုက်ဖြစ်ကြ၏။
၃ မိုက်သောသူတို့သည်မီးခွက်တို့ကိုသာယူ၍ ဆီကိုမယူကြ။
၎ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွဘူး၌ပါသောဆီကိုလည်းယူကြ၏။
၅ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍ အိပ်ပျော်ကြ၏။
၆ သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည်လာပြီ။ ခရီးဦးကြိုပြုခြင်းငှါထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊
၇ ထိုသတို့သမီးအပေါင်းတို့သည်ထ၍ မီးခွက်များကိုပြင်ဆင်ကြ၏။
၈ မိုက်သောသူတို့က ငါတို့ဆီမီး သေပါပြီ။ သင်တို့ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။
၉ ပညာရှိသောသူတို့ကလည်း၊ သင်တို့အဘို့နှင့် ငါတို့အဘို့ဆီမလောက်။ ထိုကြောင့် ဆီရောင်းသော သူရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။
၁၀ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍၊ အသင့်ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။
၁၁ ထိုနောက် ကြွင်းသော သတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အားတံခါးကိုဖွင့်ပါဟုတောင်းလျှောက်ကြသော်၊
၁၂ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟုပြန်ပြောလေ၏။
၁၃ သို့ဖြစ်၍ လူသားသည် ကြွလာအံ့သော နေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့်စောင့်နေကြလော့။