Mon the 18th: Ezek 24:15-23; Deut 32:18-21; Matt 5:3; Matt 19:16-22
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၄ (Ezek 24:15-23);
၁၅ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၁၆ အချင်းလူသား၊ သင်ကြည့်ရှု လိုဘွယ်သော သူကို ငါသည်ဒဏ်ခတ်၍ ပယ်ရှားမည်၊၊ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ၊၊ မျက်ရည် မကျရ။
၁၇ တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်၊၊ ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးလော့။ နှုတ်ကိုမဖုံးနှင့်၊၊ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။
၁၈ ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း မနက်ဖြန် နံနက်မှငါပြု၏။
၁၉ လူများတို့ကလည်း ဤသို့သင်ပြုသောအမှု သည် ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း၊၊ ငါတို့အား မပြောသလောဟု ငါ့အားမေးကြသော်၊
၂၀ ငါက ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂၁ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေအမျိုးအားဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာဌာန၊ သင်တို့၏ အစွမ်းသတ္တိကို အထွဋိအမြတ်၊ သင်တို့ ကြည့်ရှုလိုဘွယ်သောအရာ အလွန်နှမြောသော အရာ ကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သော သားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။
၂၂ ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုရကြလိမ့်မည်။ နှုတ်ကိုမဖုံး ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။
၂၃ ခေါင်းပေါင်းကိုပေါင်း၍ ခြေနင်းကို စီးကြရ လိမ့်မည်၊၊ ငိုကြွေးမြည်တမ်းခြင်းကို မပြုရကြ၊၊ ကိုယ့်အပြစ်ကြောင့် ပိန်ကြုံ၍ တယောက်ကို တယောက်ညည်းတွား ရကြလိမ့်မည်၊၊
တရားဟောရာကျမ်း အခန်းကြီး ၃၂ (Deut 32:18-21);
၁၈ သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။
၁၉ ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက်တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊
၂၀ ငါသည်ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာသော အမျိုး၊ သစ္စာမရှိသော သားသမီးဖြစ်ကြ၏။
၂၁ ဘုရားမဟုတ်သောအရာအားဖြင့် ငါသည်ငြူစူသောစိတ်ရှိစေခြင်းငှာ၊ ပြုကြပြီ။ အချည်းနှီးသောအရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရသော လူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်းငှာင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာင်း ငါပြုရမည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:3);
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:16-22);
၁၆ ထိုအနောက် လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
၁၇ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ် ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
၁၉ မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
၂၀ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ် အကျင့်လိုသေးသနည်း ဟု လျှောက်ပြန်လေ၏။
၂၁ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် သွားလော့ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၂ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။