Sun the 3rd: Psalter II, Ordinary Time Week 18.
Isa 55:1-3; Ps 145:8-18; Rom 8:35-39; Matt 4:4; Matt 14:13-21
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၅ (Isa 55:1-3);
၁ အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ၊၊ ဝယ်၍စားသောက် ကြလော့၊၊ ငွေမပါဘဲ အဘိုးကိုမပေးဘဲလာ၍ စပျစ်ရေနှင့်နို့ကိုဝယ်ကြလော့။
၂ အစာမဟုတ်သောအရာဘို့ သင်တို့ငွေရင်းကိုင်း၊ အမွတ်မပြေနိုင်သော အရာအဘို့ သင်တို့ ဥစ္စာကိုင်း အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကိုစေ့စေ့ နားထောင့်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကို မိမိမွေ့လျော်စေလိမ့်မည်။
၃ နူးညွတ်သော နားနှင့်ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အားပေးမည်။
ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:8-18);
၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏၊၊
၁၄ နှိမ့်ချသော သူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
၁၅ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကို ကျွေးမွေး တော်မူ၏၊၊
၁၆ လက်တော်ကို ဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
၁၇ ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍ ခပ်သိမ်း သောအမှုတော် တို့သည် သန့်ရှင်းကြပါ၏။
၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာ ပြုသောသူအပေါင်း၊ တို့၏အနီး အပါး၌ ရှိတော်မူ၏၊၊
ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:35-39);
၃၅ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။
၃၆ အကယ်စင်စစ်ကိုယ် တော်အတွက် အကျွန်ုပ်တို့သည်အစဉ်မပြတ် အသေသတ်ခြင်းကိုခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကိုသူတပါးမှတ်တတ်ကြပါ၏ ဟုကျမ်းစာလာသည်နှင့် အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ် အမှုသည်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း။
၃၇ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင်အထူးသဖြင့်အောင် မြင်ကြ၏။
၃၈ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင် ဟု ငါသည်သဘော ကျလျက်ရှိ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:4);
၎ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၄ (Matt 14:13-21);
၁၃ ယေရှုသည်ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက်တော၌ ဆိတ်ကွယ်ရာအရပ် သို့ကြွတော် မူ၏။ လူအစုအဝေးတို့သည်ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ကုန်းကြောင်းလိုက်ကြ၏။
၁၄ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကိုချမ်းသာ ပေးတော်မူ၏။
၁၅ ညဦးယံ၍ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ဤအရပ်သည်တောအရပ်ဖြစ်ပါ၏။ မိုဃ်းလည်းချုပ် ပါပြီ။ လူအစုအဝေးတို့သည်မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါဟုလျှောက်ကြ လျှင်၊
၁၆ ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။
၁၇ တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှအကျွန်ုပ်တို့၌မရှိပါဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကိုယူခဲ့ကြဟု မိန့်တော်မူ၏။
၁၈ ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟု အမိန့်တော်ရှိ၏။
၁၉ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ကြည့်မြော် လျက်၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အားပေးတော်မူ၏။
၂၀ တပည့်တော်တို့ သည်လည်း လူအပေါင်းတို့အားပေးကြ၏။ လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တဆယ့်နှစ်တောင်းအပြည့်ရကြ၏။
၂၁ စားသောသူ အရေအတွက်ကား၊ မိန်းမနှင့်သူငယ်ကို မဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက်ရှိသတည်း။