Tuesday, 30 June 2015

30-JUN-2015-(READING)

Tue the 30th:        Optional memorial of First martyrs of the Church in Rome.
Gen 19:15-29; Ps 26:1-12; Ps 130:5; Matt 8:23-27

ကမ္ဘာဦးကျမ်း အခန်းကြီး ၁၉ (Gen 19:15-29);

၁၅ ပြင်သို့ရောက်သောအခါ၊ သင်သည် အသက်ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။
၁၆ လောတကလည်း၊ အကျွန်ုပ်သခင်၊ ထိုသို့မဆိုပါနှင့်။
၁၇ ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက် ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသော ကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံတခုတွေ့၍ သေမည်ကိုစိုးရိပ်ပါ၏။
၁၈ ကြည့်ပါ။ ထိုမြို့နီးပါ၏၊ ပြေးသာပါ၏၊ ငယ်သောမြို့လည်းဖြစ် ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော။ သို့ပြေးလျှင်၊ အသက်ချမ်းသာ ရပါမည်ဟု လျှောက်ဆို၏။
၁၉ ထိုသူကလည်း၊ ကြည့်ပါ။ ဤအမှုအရာ၌လည်း သင်၏ စကားကိုနားထောင်စေခြင်းငှါ၊ ထိုမြို့အတွက် တောင်းပန် သောကြောင့် ငါမဖျက်ဆီး။
၂၀ ဘေးလွတ်ခြင်းငှါ ထိုမြို့သို့အလျင်အမြန်ပြေးလော့။ ထိုမြို့သို့မရောက်မှီ၊ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကိုဇောရမြို့ဟု သမုတ်ကြ၏။
၂၁ လောတသည် ဇောရမြို့သို့ ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။
၂၂ ထိုအခါ ထာဝရဘုရား သည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ကန့်နှင့် မီးမိုဃ်းကိုရွာစေတော်မူ၏။
၂၃ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံး၎င်း၊ မြေ၌ပေါက်သမျှကို၎င်း မှောက်လှဲတော်မူ၏။
၂၄ လောတ၏ မယားမူ ကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။
၂၅ နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသောအရပ်သို့ သွားပြီလျှင်၊
၂၆ သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တရှောက်လုံးကိုကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တပြည်လုံး အခိုးတက် သည်ကို မြင်လေ၏။
၂၇ ထိုသို့ ဘုရားသခင်သည် ချိုင့်ထဲမှာ  ရှိသောမြို့တို့ကိုဖျက်ဆီးသောအခါ၊ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ၊ မောက်လှဲရာ ထဲကလောတကို လွှတ်လိုက် တော်မူ၏။
၂၈ လောတသည် ဇောရမြို့မှ ထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာ နေ၏။ ဇောရမြို့၌ မနေဝံ့၍၊ သမီးနှစ်ယောက်နှင့် တကွဥမှင်၌ နေ၏။
၂၉ သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း၊ ငါတို့ထံသို့ဝင်ရသော ယောက်ျားတယောက်မျှမြေပေါ်မှာ မရှိ။

ဆာလံကျမ်း အခန်းကြီး ၂၆ (Ps 26:1-12);

၁ အိုထာဝရဘုရား အကျွန်ုပ်သည်ဖြောင့်မတ်ခြင်း လမ်းသို့လိုက်သောကြောင့် အကျွန်ုပ်ဘက်၌ တရားစီရင် တော်မူပါ၊၊ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၂ အိုထာဝရဘုရား အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ၊၊
၃ အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍ သစ္စာတရားတော်နှင့် အညီကျင့်ပါ၏၊၊
၎ လျှပ်ပေါ်သောလူတို့နှင့် အတူ မထိုင်ပါ၊၊
၅ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ၊၊ မတရားသော သူတို့၏ စည်းဝေးခြင်းကိုမုန်းပါ၏၊၊ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ၊ 
၆ ကျေးဇူးတော်ကို ချီးမြ‡င့်သောအသံနှင့် မြွက်ဆို၍၊
၇ အံ့သြဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှါ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည် ထာဝရဘုရား။
၈ အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော်တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသောအရပ်ဌာန ကို၎င်း အကျွန်ုပ်နှစ်သက်ပါ၏၊၊
၉ ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ ဝိညာဉ်ကို၎င်း လူ့အသက်ကို သတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို၎င်း ချုပ်ထားတော်မမူပါနှင့်၊၊
၁၀ သူတို့လက်သည် မကောင်းသော အကြံအစည်၌ ကျင်လည်၍ သူတို့ လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏၊၊
၁၁ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်ပါ၏၊၊ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မ သနားတော်မူပါ၊၊
၁၂ အကျွန်ုပ်သည် ညီညွတ်သော အရပ်၌ နေရာကျ၍ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီးပေးပါမည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၃၀ (Ps 130:5);

၅ ထာဝရဘုရားကို ငါစောင့်လျက် နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:23-27);

၂၃ ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏။ အိုင်၌လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
၂၄ ကိုယ်တော်သည်ကျိန်းစက်၍နေတော်မူ၏။
၂၅ တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏။ ကယ်တော်မူပါဟု လျှောက်ကြသော်၊
၂၆ ကိုယ်တော်က၊ ယုံကြည်အားနည်းသောသူတို့၊ အဘယ်ကြောင့်ကြောက်တတ် သနည်းဟုမေးတော်မူပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်  ပယ်လယ်ကိုဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
၂၇ ထိုသူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူ ဖြစ်သနည်း။ လေနှင့်ပင်လယ်သည်သူ၏စကားကို နားထောင်ပါသည်တကားဟုအံ့သြကြ၏။


Monday, 29 June 2015

29-JUN-2015-(READING)

Mon the 29th:        Solemnity of Peter and Paul, apostles.
Acts 12:1-11; Ps 34:1-9; 2 Tim 4:6-18; Matt 16:13-19

တမန်တော်ဝတ္ထု အခန်းကြီး ၁၂(Acts 12:1-11);

၁ ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲခြင်းငှါစီရင်၍၊
၂ ယောဟန်၏အစ်ကိုဖြစ် သော ယာကုပ်ကို ထားနှင့်ကွပ်မျက်လေ၏။
၃ ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်းရှိသည်ကို မြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
၎ ပေတရုကိုလည်း ဘမ်းဆီးပြီးမှ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲတကျိန်ခြောက်ယောက်တို့၌ အပ်၍ ထောင်ထဲမှာလှောင်ထားလေ၏။
၅ ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြ၏။
၆ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဥ့်အချိန်တွင် သံကြိုးနှစ်စင်းနှင့်ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
၇ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်း ကင်တမန်သည် ပေတရု၏နံဖေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟုဆိုလျက် ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။
၈ ကောင်းကင်တမန်ကလည်း၊ သင်၏ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်း စီးလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။
၉ ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန်ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။
၁၀ လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည် ထွက်၍လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်းပေတရုမှ ခွာ၍သွားလေ၏။
၁၁ ပေတရုသည် သတိရလျှင်၊ ယခုပင်သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ် မင်းလက်မှ၎င်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
၁၂ လူများအစုအဝေး၌ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏အိမ်သို့ ရောက်၍၊
၁၃ အိမ်ဦးတံခါးကို ခေါက်လေသော်၊ ရောဒေအမည်ရှိသော မိန်းမငယ်တယောက်သည် နားထောင် ခြင်းငှါလာ၍၊
၁၄ ပေတရု၏စကားသံကိုသိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရုသည် တံခါးရှေ့မှာ ရပ်နေသည်ဟု ကြားပြော၏။

ဆာလံကျမ်း အခန်းကြီး ၃၄ (Ps 34:1-9);

၁ ဒါဝိဒ်သည်အဘိမလက်မင်း ရှေ့မှာထူခြားသော အခြင်းအရာကို ပြုသဖြင့်နှင်ထုတ် ခြင်းကိုခံရ၍ထွက်သွားသောအခါ စပ်ဆိုသောဆာလံ၊၊ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။
၂ ငါ့ဝိညာဉ် သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။
၃ ငါ့နှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်းချီး မြှောက်ကြကုန်အံ့။
၎ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက် မက်ဖွယ်သော အကြောင်းအလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။ 
၅ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၆ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။
၇ ထာဝရဘုရားကို ကြောက်ရွံ့သော  သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။ 
၈ ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။
၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၄ (2 Tim 4:6-18);

၆ အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသော အချိန်ရောက်လေပြီ။
၇ ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။
၈ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌ လည်းအပ်ပေးတော်မူမည်။
၉-၁၀ ငါ့ထံသို့မြန်မြန်လာခြင်းငှါ ကြိုးစားလော့။ အကြောင်းမူကား၊ ဒေမသည် ယခုဘဝကိုနှစ်သက်သော စိတ်ရှိ သည်နှင့် ငါ့ကိုစွန်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ။ ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာ တိပြည်သို့၎င်းသွားပြီ။ ၁၁ လုကာတယောက်တည်းသားငါ့ထံမှာရှိ၏။ မာကုကိုသင်နှင့်အတူ ခေါ်ခဲ့လော့။ သူသည် ဆရာအမှုကိုပြုရာမှာ ငါအကျိုးရှိ၏။
၁၂ တုခိတ်ကိုလည်းဧဖက်မြို့သို့ စေလွှတ်ပြီ။
၁၃ တရောမြို့တွင် ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာကို၎င်း၊ သင်သည်လာသော အခါယူခဲ့လော့။
၁၄ ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ၌ မကောင်းသောအမှုများကိုပြုလောပြီ။ ထိုသူကျင့်သော အကျင့်တို့၏ အကျိုးအပြစ်ကိုသခင်ဘုရားဆပ်ပေးတော်မူပါစေသော။
၁၅ သူ့ကိုသတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းလေပြီ။
၁၆ ပဌမအချိန်၌ အပြစ်တင်ခွင့်ကို ဖြေ၍ငါသည်အစီရင်ခံရသောအခါ၊ ငါ့ဘက်၌အဘယ်သူမျှ မနေ။ လူအပေါင်းတို့သည် ငါ့ကိုစွန်ပစ်ကြ၏။
၁၇ သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကိုအကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်း ငှါ၊ သခင်ဘုရားသည်ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကိုငါရ၏။
၁၈ ထိုမျှမက၊ သခင်ဘုရားသည်မကောင်သောအမှုရှိသမျှတို့မှ ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံတော်သို့ တိုင်အောင်မစပို့ ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၆ (Matt 16:13-19);

၁၃ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၁၄ လူတချို့က ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ဧလိယ ဖြစ်သူဟူ၍၎င်း၊ အချို့က ယေရမိမှစ၍ ပယောဖက် တပါးပါးဖြစ်သည် ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
၁၅ သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊
၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။
၁၇ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။
၁၈ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။
၁၉ ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည်နှောင် သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
၂၀ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ၏။


Sunday, 28 June 2015

28-JUN-2015-(READING)



Sun the 28th:   Psalter I, Ordinary Time Week 13.
                        (Memorial of Irenaeus, bishop and martyr.)
                        Vigil of Solemnity of Peter and Paul, apostles.
Wis 1:13-15, 2:23-24; Ps 30:1-13; 2 Cor 8:7-15; Mark 5:21-43
Vigil Readings: Acts 3:1-10; Ps 19:1-5; Gal 1:11-20; John 21:15-19

ပညာပါရမီကျမ်း အခန်းကြီး () (Wis 1:13-15, 2:23-24)

၁၃။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် သေခြင်းတရားကို ဖန်ဆင်းသည် မဟုတ်။ အသက်ရှင်သောသူတို့၏ပျက်စီးခြင်းတွင်ကိုယ်တော်သည်ဝမ်းမြောက်ပျော်ရွှင်ခြင်းရှိတော်မမူချေ။
၁၄။အကြောင်းမူကား၊ ကိုယ်တော်သည်အရာအားလုံးကို ဖန်ဆင်းတော်မူ၍ အသက်ရှင်စေရန် ရည်ရွယ်တော်မူ၏။သူတို့တွင်သေစေနိုင်သောအဆိပ်အတောက်မရှိ၊ငရဲပြည်သည်လည်းကမ္ဘာမြေကြီးကိုမလွှမ်းမိုးနိုင်ရာ။
၁၅။အကြောင်းမူကား၊ ဖြောင့်မတ်ခြင်းသည်သေနိုင်သော အရာမဟုတ်။
၂၃။ဆုလာဘ်ကိုလည်းသူတို့အထင်မကြီးကြချေ။အမှန်စင်စစ်ကား၊ဘုရားသခင်သည်လူကိုမပျက်စီးမယိုယွင်းနိုင်ရန်ဖန်ဆင်းတော်မူခဲ့၏။ကိုယ်တော်သည်မိမိ၏ဇာတိပကတိရွှေပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းတော်မူခဲ့၏။
၂၄။သို့ရာတွင် နတ်ဆိုး၏ မနာလို ၀န်တိုမှုကြောင့်သေခြင်းတရားသည်ကမ္ဘာလောကကီးထဲသို့ဝင်ရောက်လာခဲ့၏။
၂၅။ နတ်ဆိုးဘက်တော် သားများသည်ထိုသေခြင်းတရားကိုခံစားကြကုန်၏။

ဆာလံကျမ်း အခန်းကြီး ၃၁(Ps 30:1-13);

အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော။ တရားတော် နှင့်အညီ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ 
အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန် ကယ်နှုတ်တော်မူ ပါ။ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ကျောက်၊ အကျွန်ုပ်လုံခြုံရာ  ရဲတိုက် ဖြစ်တော်မူပါ။
အကယ်စင်စစ် အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ ပြင် တော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် အဘို့ဝှက်ထား သောကျော့ကွင်းထဲက အကျွန်ုပ်ကိုနှုတ်ယူ တော်မူပါ။
သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏၊၊
မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏၊၊
ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်း ခြင်းရှိပါလိမ့်မည်၊၊ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏၊၊
အကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသော အရပ်၌ နေရာချတော်မူ၏၊၊
အိုထာဝရဘုရား အကျွန်ုပ်၌ အမှုရောက်ပါပြီ၊၊ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ၊၊ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ၊၊
၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏၊ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏၊ ကိုယ့်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍ ရန်သူများသောကြောင့် အရိုး တို့သည် ဆွေးမြေ့ကြပါ၏၊၊
၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ကဲ့ရဲ့ကြပါ၏၊၊ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံ့ကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏၊၊
၁၂ အောက်မေ့သော အသေကောင်ကဲ့သို့ အကျွန်ုပ်ကို မေ့လျော့ကြပါ၏၊၊ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏၊၊
၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏၊၊ ပတ်ဝန်းကျင်အရပ်တို့ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများ တို့သည် အချင်းချင်း သင်းဖွဲ့လျက် အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏၊၊

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး (2 Cor 8:7-15);

ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဥာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့်ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှစသောအလုံးစုံတို့နှင့် ကြွယ်ဝ ပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်းဖြစ်စေသတည်း။
ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည်မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည်မှန်သည် မမှန်သည်ကိုစုံးစမ်းသော အားဖြင့်ဆိုသတည်း။
အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
၁၀ ဤအမှု၌ ငါသည်ကိုယ်သဘောကိုပြု၏။ မနှစ်ကပင်အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသော သင်တို့သည်ဤအမှုကိုပြီးစီးစေလျှင် သာ၍ကောင်းလိမ့်မည်။
၁၁ သို့ဖြစ်၍၊ အထက်ကစေတနာစိတ်ရှိသည်နှင့် အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည် အတိုင်းပြု၍ ဤအမှုကိုပြီးစီးစေကြလော့။
၁၂ အကြောင်းမူကား၊ စေတနာစိတ် သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ် ဖြစ်၏။
၁၃ ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည် ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည်မဟုတ်။
၁၄-၁၅ များများရသောသူမပို။ နည်းနည်းရသောသူမလို ဟူသောကျမ်းစကားနှင့် အညီ၊ မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏စည်းစိမ်သည် သူတို့၏ ဆင်းရဲကိုမစသဖြင့်င်း၊ နောင်၌သူတို့၏ စည်းစိမ်သည် သင်တို့၏ ဆင်းရဲကို မစသဖြင့်င်း၊ အညီအမျှဖြစ်စေခြင်းငှါငါအကြံရှိ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 5:21-43);

၂၁ ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။
၂၂ ထိုအခါ ယာဣရု အမည်ရှိသော တရားစရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးငယ်သေလုပါပြီ။
၂၃ သို့သော်လည်း ကိုယ်တော်သည် ကြွ၍ သူ့ကိုကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။
၂၄ ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုခြံရံလျက် ထိခိုက် တိုက်မိကြ၏။
၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊
၂၆ များစွာသောဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသောမိန်းမတယောက်သည်၊
၂၇ ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊
၂၈ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့လာ၍ အဝတ်တော်ကို တို့လေ၏။
၂၉ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခမ်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌ သိလေ၏။
၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင်၊ လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူ တို့သနည်းဟု မေးတော်မူ၏။
၃၁ တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အားထိခိုက် ကြသည်ကို မြင်လျက်ပင်၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြ သော်လည်း၊
၃၂ ကိုယ်တော်သည် ထိုသို့ပြုသောသူကိုမြင်ခြင်းငှါ ပတ်လည်သို့ကြည်ရှုတော်မူ၏။
၃၃ ထိုမိန်းမသည် ကိုယ်၌ အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့လာပြီးလျှင်၊ ပြပ်ဝပ်၍ အထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။
၃၄ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့်ကင်းလွတ်စေဟု မိန့်တော်မူ၏။
၃၅ ထိုသို့မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကိုနှောင့်ရှက်သေးသနည်း ဟု ဆိုကြ၏။
၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရားစရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။
၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်မှတပါး အဘယ်သူကိုမျှမလိုက်စေဘဲ၊
၃၈ တရားစရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကို၎င်း၊ အလွန်ငိုကြွေးမြည်တမ်းသောသူတို့ကို၎င်း၊ မြင်တော်မူလျှင်၊
၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည် ဟု မိန့်တော်မူသော်၊
၄၀ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့် ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ်လျောင်းရာအရပ်သို့ဝင်၍၊
၄၁ သူငယ်၏ လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ် ထလော့ငါဆို၏ဟု ဆိုလိုသတည်း။
၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည်ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။
၄၃ ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည် အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။

Vigil Readings:

တမန်တော်ဝတ္ထု အခန်းကြီး (Acts 3:1-10);

ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။
ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊
ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊
သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊
ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊
၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊
၁၁ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၉(Ps 19:1-5);

မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။
မိုဃ်းကောင်းကင် တစွန်းမှထွက်လာ၍ တစွန်းတိုင်အောင်လှည့်ပတ် သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သော အရာတစုံတခုမျှမရှိ။

ဂလာတိသြဝါဒစာ အခန်းကြီး (Gal 1:11-20);

၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂ လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
၁၃ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌ နေ၍ ငါကျင့်သောအကျင့်တည်း ဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
၁၄ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုင်း သင်တို့ကြားသိရကြပြီ။
၁၅ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲ ကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၆ သားတော်၏ ဧဝံဂေလိတရား ကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အား ပြတော်မူ သောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊
၁၇ ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။
၁၈ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။
၁၉ သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသောတမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။
၂၀ ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင့်ရှေ့တော်၌ ငါဆို၏။
၂၁ ထိုနောက် ရှုရိပြည်၊ ကိလိကိ ပြည်သို့ ငါသွား၍၊
၂၂ ယုဒပြည်၌ ခရစ်တော်၏ဘာသာကို ခံယူသောသင်းဝင်တို့သည် ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍၊
၂၃ ငါတို့ကို ညှဉ်းဆဲဘူးသောသူသည် အထက်ကမိမိဖျက်ဆီးသော ယုံကြည်ခြင်း တရားကို ယခုမိမိဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့်၊
၂၄ ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၁ (John 21:15-19);

၁၅ နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
၁၆ တဖန် ယေရှုက၊ ယောန၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏သိုးတို့ကိုထိမ်းလော့ဟု မိန့်တော်မူ၏။
၁၇ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ် သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။  သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရု အားမိန့်တော်မူပြန်၏။