Thu the 4th: Solemnity of Corpus Christi.
Corpus Christi Readings: Exod 24:3-8; Ps 116:12-18; Heb 9:11-15; Mark 14:12-26
Tob 6:10-11; 7:1e, 9-17; 8:4-9; Ps 128:1-5; 2 Tim 1:10; Mark 12:28-34
Corpus Christi Readings:
ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၄ (Exod 24:3-8);
၃
မောရှေသည်လည်း လူများတို့ရှိရာ သို့လာ၍၊ ထာဝရဘုရား၏ စကား
တော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက် အလုံးစုံကို၎င်း ပြန်ကြား၍၊
လူများအပေါင်းကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း၊
အကျွန်ုပ်တို့ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။
၎ မောရှေသည်
ထာဝရဘုရား၏ စကားတော် အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊
တောင်ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တစ်ဆယ် နှစ်မျိုးနှင့်အမျှ
ကျောက်တိုင်တစ်ဆယ် နှစ်တိုင်ကို၎င်း တည်လေ၏။
၅
ဣသရေလအမျိုးသားလူပျိုတို့ကို စေခိုင်းသည် အတိုင်း၊ သူတို့သည် နွားများကို
ယူ၍ ထာဝရဘုရားရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။
၆ မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ ထည့်၍၊ တဝက်ကိုယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။
၇
ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များ ရှေ့မှာဘတ်ပြီးလျှင်၊ သူတို့ကလည်း၊
ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင်ပါမည် ဟု
ပြောဆိုကြ၏။
၈ မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာ
ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော
ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။
ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:12-18);
၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏
ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို
လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်၊၊
၁၈
ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ
ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို
ဖြေပါမည်၊၊ ဟာလေလုယ၊၊
ဟေဗြဲသြဝါဒစာ အခန်းကြီး ၉ (Heb 9:11-15);
၁၁
ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊
သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂ လာအကျိုးတို့၏
ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊
၁၂ ငါတို့အဘို့ထာဝရ
ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊
မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။
၁၃
အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊
နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓွာ၌စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊
၁၄ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော်အားဖြင့်၊
ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့်
စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင် တော်မူသော
ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော
စိတ်ကိုစင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။
၁၅
ထိုကြောင့်ပဌမ ပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကို
လည်းလွတ်စေခြင်းငှါ၊ ခရစ်တော်သည်အသေခံတော်မူသည်ဖြစ်၍၊
ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကိုခံရမည် အကြောင်း၊
ထိုသခင်သည်ပဋိညာဉ် တရားသစ်၏ အာမခံဖြစ်တော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၄ (Mark 14:12-26);
၁၂
ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည် အထံ
တော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကိုစားတော်မူဘို့ရာ
အဘယ်အရပ်၌အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု
မေးလျှောက်ကြသော်။
၁၃ ကိုယ်တော်သည်၊ တပည့်တော်နှစ်
ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည်မြို့ထဲသို့သွားကြ။
ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့လိုက်၍၊
၁၄
သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည်ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော
ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း၊ ဆရာကမေးသည်ဟု အိမ်ရှင်ကိုပြောကြလော့။
၁၅ ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်း ကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
၁၆ တပည့်တော်တို့သည် သွား၍မြို့ထဲ သို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
၁၇ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။
၁၈
စားပွဲ၌ လျောင်း၍စား နေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊
သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူစားသောသူ တစုံတယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်ဟု
မိန့်တော်မူလျှင်၊
၁၉ တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုလော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက်အသီးသီး မေးလျှောက်ကြ၏။
၂၀ ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူပုကန်တွင်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။
၂၁
ကျမ်းစာလာ သည်အတိုင်း လူသားသည်သွားရမည်။
သို့သော်လည်းလူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည်ဘွား
မြင်ခြင်းကိုမခံရလျှင် အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။
၂၂ ထိုအခါ
စားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ
မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု
မိန့်တော်မူလျက်တပည့်တော်တို့အား ပေးတော်မူ၏။
၂၃ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။
၂၄ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသောငါ၏ အသွေးဖြစ်၏။
၂၅
ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌
ငါမသောက်မှီနေ့ တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟုမိန့်တော်မူ၏။
၂၆ ထိုနောက် သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။
တိုဘိဝတ္ထု အခန်းကြီး (၆) (Tob 6:10-11; 7:1e, 9-17; 8:4-9)း
၁၀။သူတို့သည်
မေဒီယပြည်သို့ ရောက်ပြီးအက်ဘတ္တနာ ûမိ့နားသို့
ချဉ်းကပ်လာချိန်တွင်ရာဖာအဲလ်ကတိုဘိယ အား
ငါ့ညီတိုဘိယဟုခေါ်လျှင်တိုဘိယကအကြောင်း ရှိပါသလောဟု ပြန်မေးလေ၏။
၁၁။ ရာဖာအဲလ်ကငါတို့ သည် ရာဂူအဲလ်၏အိမ်တွင်ယနေ့ညတည်းခိုကြမည်။ သူသည် သင်၏ဆွေမျိုးဖြစ်ပြီး သူ၌ ဆာရာအမည်ရှိ သော သမီးတစ်ယောက်ရှိသည်။
၁။အက်ဘတ္တနာသို့
ရောက်ကြလျှင် တိုဘိယက အစ်ကို အဇာရိယာ ငါတို့မိတ်ဆွေ ရာဂူအဲလ်အိမ်သို့
ငါ့ကို တိုက်ရိုက်ခေါ်သွားပါလော့ဟု ဆိုလေ၏။ ထို့ကြောင့် ရာဖာအဲလ်သည်
တိုဘိယကို ရာဂူအဲလ်၏ အိမ်သို့ ခေါ်ဆောင်သွားသောအခါ ရာဂူအဲလ်သည်အိမ်အပြင်
ဘက်ကွက်လပ်ရှိတံခါးနားမှာထိုင်နေသည်ကိုတွေ့ကြ၏။ သူတို့ကစတင်၍နှုတ်ဆက်ကြသော်
သူကပြန်၍ တုံ့ပြန်သည်မှာကျန်းမာချမ်းသာကြပါစေ။ ညီအစ်ကို တို့အား
လှိုက်လှဲစွာ ကြိုဆိုပါ၏။
၉။ထို့နောက် ရာဂူအဲလ်သည် မိမိသိုးအုပ်ထဲမှ
သိုးထီး တစ်ကောင်ကိုသတ်၍ သူတို့အားခမ်းနားစွာတည်ခင်း ဧည့်ခံလေ၏။သူတို့သည်
ရေချိုးသန့်စင်ပြီးကြ၍ ညစာစားကြရန်
စားပွဲ၌ ထိုင်ကြသည်ရှိသော်
တိုဘိယက ရာဖာအဲလ် အား အစ်ကိုအဇာရိယာ၊ ငါ၏ဆွေမျိုးသားချင်းဖြစ် သော
ဆာရာကို ငါနှင့် ထိမ်းမြားပေးရန် ရာဂူအဲလ် အားပြောပေးပါလော့ဟုဆို၏။
၁၀။ရာဂူအဲလ်သည်လည်း
ထို စကားကိုလှမ်း၍ကြားလိုက်သဖြင့်လူငယ်အား ဆို သည်မှာ ယနေ့ည ပျော်ရွှင်စွာ
စားသောက်ပါလော့၊အကြောင်းမူကားငါ၏သမီးဆာရာကိုထိမ်းမြားယူရန်၊သင်မှတစ်ပါးအခြားမည်သည့်ယောက်ျားမျှမရှိပါ၊သင်မှလွဲ၍အခြားသူကိုလည်းငါသည်ပေးပိုင်ခွင့်မရှိပါ။အကြောင်းမူကားသင်သည်ငါ၏အနီးဆုံးဆွေမျိုးတစ်ဦးဖြစ်သည်။သို့ရာတွင်ငါ့သား၊ငါသည်သင့်အား
အမှန်တရားကို ထုတ်ဖော်ပြောအံ့။
၁၁။ငါသည်
သူမကိုခုနစ်ကြိမ်တိုင်ငါ၏ဆွေမျိုးသားချင်း ထဲမှ ယောက်ျားခုနစ်ယောက်ဖြင့်
ထိမ်းမြားပေးစားခဲ့ ၏။ သူတို့သည် မင်္ဂလာဦးည၌ပင် သူမနှင့်မပေါင်း သင်းရမီ
သေဆုံးခဲ့ကြပြီ။သို့သော်ယခုမှာစားသောက် ပါလော့။ ဘုရားသခင်သည် သင်တို့
နှစ်ဦးစလုံးအား စောင့်ရှောက်မည်ကို ငါအသေအချာယုံကြည်ပါသည် ဟု
ပြောပြလေ၏။တိုဘိယကလည်းသင်သည်ကျွန်တော်နှင့်သက်ဆိုင်သောဤကိစ္စကိုပြေလည်စွာဆောင်ရွက်မပေးမချင်း
ကျွန်တော်သည်မည်သည့်အရာကိုမျှ စားသောက်မည်မဟုတ်ဟု ပြန်ဖြေလေ၏။ ထိုအခါ
ရာဂူအဲလ်က ငါဆောင်ရွက်ပါမည်။ မိုးဇက်၏ကျမ်း တွင်
ရေးထားသောဥပဒေအတိုင်းငါသည်သူမကိုသင့် အား ပေးပါမည်။ သူမကို
သင်ထိမ်းမြှားခြင်းသည် ကောင်းကင်မှစီစဉ်ထားတော်မူခြင်းဖြစ်၏။ သင့်သား
ချင်းနှမကို ယူပါလော့။ ယခု အချိန်မှစပြီး သင်သည် သူမကိုပိုင်ဆိုင်၍ သူမသည်
သင့်ကို ပိုင်ဆိုင်လေပြီ။ ယနေ့မှစ၍ သင်နှင့် သူမ၏ ပေါင်းဖက်ခြင်းသည်
ထာဝရတည်လိမ့်မည်။ ဤညတွင် ကောင်းကင်အရှင် ထာဝရဘုရားသည်
သင်တို့နှစ်ဦးကိုကြီးပွားတိုးတက်
မှုပေးပါစေ။သား၊သမီးရတနာတိုးပွားပါစေ။ကရုဏာသနားခြင်းနှင့်
ငြိမ်းချမ်းသာယာခြင်းကိုလည်း ပေး သနား တော်မူပါစေဟု တိုဘိယအား ပြောလေ၏။
၁၂။ထို့နောက်
ရာဂူအဲလ်သည်သူ၏သမီးဆာရာအားခေါ် လျှင် ဆာရာသည်လည်း ဖခင်ထံသို့ လာလေ၏။
ရာဂူအဲလ်သည် သူမ၏လက်ကိုကိုင်၍ တိုဘိယအား ပေးလျက်ဆိုသည်မှာ
မိုးဇက်၏ကျမ်းတွင် ရေးထား
သောဥပဒေအတိုင်းသူမကိုသင်၏ဇနီးအဖြစ်ထိမ်းမြားယူလော့။သူမကိုသိမ်းပိုက်၍၊သင်၏ဖခင်အိမ်သို့ဘေးမသီ
ရန်မခ ခေါ်ဆောင်သွားပါလော့၊ကောင်းကင်ရှင် ထာဝရဘုရားသည်
သင်တို့နှစ်ဦးအားကာကွယ်စောင့် ရှောက်၍
ငြိမ်းချမ်းခြင်းနှင့်သာယာဝပြောခြင်းကိုပေး
သနားတော်မူပါစေဟူ၍ကောင်းချီးပေးလေ၏။
၁၃။ထို့နောက် သူမ၏မိခင်ကိုခေါ်၍
စာလိပ်ကိုယူလာစေ ပြီးမှ မိုးဇက်၏ ကျမ်းဥပဒေအတိုင်း ဆာရာအား
တိုဘိယ၏ဇနီးအဖြစ်ထိမ်းမြား ပေးစားလိုက်ကြောင်း သဘောတူစာချုပ်ကို
လက်ထပ်ထိမ်းမြားခြင်းစာချုပ် တွင် ရေးသားတံဆိပ်နှိပ်ကာ ဆာရာကိုတိုဘိယအား
ပေးအပ်လိုက်၏။
၁၄။ထိုသို့ဆောင်ရွက်ပြီးကြသော်သူတို့ အားလုံး စားသောက်ကြ၏။
၁၅။ရာဂူအဲလ်သည်
သူ၏ဇနီးဧဒနာကိုခေါ်ပြီး အခန်းကို အဆင်သင့် ပြင်ဆင်လျက် မိန်းခလေးအား
ထိုအခန်း သို့ ခေါ်သွားလော့ဟုဆိုသဖြင့်၊ ဧဒနာသည်အခန်းကို ပြင်၍
ရာဂူအဲလ်မှာထားသည့်အတိုင်း ဆာရာကိုခေါ် ဆောင်သွားလေ၏။
၁၆။သူမသည်သမီးကိုဖက်၍ငိုကြေး ပြီးလျှင် မိမိမျက်ရည်များကို သုတ်လျက်ဤသို့ဆို၏၊
၁၇။ငါ့သမီး၊
သတ္တိမွေးပါလော့၊ကောင်းကင်အရှင်ထာဝရ ဘုရားသည် သင့်အား
ပူဆွေးဒုက္ခရောက်ခြင်း အစား ၀မ်းမြောက်ရွှင်လန်းခြင်းကိုပေးတော်မူပါစေ။
စိတ်ချ ယုံကြည်လော့၊ ငါ့သမီးဟုဆို၍ ထွက်သွားလေ၏။ ပြီးလျှင်
ချက်ချင်းပြန်လာခဲ့လေ၏။
၎။သူမ၏မိဘများသည်အခန်းမှထွက်ပြီးတံခါးများကိုလုံûခံစွာပိတ်ထားလိုက်ကြသောအခါတိုဘိယသည်အိပ်ယာမှထ၍
ဆာရာအားပြောသည်မှာငါ၏နှမထလော့။ငါတို့အားသနားကြင်နာတော်မူ၍ကာကွယ်စောင့်ရှောက်တော်မူ
ရန်ဘုရားသခင်ထံ ဆုတောင်းကြစို့ဟုဆို၏။
၅။သူမသည်လည်းထ၍သူတို့အားအသက်၏လုံûခံမှုပေးရန်သူတို့နှစ်ဦးအတူတကွဆုတောင်းကြ၏။
တိုဘိယ သည် ဤသို့စတင်၍ဆုတောင်းသည်မှာတပည့်တော် တို့
ဘိုးဘေးများ၏ဘုရားသခင်ကိုယ်တော့်ကိုတပည့် တော်တို့ ချီးမွမ်းပါ၏။
ကိုယ်တော်၏ နာမတော်ကို တပည့်တော်တို့ ကာလအဆက်ဆက်ချီးမွမ်းဂုဏ်ûပပါ ၏။
ကောင်းကင်များနှင့် ကိုယ်တော်ဖန်ဆင်းရာများ အားလုံးတို့သည်
ကိုယ်တော့်ကိုအဆက်မပြတ်ချီးမွမ်း ထောပနာ ûပကြပါ၏။
၆။ကိုယ်တော်သည်
အာဒမ်ကို ဖန်ဆင်းတော်မူပြီး၊ သူ့ အတွက် ကူဖော်လောင်ဖက်နှင့် အဖော်အဖြစ်
ဧ၀ကို ပေးတော်မူခဲ့ပါ၏။ သူတို့ နှစ်ဦးအားဖြင့် လူသားမျိုး ဆက်
ဆင်းသက်ခဲ့ပါ၏။ လူယောက်ျားသည်၊ တစ် ယောက်တည်းနေရသည်မှာ
မကောင်း၊သူနှင့်တူသော ကူဖော်လောင်ဖက်ကို ငါတို့သူ့ဖို့ ဖန်ဆင်းကြစို့ဟူ သော
ကိုယ်တော်၏ရွှေနှုတ်တော်ထွက်စကားရှိပါ၏။
၇။ယခု တပည့်တော်သည်
တပည့်တော်၏ဇနီးကိုထိမ်း မြားခြင်းမှာကိလေသာတဏှာအတွက်မဟုတ်ဘဲ၊ မွန်
မြတ်မှန်ကန်သောရည်ရွယ်ချက်အတွက်ကြောင့်ဖြစ်ပါ၏။ တပည့်တော်နှင့် သူမတို့သည်
ကိုယ်တော်၏ သနားကရုဏာတော်ကိုခံစားကြရ၍ အိုမင်းသည့်တိုင် အောင်
အတူတကွပေါင်းသင်းနေထိုင်သွားကြရပါစေ သော်ဟုဆုတောင်းလေ၏။
၈။သူတို့နှစ်ဦးစလုံးအတူတ ကွအာမင်ဟု ဆိုလိုက်ကြပြီးမှတစ်ညလုံးအိပ်စက်ကြလေတော့၏။
၉။ရာဂူအဲလ်သည်အိပ်ရာမှထပြီးလျှင်မိမိကျေးကျွန်များကိုစုရုံးလျက်အပြင်သို့အတူသွားကြ၍ သင်္ချိုင်းတွင်း တစ်ခုကိုတူးကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၂၈(Ps 128:1-5);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
၂ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသော အစာကိုစားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစား ရလိမ့်မည်။
၃
သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊
သားသမီးတို့သည် သင့်စားပွဲ ပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း
ဖြစ်ကြလိမ့်မည်။
၎ ထာဝရဘုရားကို ကြောက်ရွံ့သော သူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။
၅ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ ခံရသော ကောင်းကျိုးကို တသက်လုံးမြင် ရလိမ့်မည်။
၆ မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလ အမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော။
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);
၁၀
ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ
ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊
အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို
ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:28-34);
၂၈
ထိုသို့ဆွေးနွေးငြင်းခုန်ကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား၍၊
ကိုယ်တော်သည် လျောက် ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင်
အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ် မည်သောပညတ်သည် သာ၍မြတ်သနည်းဟု
မေးလျှောက်သော်။
၂၉ ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံး
သောပညတ်ဟူမူကား၊ အိုဣသရေလလူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရ
ဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည်
တပါးတည်းဖြစ်တော်မူ၏။
၃၀ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။
၃၁
ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော
ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏ ဤပညတ်ထို့ထက်သာ၍ ကြီးမြတ်သောပညတ်မရှိဟု
ပြန်၍ မိန့်တော်မူ၏။
၃၂ ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။
၃၃
ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို
စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊
ကိုယ်နှင့်စပ်ဆိုင်သော သူတို့ကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည်
မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်း
အကျင့်ထက်သာ၍မြတ်ပါသည်ဟု လျှောက်လေ၏။
၃၄
ထိုသို့ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည် သိမြင်လျှင်၊
သင်သည်ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တဖန်
အဘယ်သူမျှမမေး မလျှောက်ဝံ့ကြ။