Thursday, 25 June 2015

25-JUN-2015-(READING)

Thu the 25th:    Gen 16:1-16; Ps 106:1-5; John 14:23; Matt 7:21-29

ကမ္ဘာဦးကျမ်း အခန်းကြီး ၁၆(Gen 16:1-16);

၁ အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူ ဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊
၂ စာရဲက၊ အကျွန်ုပ်အားသားဘွားရသောအခွင့်ကို ထာဝရဘုရားပေး တော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည်တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကိုနားထောင်လေ၏။
၃ ထိုသို့ အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏ မယားစာရဲသည် မိမိကျွန်အဲဂုတ္တုပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။
၎ အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓြေွစွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓြေွစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။
၅ စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည်ကိုယ်၌ ပဋိသန္ဓြေွစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါ စေသောဟု၊ အာဗြံအားဆိုလေ၏။
၆ အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှ ပြုပါစေလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေး လေ၏။
၇ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရိမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ ဟာဂရကို တွေ့လျှင်၊
၈ စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့သွားမည်နည်းဟု မေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။
၉ ထာဝရဘုရား၏ ကောင်းကင် တမန်ကလည်း၊ သင်၏ သခင်မထံသို့ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟုမိန့်တော်ရှိ၏။
၁၀ တဖန်ထာဝရ ဘုရား၏ ကောင်းကင်တမန်က၊ သင်၏အမျိုးအနွှယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန်များပြားစေမည် ဟူ၍၎င်း၊
၁၁ သင်သည်ကိုယ်ဝန်ဆောင်သည် ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည်သင်၏ဆင်းရဲဒုက္ခကို ကြားသိတော် မူပြီ။
၁၂ သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။  မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
၁၃ ထိုသို့မိန့်မြွက်တော် မူသော ထာဝရဘုရားကို၊ အာတောဧလရောဟူသော အမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည် တကားဟု ဟာဂရဆိုလေ၏။
၁၄ ထိုအကြောင်းကို အစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏ စပ်ကြားမှာ ရှိသတည်း။




ဆာလံကျမ်း အခန်းကြီး ၁၀၆ (Ps 106:1-5);

၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ 
၂ ထာဝရဘုရား၏ တန်ခိုးကြီးခြင်း၊ အရာတော်တို့ကို အဘယ်သူပြောနိုင်သ နည်း။ ဂုဏ်ကျေး ဇူးတော်တို့ကို အဘယ် သူသည်အကုန်အစင်ဘော်ပြနိုင်သနည်း။ 
၃ ခပ်သိမ်းသော အခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာကျင့်သော  သူတို့သည် မင်္ဂလာရှိကြ၏။
၎-၅ အိုထာဝရဘုရား၊ အကျွန်ုပ်သည်ရွေးကောက်တော်မူသော သူတို့၏ ကောင်းကျိုးကို မြင်စေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သော သူတို့နှင့် အတူဝါကြွား ရွှင်လန်းစေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူတို့ခံရသော စေတနာတော်နှင့်တကွ ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို အကြည့်အရှု ကြွလာ၍ ကယ်တင်တော်မူပါ။
၆ အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရား သောအမှုကို ပြုကြပါပြီ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);

၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။ 

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:21-29);

၂၁ သခင်၊ သခင် ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။
၂၂ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကိုနှင် ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့ သည်လျှောက်ကြလိမ့်မည်။
၂၃ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အားအတည့် အလင်းငါပြောမည်။
၂၄ အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏၊ ထိုသူသည်ကျောက်ပေါ်မှာ အိမ် ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။
၂၅ မိုဃ်းရွာ၍ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။
၂၆ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည် သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
၂၇ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သောအခါ ကြီးစွာသောပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။
၂၈ ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည်အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော် မူခြင်းကို အလွန်အံ့သြကြ၏။
၂၉ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူဆုံးမသြ ဝါဒပေးတော်မူ၏။