Sun
the 28th: Psalter I, Ordinary Time Week 13.
(Memorial of Irenaeus, bishop
and martyr.)
Vigil of Solemnity of
Peter and Paul, apostles.
Wis 1:13-15, 2:23-24; Ps 30:1-13; 2
Cor 8:7-15; Mark 5:21-43
Vigil Readings: Acts 3:1-10; Ps
19:1-5; Gal 1:11-20; John 21:15-19
ပညာပါရမီကျမ်း အခန်းကြီး (၁) (Wis 1:13-15, 2:23-24)း
၁၃။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် သေခြင်းတရားကို ဖန်ဆင်းသည် မဟုတ်။ အသက်ရှင်သောသူတို့၏ပျက်စီးခြင်းတွင်ကိုယ်တော်သည်ဝမ်းမြောက်ပျော်ရွှင်ခြင်းရှိတော်မမူချေ။
၁၄။အကြောင်းမူကား၊ ကိုယ်တော်သည်အရာအားလုံးကို ဖန်ဆင်းတော်မူ၍ အသက်ရှင်စေရန် ရည်ရွယ်တော်မူ၏။သူတို့တွင်သေစေနိုင်သောအဆိပ်အတောက်မရှိ၊ငရဲပြည်သည်လည်းကမ္ဘာမြေကြီးကိုမလွှမ်းမိုးနိုင်ရာ။
၁၅။အကြောင်းမူကား၊ ဖြောင့်မတ်ခြင်းသည်သေနိုင်သော အရာမဟုတ်။
၂၃။ဆုလာဘ်ကိုလည်းသူတို့အထင်မကြီးကြချေ။အမှန်စင်စစ်ကား၊ဘုရားသခင်သည်လူကိုမပျက်စီးမယိုယွင်းနိုင်ရန်ဖန်ဆင်းတော်မူခဲ့၏။ကိုယ်တော်သည်မိမိ၏ဇာတိပကတိရွှေပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းတော်မူခဲ့၏။
၂၄။သို့ရာတွင် နတ်ဆိုး၏ မနာလို ၀န်တိုမှုကြောင့်သေခြင်းတရားသည်ကမ္ဘာလောကကီးထဲသို့ဝင်ရောက်လာခဲ့၏။
၂၅။ နတ်ဆိုးဘက်တော် သားများသည်ထိုသေခြင်းတရားကိုခံစားကြကုန်၏။
ဆာလံကျမ်း အခန်းကြီး ၃၁(Ps 30:1-13);
၁ အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော။ တရားတော် နှင့်အညီ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
၂ အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန် ကယ်နှုတ်တော်မူ ပါ။ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ကျောက်၊ အကျွန်ုပ်လုံခြုံရာ ရဲတိုက် ဖြစ်တော်မူပါ။
၃ အကယ်စင်စစ် အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ ပြင် တော်မူပါ။
၎ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် အဘို့ဝှက်ထား သောကျော့ကွင်းထဲက အကျွန်ုပ်ကိုနှုတ်ယူ တော်မူပါ။
၅ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏၊၊
၆ မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏၊၊
၇ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်း ခြင်းရှိပါလိမ့်မည်၊၊ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏၊၊
၈ အကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသော အရပ်၌ နေရာချတော်မူ၏၊၊
၉ အိုထာဝရဘုရား အကျွန်ုပ်၌ အမှုရောက်ပါပြီ၊၊ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ၊၊ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ၊၊
၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏၊ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏၊ ကိုယ့်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍ ရန်သူများသောကြောင့် အရိုး တို့သည် ဆွေးမြေ့ကြပါ၏၊၊
၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ကဲ့ရဲ့ကြပါ၏၊၊ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံ့ကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏၊၊
၁၂ မ အောက်မေ့သော အသေကောင်ကဲ့သို့ အကျွန်ုပ်ကို မေ့လျော့ကြပါ၏၊၊ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏၊၊
၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏၊၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများ တို့သည် အချင်းချင်း သင်းဖွဲ့လျက် အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏၊၊
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2
Cor 8:7-15);
၇ ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဥာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့်ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှစသောအလုံးစုံတို့နှင့် ကြွယ်ဝ ပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်းဖြစ်စေသတည်း။
၈ ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည်မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည်မှန်သည် မမှန်သည်ကိုစုံးစမ်းသော အားဖြင့်ဆိုသတည်း။
၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
၁၀ ဤအမှု၌ ငါသည်ကိုယ်သဘောကိုပြု၏။ မနှစ်ကပင်အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသော သင်တို့သည်ဤအမှုကိုပြီးစီးစေလျှင် သာ၍ကောင်းလိမ့်မည်။
၁၁ သို့ဖြစ်၍၊ အထက်ကစေတနာစိတ်ရှိသည်နှင့် အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည် အတိုင်းပြု၍ ဤအမှုကိုပြီးစီးစေကြလော့။
၁၂ အကြောင်းမူကား၊ စေတနာစိတ် သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ် ဖြစ်၏။
၁၃ ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည် ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည်မဟုတ်။
၁၄-၁၅ များများရသောသူမပို။ နည်းနည်းရသောသူမလို ဟူသောကျမ်းစကားနှင့် အညီ၊ မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏စည်းစိမ်သည် သူတို့၏ ဆင်းရဲကိုမစသဖြင့်င်း၊ နောင်၌သူတို့၏ စည်းစိမ်သည် သင်တို့၏ ဆင်းရဲကို မစသဖြင့်င်း၊ အညီအမျှဖြစ်စေခြင်းငှါငါအကြံရှိ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၅ (Mark
5:21-43);
၂၁ ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။
၂၂ ထိုအခါ ယာဣရု အမည်ရှိသော တရားစရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးငယ်သေလုပါပြီ။
၂၃ သို့သော်လည်း ကိုယ်တော်သည် ကြွ၍ သူ့ကိုကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။
၂၄ ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုခြံရံလျက် ထိခိုက် တိုက်မိကြ၏။
၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊
၂၆ များစွာသောဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသောမိန်းမတယောက်သည်၊
၂၇ ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊
၂၈ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့လာ၍ အဝတ်တော်ကို တို့လေ၏။
၂၉ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခမ်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌ သိလေ၏။
၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင်၊ လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူ တို့သနည်းဟု မေးတော်မူ၏။
၃၁ တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အားထိခိုက် ကြသည်ကို မြင်လျက်ပင်၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြ သော်လည်း၊
၃၂ ကိုယ်တော်သည် ထိုသို့ပြုသောသူကိုမြင်ခြင်းငှါ ပတ်လည်သို့ကြည်ရှုတော်မူ၏။
၃၃ ထိုမိန်းမသည် ကိုယ်၌ အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့လာပြီးလျှင်၊ ပြပ်ဝပ်၍ အထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။
၃၄ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့်ကင်းလွတ်စေဟု မိန့်တော်မူ၏။
၃၅ ထိုသို့မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကိုနှောင့်ရှက်သေးသနည်း ဟု ဆိုကြ၏။
၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရားစရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။
၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်မှတပါး အဘယ်သူကိုမျှမလိုက်စေဘဲ၊
၃၈ တရားစရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကို၎င်း၊ အလွန်ငိုကြွေးမြည်တမ်းသောသူတို့ကို၎င်း၊ မြင်တော်မူလျှင်၊
၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည် ဟု မိန့်တော်မူသော်၊
၄၀ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့် ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ်လျောင်းရာအရပ်သို့ဝင်၍၊
၄၁ သူငယ်၏ လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ် ထလော့ငါဆို၏ဟု ဆိုလိုသတည်း။
၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည်ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။
၄၃ ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည် အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
Vigil Readings:
တမန်တော်ဝတ္ထု အခန်းကြီး ၃(Acts 3:1-10);
၁ ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
၂ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
၃ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။
၎ ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊
၅ ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
၆ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊
၇ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊
၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
၉ ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊
၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊
၁၁ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၉(Ps 19:1-5);
၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
၂ တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
၃ နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
၎ သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။
၆ မိုဃ်းကောင်းကင် တစွန်းမှထွက်လာ၍ တစွန်းတိုင်အောင်လှည့်ပတ် သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သော အရာတစုံတခုမျှမရှိ။
ဂလာတိသြဝါဒစာ အခန်းကြီး ၁ (Gal 1:11-20);
၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂ လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
၁၃ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌ နေ၍ ငါကျင့်သောအကျင့်တည်း ဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
၁၄ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုင်း သင်တို့ကြားသိရကြပြီ။
၁၅ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲ ကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၆ သားတော်၏ ဧဝံဂေလိတရား ကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အား ပြတော်မူ သောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊
၁၇ ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။
၁၈ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။
၁၉ သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသောတမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။
၂၀ ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင့်ရှေ့တော်၌ ငါဆို၏။
၂၁ ထိုနောက် ရှုရိပြည်၊ ကိလိကိ ပြည်သို့ ငါသွား၍၊
၂၂ ယုဒပြည်၌ ခရစ်တော်၏ဘာသာကို ခံယူသောသင်းဝင်တို့သည် ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍၊
၂၃ ငါတို့ကို ညှဉ်းဆဲဘူးသောသူသည် အထက်ကမိမိဖျက်ဆီးသော ယုံကြည်ခြင်း တရားကို ယခုမိမိဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့်၊
၂၄ ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၁ (John
21:15-19);
၁၅ နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
၁၆ တဖန် ယေရှုက၊ ယောန၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏သိုးတို့ကိုထိမ်းလော့ဟု မိန့်တော်မူ၏။
၁၇ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ် သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရု အားမိန့်တော်မူပြန်၏။