Tuesday, 16 June 2015

16-JUN-2015-(READING)

Tue the 16th:    2 Cor 8:1-9; Ps 146:2-9; John 13:34; Matt 5:43-48   

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:1-9);

၁ ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။
၂ ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအား ဖြင့် များစွာသောစုံးစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသောဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်း အကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်းစည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။
၃ အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအလျောက်စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။
၎ သူတို့အလှူဒါနကိုငါတို့သည် ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှင်းသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့် ငါတို့ကိုတောင်းပန်ကြ၏။
၅ ထိုသို့ပြု ကြသော်၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီရှေ့ဦးစွာ သခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကိုမိမိတို့လှူကြ၏။
၆ ထိုကြောင့်၊ တိတုသည် သင်တို့၌အဦးပြုနှင့် သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကို တောင်းပန်ကြ၏။
၇ ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဥာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့်ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှစသောအလုံးစုံတို့နှင့် ကြွယ်ဝ ပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်းဖြစ်စေသတည်း။
၈ ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည်မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည်မှန်သည် မမှန်သည်ကိုစုံးစမ်းသော အားဖြင့်ဆိုသတည်း။
၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:2-9);

၂ ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကို ချီးမွမ်းမည်၊၊ ငါဖြစ်စဉ်ကာ လပတ်လုံး ငါ၏ ဘုရားသခင်ကို ထောမနာ သီချင်းဆိုမည်၊၊
၃ မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစား ကြနှင့်၊၊
၎ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏၊၊ ထိုနေ့ခြင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏၊
၅ ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂ လာရှိ၏၊၊
၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
၇ ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
၈ ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);

၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:43-48);

၄၃ ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့။ ရန်သူကိုမုန်းလော့ ဟူသောပညတ်စကားကိုသင်တို့ကြား ရပြီ။
၄၄ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှါ၊ သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုနှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကိုဆုတောင်းကြလော့။
၄၅ အကြောင်း မူကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်၊ ကောင်းသောသူ မကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုဃ်းကိုရွာစေတော်မူ၏။
၄၆ သင်တို့ကိုချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှ လောက်ပြုကြသည်မဟုတ်လော။
၄၇ အဆွေအမျိုး တို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထိုအတူပြုကြသည် မဟုတ်လော။
၄၈ ထိုကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။