Monday, 1 June 2015

1-JUN-2015-(READING)

Mon the 1st:        Memorial of Justin, martyr.
Tob 1:3;2:1-8; Ps 112:1-6; Rev 1:5; Mark 12:1-12

တိုဘိဝတ္ထု  အခဏ်းကြီး (၁) (Tob 1:3;2:1-8)း

၃။ငါတိုဘိသည် အမှန်တရားနှင့်ဖြောင့်မတ်ခြင်းကိုဘ၀ တလျှောက်လုံး လိုက်နာကျင့်သုံးခဲ့ပါ၏။ အာဆီးရိ ယပြည်နယ် နီနေဝေûမိ့တွင်ငါနှင့်အတူသုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသော ငါ့နိုင်ငံသားများနှင့် ဆွေမျိုးသား ချင်းတို့အတွက် ငါသည်ကရုဏာလုပ်ငန်းများနှင့်ပေး ကမ်းစွန့်ကြဲခြင်းများစွာ လုပ်ဆောင်ခဲ့ပါ၏။
၁။ဘုရင်ဧဆာဟာဒွန် လက်ထက်တွင် ငါ့အိမ်သို့ ပြန် လာရသောအခါငါ့ဇနီးအန္နာနှင့်ငါ့သားတိုဘိယတို့ကို ပြန်လည်ဆုံတွေ့ရ၏။ ဥပုသ်ခုနစ်ပတ်အပြီး ကျင်းပ သောပင်တေကော့ပွဲတော်နေ့မှာသူတို့သည်ငါ့အတွက် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ထားသဖြင့် ငါသည် လည်းစားပွဲ၌ ထိုင်လိုက်လေ၏။
၂။များပြားလှသောစားသောက်ဖွယ်ရာများကိုငါမြင်လျှင် ငါ့သားတိုဘိယကိုခေါ်၍ ချစ်သား၊သွားလော့နီနေဝေ ûမိ့မှာသုံ့ပန်းအဖြစ်ရောက်နေကြသူများထဲမှငါ၏ဆွေမျိုးသားချင်းဆင်းရဲဒုက္ခရောက်သူများကိုရှာဖွေလော့။ အကြင်သူသည်စိတ်နှလုံး၌ဘုရားသခင်ကိုအောက်မေ့ သတိရသူဖြစ်လျှင်သူ့ကိုခေါ်ဆောင်ခဲ့၍ညစာကိုငါနှင့် အတူ စားသောက်စေအံ့၊ ချစ်သား၊ သင်ပြန်လာသည့် တိုင်အောင် သင့်ကို ငါစောင့်မည်ဟုမှာလိုက်လေ၏။
၃။တိုဘိယသည်လည်းငါတို့လူမျိုးဆင်းရဲသားများကိုရှာဖွေရန်ထွက်သွားလေ၏။သူပြန်လာသောအခါငါ့အား အဘဟုခေါ်လျှင် ငါက ငါ့သား အဘယ်အကြောင်းရှိ သနည်းဟု မေးသော် သူကအဘကျွန်တော်တို့လူမျိုး တစ်ယောက်သည်အသတ်ခံခဲ့ရပြီးသူ၏အလောင်းသည်ဈေးအလယ်မှာလဲကျနေပါသည်။သူသည်မကြာသေးမီမှ လည်မျိုကိုညှစ်သတ်ခံခဲ့ရပါသည်ဟု ဆို လျှင်။
၎။ငါသည် ချက်ခြင်းထလျက် ညစာကို မစားသေးဘဲ အလျင်အမြန်သွားပြီး၊ လူသေကိုလမ်းပေါ်မှသယ်လာ ၍ သူ့ကို သင်္ဂြိုဟ်မည့် နေ၀င်ချိန်တိုင်အောင် အခန်း တစ်ခုထဲမှာထားခဲ့၏။
၅။ထို့နောက် ငါသည်အိမ်သို့ပြန် လာ၍ ကိုယ့်ကိုယ်ကို ဆေးကြောသန့်စင်လျက် ၀မ်း နည်းကြေကွဲစွာဖြင့် ညနေစာကို စားခဲ့ရ၏။
၆။ငါသည် ပရောဖက်အာမော့က ဘီသယ်လ်ûမိ့ကိုကျိန်ဆို၍ပြော သည့် စကားများဖြစ်သော သင်၏ ပွဲတော်တို့သည် ငိုကြေးပွဲ ဖြစ်လာလိမ့်မည်။û သင်သီဆိုသော သီချင်း များသည်လည်း ညည်းတွား ၀မ်းနည်းခြင်းများ ဖြစ် လိမ့်မည်ဟူသော စာပိုဒ်ကို ပြန်လည် သတိရမိလျက် ငါငိုကြေးခဲ့ရ၏။
၇။နေ၀င်ပြီးသော် ငါသည် သွား၍ သင်္ချိုင်းတွင်းကို တူးလျက် လူသေကို မြှုပ်နှံခဲ့၏။
၈။ငါ၏အိမ်နီးနားချင်းများကသူသည်ဤသို့လုပ်ဆောင် ခြင်းအတွက် အသတ်ခံရမည်ကို မကြောက်ရွံ့တော့ ပါတကား၊ ဤအတွက် သူထွက်ပြေးခဲ့ရသည်မဟုတ် လော့၊ ကြည့်လော့၊ ယခုသူသည် လူသေကောင်ကို နောက်ထပ် မြှုပ်နှံနေပါတကားဟူ၍ ငါ့အား ပြောင် လှောင်သရော်ကြ၏။


ဆာလံကျမ်း အခန်းကြီး ၁၁၂(Ps 112:1-6);

၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
၎ သဘောဖြောင့်သော  သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊

ဗျာဒိတ်ကျမ်း အခန်းကြီး ၁ (Rev 1:5);

၅ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
၆ မိမိခမည်းတော်ဘုရား သခင့်ရှေ့၌ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်အသရေ၊ အစွမ်းသတ္တိရှိတော်မူစေ သတည်း။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:1-12);

၁ ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူ တို့အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့သွားလေ၏။
၂ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကိုစေလွှတ်လေ၏။
၃ ထိုသူတို့သည် ငယ်သားကိုဘမ်းဆီး ၍ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။
၎ နောက်တဖန် အခြားသောငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှလွှတ်လိုက်ကြ၏။
၅ အခြားသောငယ် သားကိုစေလွှတ်ပြန်လျှင် သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားတို့တွင် အချို့တို့ကိုရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။
၆ ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၏ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌စေလွှတ်လေ၏။
၇ ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့သူ၏အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊
၈ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ သတ်၍ဥယျာဉ်ပြင်သို့ထုတ်ပစ်ကြ၏။
၉ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသော သူတို့အား ပေးလိမ့်မည်။
၁၀ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက် ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။
၁၁ ငါတို့မျက်မှောက်၌ လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် မဘတ် ဘူးသလောဟု မိန့်တော်မူ၏။
၁၂ ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူ သည်ကိုသိသော ကြောင့်၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှထွက်သွားကြ၏။