Mon the 8th: 2 Cor 1:1-7; Ps 34:1-9; Matt 5:12; Matt 5:1-12
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Cor 1:1-7);
၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ကောရိ န္တု မြို့၌ရှိသောဘုရားသခင်၏ အသင်းတော်မှစ၍၊ အခါယပြည်အရပ်ရပ်တို့၌ ရှိသော သန့်ရှင်းသူအပေါင်း တို့ကို ကြားလိုက်ပါ၏။
၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
၃ သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၎ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။
၅ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော် ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည်နည်းတူ၊ ခရစ်တော်၏ ကျေးဇူးအားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။
၆ သို့ဖြစ်၍ ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်းသို့ရောက် သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်းအကျိုး အလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုကိုခံရသကဲ့သို့ သင်တို့သည်သည်းခံသောစိတ်နှင့် ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
၇ သင်တို့အတွက် ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ ဟု ငါတိုသည်သိကြ၏။
ဆာလံကျမ်း အခန်းကြီး ၃၄ (Ps 34:1-9);
၁ ဒါဝိဒ်သည်အဘိမလက်မင်း ရှေ့မှာထူခြားသော အခြင်းအရာကို ပြုသဖြင့်နှင်ထုတ် ခြင်းကိုခံရ၍ထွက်သွားသောအခါ စပ်ဆိုသောဆာလံ၊၊ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။
၂ ငါ့ဝိညာဉ် သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။
၃ ငါ့နှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်းချီး မြှောက်ကြကုန်အံ့။
၎ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက် မက်ဖွယ်သော အကြောင်းအလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။
၅ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၆ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။
၇ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
၈ ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။
၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:12);
၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကိုထိုနည်းတူ ညှင်းဆဲကြပြီ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅(Matt 5:1-12);
၁ ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော် တို့သည်ကိုယ်တော်ရင်းသို့ချဉ်းကပ်ကြ၏။
၂ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမသြဝါဒပေးတော် မူသည်မှာ၊
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
၎ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်သက်သာခြင်းသို့ရောက်ကြလတံ့၊
၅ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။
၆ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့။
၇ သနားစုံမက်တတ် သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည်သနားစုံမက်ခြင်းကို ခံရကြလတံ့။
၈ စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။
၉ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၁၁ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကိုထိုနည်းတူ ညှင်းဆဲကြပြီ။