Mon the 22nd: Optional memorial of Paulinus of Nola, bishop; John Fisher, bishop and martyr; Thomas More, martyr.
Gen 12:1-9; Ps 33:12-22; Heb 4:12; Matt 7:1-5
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၂ (Gen 12:1-9);
၁ ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါင်းဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။
၂ ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကိုကြီးမြတ်စေမည်။ သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။
၃ သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသော သူကိုငါကျိန်ဆဲမည်။ သင်အားဖြင့် လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၎ ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွား သောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
၅ အာဗြံသည် မယားစာရဲ၊ အစ်ကိုသား လောတနှင့် ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို၎င်း ယူပြီးလျှင်၊ ခါနာန်ပြည် သို့ရောက်ခြင်းငှါ ထွက်သွား ၍၊ ထိုပြည်သို့ရောက်ကြ၏။
၆ အာဗြံသည် ထိုပြည်ကိုရှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန် အမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏။
၇ ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကိုသင်၏ အမျိုးအနွှယ် အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။
၈ ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့ အရှေ့၌ရှိသော တောင်သို့ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဘို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။
၉ အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။
၁၀ ထိုနောက်၊ ခါနာန်ပြည်၌အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံ သည် အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါ သွားလေ၏။
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:12-22);
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရ ဘုရားကို မြော်လင့်လျက်နေ၏၊၊ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏၊၊
၂၁ သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);
၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇(Matt 7:1-5);
၁ သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ် ခြင်းကိုမပြုကြနှင့်။
၂ သင်တို့သည် အကြင်တရားအတိုင်းသူတပါးကိုစီရင်ကြ၏၊ ထိုတရား အတိုင်းစီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
၃ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုအဘယ်ကြောင့်ကြည့်ရှုသနည်း။
၎ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအားသင်၏ မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟုအဘယ်သို့ဆိုသနည်း။
၅ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။