Sat the 20th: Memorial of Bernard, abbot and doctor.
Ezek 43:1-7; Ps 85:9-14; Matt 23:1-12
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၄၃( Ezek 43:1-7);
၁ ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တခါးဝသို့တဖန်ခေါ်သွား၏။ ဣသရေလအမျိုး၏ ဘုရား သခင့် ဘုန်းတော်သည် အရှေ့မျက်နှာမှ လာ၍၊ အသံသည်သမုဒရာကဲ့သို့ ဖြစ်၏။
၂ ရောင်ခြည်တော်အားဖြင့် မြေတပြင် လုံးလင်း၏။
၃ ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်းငှါ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့် တူ၏။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာငါမြင်ဘူးသော အရာများကဲ့သို့ ဖြစ်၍ ငါသည်ပြပ်ဝပ်လျက်နေ၏။
၎ ထာဝရဘုရား ၏ ဘုန်းတော်သည် အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ဝင်တော်မူ၏။
၅ ထိုအခါ ဝိညာဉ် တော်သည် ငါ့ကိုချီလျက် အတွင်းတန်တိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ၏။
၆ အရင်လူသည် ငါ့အနားမှာ ရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အားမိန့်တော်မူသော အသံကိုငါကြား သည်ကား၊
၇ အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာအရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလ အမျိုးသားတို့သည် အစဉ်အမြဲ ငါ့နေရာအရပ်ဖြစ်၏။ ဣသရေရှင်ဘုရင်များနှင့် အမျိုးသားများတို့တွင် မှားယွင်းခြင်း အားဖြင့်င်း၊ ရှင်ဘုရင်၏ အသေကောင်အားဖြင့်င်း၊ မြင့်ရာအရပ်တို့ ၌ ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-14);
၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၃ (Matt 23:1-12);
၁ ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့်လူအပေါင်းတို့အားဟောပြောတော်မူသည်ကား၊
၂ ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည်မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။
၃ ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့ သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင် မကျင့်ကြ။
၎ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏၊ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
၅ သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သောလက်ဖွဲ့တို့ကိုင်း၊ ကြီးသောပန်းပွားတို့ကိုင်း ဝတ်လေ့ရှိကြ၏။
၆ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ် သော နေရာထိုင်ရာကို၎င်း၊
၇ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရားအရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ်သက်ကြ၏။
၈ သင်တို့မူကား အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသောသင်တို့ ဥပဇ္ဈယ်ဆရာ တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။
၉ မြေကြီးပေါ်မှာအဘယ် သူကိုမျှ အဘဟူ၍မခေါ် ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တပါးတည်းရှိတော်မူ၏။
၁၀ ဥပဇ္ဈယ် ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈယ် ဆရာတပါးတည်းရှိ၏။
၁၁ သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့ အစေခံဖြစ်ရ၏။
၁၂ အကြင်သူသည် မိမိကိုမြှောက်အံ့၊ ထိုသူသည် နှိမ်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ်ချအံ့၊ ထိုသူသည် မြှောက်ခြင်းသို့ ရောက်လတံ့။