Sun the 21st: Psalter I, Ordinary Time Week 21.
(Memorial of Pius X, pope.)
Isa 66:18-21; Ps 117:1-2; Heb 12:5-13; John 14:6; Luke 13:22-30
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၆ ( Isa 66:18-21);
၁၈ အချိန်တန်မှ ဘာသာစကားခြားနားသောလူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်၊၊
၁၉ ထိုသူတို့တွင် အလံကို ငါထူမည်၊၊ ဘေးလွတ်သော သူတို့ကို တာရှုပြည်၊ ဖုလပြည် လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏ နာမကိုမကြား၊ ငါ၏ ဘုန်းကိုမမြင်၊ ဝေးစွာသောတကျွန်းနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါးအမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြော ကြလိမ့်မည်၊၊
၂၀ ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလားစသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအား ပူဇော်ဘို့ရာ၊ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏ သန့်ရှင်းသော တောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊
၂၁ ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရော ဟိတ်အရာနှင့် လေဝိလူအရာ၌ ခန့်ထားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏၊၊
ဆာလံကျမ်း အခန်းကြီး ၁၁၇ (Ps 117:1-2);
၁ လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့၊၊ လူအနွယ်အပေါင်းတို့ အလွန်ချီးမွမ်းကြလော့၊၊
၂ အကြောင်းမူကား ၊ ငါတို့၌ ကရုဏာတော်ကြီးလှ၏၊၊ ထာဝရဘုရား၏ သစ္စာတော်သည် အစဉ်အမြဲတည်၏။ ဟာလေလုယ။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၂ (Heb 12:5-13);
၅ ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်နှင့်။
၆ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော သြဝါဒစကားကို မေ့လျော့ကြသလော။
၇ သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။
၈ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားအရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။
၉ တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။
၁၀ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိ သန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။
၁၁ ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်း ကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်သက်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။
၁၂ ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။
၁၃ ခြေမစွမ်းသောသူ တို့သည် အဆစ်မပြုတ်သည်သာမက ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြ လော့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);
၁၆ ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ် ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:22-30);
၂၂ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမသြဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏၊
၂၃ လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊
၂၄ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအား ထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြ ဟုငါဆို၏။
၂၅ အိမ်ရှင်သည် တခါထ၍ တံခါးကိုပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အား ဖွင့်ပါဟုတောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။
၂၆ ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသောမြို့ရွာ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူပြီဟု လျှောက်ပြန် သော်လည်း၊
၂၇ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟုငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှဖယ်သွားကြဟု ပြောလိမ့်မည်။
၂၈ ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။
၂၉ ထိုအခါ အရှေ့နောက်တောင် မြောက် အရပ်လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံထဲတွင် လျောင်းရကြလတံ့။
၃၀ နောက်ကျသော သူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျကြလိမ့် မည်ဟု မိန့်တော်မူ၏။