Tue the 30th: 1 Cor 2:10-16; Ps 145:8-14; Luke 7:16; Luke 4:31-37
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၂ ( 1 Cor 2:10-16);
၁၀ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြ တော်မူ၏။ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။
၁၁ လူ၏နက်နဲသောအရာကိုလူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါးအဘယ်သူသိသနည်း။ ထိုနည်းတူဘုရား သခင်၏နက်နဲ သောအရာကိုဘုရားသခင်၏ ဝိညာဉ်တော်မှတပါးအဘယ်သူမျှမသိ။
၁၂ ငါတို့သည် လောကီဝိညာဉ် ကိုမခံရကြ။ ဘုရားသခင်ပေးတော်မူသောအရာတို့ကိုသိခြင်းအလိုငှါဘုရားသခင့်ထံမှ ကြွလာသောဝိညာဉ်ကို ခံရကြပြီ။
၁၃ ဘုရားသခင်ပေးတော်မူသော အရာတို့ကိုငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသောဝိညာဉ်တော်သည် ဝိညာဉ်နှင့်စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့်ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။
၁၄ ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အား ဖြင့်သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။
၁၅ ထိုလူကိုသွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကိုသိသနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။
၁၆ ထိုလူကိုသွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကိုသိသနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:8-14);
၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏၊၊
၁၄ နှိမ့်ချသော သူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၄ (Luke 4:31-37);
၃၁ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမသြဝါဒပေးတော်မူ၏။
၃၂ အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကို အလွန်အံ့သြကြ၏။
၃၃ ထိုတရားစရပ်၌ ညစ်ညူးသောနတ်ဆိုးစွဲသော သူတယောက်ရှိ၍၊
၃၄ သြော်နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ကြီးသော အသံနှင့် ဟစ်ကြော်လေ၏။
၃၅ ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူများအလယ်၌ လဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
၃၆ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့်မှာထား၍ သူတို့သည် ထွက်သွားကြ သည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။
၃၇ သိတင်းတော်သည်လည်း ပတ်ဝန်းကျင် အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။