Tuesday, 11 October 2016

11-OCT-2016 (READING ORD28 -YC-C2)

Tue the 11th: Gal 5:1-6; Ps 119:41-48; Heb 4:12; Luke 11:37-41

ဂလာတိသြဝါဒစာ အခန်းကြီး ၅ (Gal 5:1-6);

၁ ထိုကြောင့်ခရစ်တော်သည်ငါတို့ကိုလွှတ်တော်မူသောလွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာထမ်းဘိုး ကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။
၂ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့်အဘယ် အကျိုးကိုမျှ မရနိုင်ကြ။
၃ အရေဖျားလှီးခြင်းကိုခံသောသူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကိုအကြွင်းမဲ့ ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။
၎ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော်နှင့် ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။
၅ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့် သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။
၆ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:41-48);

၄၁ အို ထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာ တော်တည်း ဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော၊
၄၂ ထိုသို့အကျွန်ုပ် သည် နှုတ်ကပတ် တ်ာကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲ့သောသူ၏ စကားကို ချေစရာ အကြောင်းရှိပါလိမ်မည်၊၊
၄၃ စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော် မမူပါနှင့်၊၊
၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်၊၊
၄၅ ပေးတော်မူသော သြဝါဒများကို အကျွန်ုပ် ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏၊၊
၄၆ သက်သေခံတော်မူချက်တို့ကို မင်းများ ထံမှာ ပြန် ပြော၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၄၇ အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွေ့လျော်ပါမည်၊၊
၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကို ချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ ပါမည်။

ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:37-41);

၃၇ ထိုသို့မိန့်တော်မူစဉ်တွင် ဖာရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော် ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။
၃၈ အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ထိုဖာရိရှဲ သည်မြင်လျှင် အံ့သြလေ၏။
၃၉ သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ဆေး ကြောကြ၏။ အတွင်း၌ကားလုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။
၄၀ လူမိုက်တို့၊  အပြင်ကိုဖန်ဆင်း သောသူသည် အတွင်းကိုလည်းဖန်ဆင်းတော်မူသည် မဟုတ်လော။
၄၁ သာ၍ကောင်းသော နည်းမူကား၊ တတ်နိုင်သမျှ အတိုင်း ဆင်းရဲသားတို့အား စွန်ကြဲကြ လော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အား သန့်ရှင်းကြလိမ့်မည်။