Mon the 31st: Vigil of Solemnity of All Saints.
Phil 2:1-4; Ps 131:1-3; John 8:31-32; Luke 14:12-14
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ ( Phil 2:1-4);
၁ ထိုကြောင့် ခရစ်တော်၌ သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင်၊
၂ သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့် တကွ၊ သဘောတညီတညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။
၃ ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မျှမပြုကြနှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။
၎ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။
ဆာလံကျမ်း အခန်းကြီး ၁၃၁ (Ps 131:1-3);
၁ အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်း မမော်ပါ။ ကိုယ်နှင့်မတန်၊ကြီးမြင့်သော အမှုတို့၌ မကျင်လည်ပါ။
၂ အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့်ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ် စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ၏။
၃ ဣသရေလ အမျိုးသည် ယခုအခါမှစ၍၊ ကာလအစဉ်မပြတ် ထာဝရဘုရားကို မြော်လင့်ပါစေ။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:31-32);
၃၁ ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။
၃၂ သမ္မာတရားကို လည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်ဟု၊ ယုံကြည်သောယုဒ လူတို့အား မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄ (Luke 14:12-14);
၁၂ ကိုယ်တော်ကိုပင့်ခေါ်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ်ကျွေး သောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ်နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန်သင့်ကို ခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။
၁၃ သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဘိတ်လော့။
၁၄ ထိုသို့ ခေါ်ဘိတ်လျှင်၊ မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍၊ ဖြောင့်မတ်သော သူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ဟု မိန့်တော်မူ၏။