Fri the 21st: Eph 4:1-6; Ps 24:1-6; Matt 11:25; Luke 12:54-59
ဧဖက်သြဝါဒစာ အခန်းကြီး ၄ ( Eph 4:1-6);
၁ ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသောငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
၂ အရာရာ၌ စိတနှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကိုတယောက် သည်းခံခြင်းရှိကြ၍၊
၃ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘော မခြားမနား တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။
၎ သင်တို့ကို ခေါ်တော်မူခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့ ခေါ်သွင်းတော်မူသည် နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ် တည်းရှိ၏။
၅ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံ တပါး၊
၆ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏ အပေါ်မှာ ရှိတော်မူ၏။ ခပ်သိမ်းသောငါတို့ကို နှံ့ပြားစေတော်မူ၏။ ခပ်သိမ်းသောငါတို့၏ အထဲ၌လည်း ရှိတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);
၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:54-59);
၅၄ တဖန်လူတစုအဝေးတို့အားမိန့်တော်မူသည်ကား၊ သင်တို့သည်အနောက်မျက်နှာ၌ မိုဃ်းရိပ် တက်သည် ကိုမြင်သောအခါမိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ်၏။ ဆိုသည်အတိုင်းလည်းဖြစ်တတ်၏။
၅၅ တောင်လေလာသည် ကိုမြင်သောအခါနေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်းဖြစ်တတ်၏။
၅၆ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏ မျက်နှာနှင့်မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍ မသိနိုင်ကြသနည်း။
၅၇ ထိုမှတပါး ဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့်အလိုအလျောက် ပိုင်းခြား၍မသိ ကြသနည်း။
၅၈ သင်သည် တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှါ လမ်း၌ကြိုးစားလော့။ သို့မဟုတ်တရား တွေ့ဘက်သည် တရားသူကြီးရှေ့သို့ဆွဲမည်။ တရားသူကြီးလုလင်ခေါင်း၌အပ်၍၊ လုလင်ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။
၅၉ လျော်ပြစ်ငွေရှိသမျှကိုမလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။