Wed the 5th: Gal 2:1-14; Ps 117:1-2; Rom 8:15; Luke 11:1-4
ဂလာတိသြဝါဒစာ အခန်းကြီး ၂ (Gal 2:1-14);
၁ ထိုနောက် တဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ယေရုရှလင်မြို့သို့
၂ တဖန် သွားလေ၏။ ဗျာဒိတ်တော်အတိုင်းပင် သွားသည်ဖြစ်၍၊ တပါးအမျိုးသားတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါ ငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက်ခဲ့ပြီးသောအမှုနှင့် နောက်၌ဆောင်ရွက်လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေထင်ရှားသောသူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။
၃ သို့သော်လည်း ငါနှင့်အတူပါသောဟေလသ အမျိုးတိတုကို အရေဖျားလှီးခြင်းကို မခံစေကြ။
၎ ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော လွှတ်ခြင်းအခွင့်ကို ချောင်းကြည့်၍ ငါတို့ကိုကျွန်ခံစေမည်အကြံနှင့်၊ ပရိယာယ်အားဖြင့် သူတပါးသွင်း၍ ငါတို့အထဲ သို့ဝင်သောညီအစ်ကို၏ အယောင်ကိုဆောင်သောသူတို့အကြောင်းကြောင့် ထိုသို့ပြုကြ၏။
၅ မှန်သောဧဝံဂေလိတရား သည်သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည် ထိုသူတို့စီရင်ခြင်းကို ခဏမျှဝန်မခံကြ။
၆ အသရေထင်ရှားသောသူ တို့သည် အထက်ကအဘယ်သို့သောသူ ဖြစ်ကြသည်ကို ငါမဆိုင်။ ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူတို့နှင့် ငါသည်ပေါင်းဘော်၍ ထူးခြားသော အရာကိုမခံရသည်သာမက၊
၇ အရေဖျားလှီးခြင်းကိုခံသောသူတို့တွင် ပေတရုကိုတမန်တော်ဖြစ်စေခြင်းငှါ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသား တို့တွင် ငါ့ကိုတမန်တော် ဖြစ်စေခြင်းငှါ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်း ကိုသူတို့သည် သိမြင်ကြ၍၊
၈ အမှီတကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန်တို့သည်လည်း၊ ငါရသော ကျေးဇူး တော်ကိုသိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကို ခံရသောသူတို့ဆီသို့ သွားမည် အကြောင်းနှင့်၊ ငါတို့သည် တပါးအမျိုးသားတို့ဆီ သို့သွားမည်အကြောင်း၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့် ငါ့အားပေးကြ၏။
၉ ငါတို့သည်ဆင်းရဲ သော သူများကို အောက်မေ့စေခြင်းငှါ သူတို့အလိုတခုတည်းရှိ၏။ ထိုအမှုကို ငါသည်အလိုအလျောက် ကြိုးစား အားထုတ်လေ့ရှိ၏။
၁၀ ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာအခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ဆီးတားရ၏။
၁၁ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမှီ၊ ပေတရုသည်တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့၏ မျက်နှာကို ထောက်၍ တပါးအမျိုးသားတို့နှင့် မပေါင်းဝံ့။ တယောက်တခြားစီနေ၏။
၁၂ ကြွင်းသော ယုဒလူတို့သည် ပေတရုနှင့်အတူ လျှို့ဝှက်ခြင်းအားဖြင့် ဗာနဗသည်လည်း သူတို့ဘက်သို့ပါသွား၏။
၁၃ သူတို့သည် မှန်သောဧဝံဂေလိတရားနှင့် အညီဖြောင့်မတ်စွာမကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအားငါဆိုသည်ကား၊ သင်သည်ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တပါးအမျိုး၏ ထုံးစံအတိုင်း ကျင့်လျှင်၊ တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှါ အဘယ်ကြောင့်သူတို့ကို အနိုင်အထက်ပြု သနည်း။
၁၄ လူတို့သည်ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊
၁၅ ယေရှုခရစ်ကိုယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါးအမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့် အညီပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ၊ ငါတို့ပင်ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်ရာ။
ဆာလံကျမ်း အခန်းကြီး ၁၁၇ (Ps 117:1-2);
၁ လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့၊၊ လူအနွယ်အပေါင်းတို့ အလွန်ချီးမွမ်းကြလော့၊၊
၂ အကြောင်းမူကား ၊ ငါတို့၌ ကရုဏာတော်ကြီးလှ၏၊၊ ထာဝရဘုရား၏ သစ္စာတော်သည် အစဉ်အမြဲတည်၏။ ဟာလေလုယ။
ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:15);
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁(Luke 11:1-4);
၁ တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူ၍ပြီးလျှင်၊ တပည့်တော် တယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေး သကဲ့သို့ ကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊
၂ ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွတ်ဆိုရမည်မှာ၊ ကောင်းကင် ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။
၃ အလိုတော်သည် ကောင်းကင် ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက်မွေးလောက်သော အစာကိုအကျွန်ုပ်တို့အား နေ့ရက်အစဉ်အတိုင်းပေးသနားတော်မူပါ။
၎ အကျွန်ုပ်တို့ကိုပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ် တို့သည် အကျွန်ုပ်တို့သည် လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။