Sun the 30th: Psalter III, Ordinary Time Week 31.
Wis 11:22-12:2; Ps 145:1-14; 2 Thess 1:11-2:2; John 3:16; Luke 19:1-10
ပညာပါရမီကျမ်း အခန်းကြီး (၁၁) ( Wis 11:22-12:2)း
၂၂။ ကိုယ်တော်တစ်ပါးတည်း၌သာ ကြီးမားသော အားတန်ခိုးတော် အစဉ်အမြဲရှိတော်မူ ပါ၏။ မည်သူသည် ကိုယ်တော်၏ လက်ရုံးတော်မှ အား တန်ခိုးတော်ကို ဆန့်ကျင် ခုခံနိုင်ပါမည်နည်း။
၂၃။ အကြောင်းမူကား၊ ကိုယ်တော်၏ မျက်မှောက်တော်၌ ကမ္ဘာလောက တစ်ခုလုံးသည် ချိန်ခွင်လျှာကို တိမ်း စောင်းစေသော အစေ့ငယ်လေး တစ်စေ့မျှနှင့်လည်း ကောင်း၊ နံနက်ချိန်မှာ မြေပေါ်သို့ကျသော နှင်းရည်
၂၄။တစ်စက်မျှနှင့်လည်းကောင်း တူညီပါ၏။ သို့ရာတွင် ကိုယ်တော်သည် အားလုံးပေါ်မှာသနား ကရုဏာ သက်တော်မူ၏။ အကြောင်းမူကား၊ ကိုယ်တော်သည် အားလုံးစုံကိုတတ်နိုင်တော်မူ၏။ လူတို့နောင်တရကြ ရန်အတွက် ကိုယ်တော်သည် သူတို့၏ အပြစ်များကို
၂၅။ လျစ်လျူရှုထားတော်မူ၏။ ကိုယ်တော်သည် တည်ရှိ နေသမျှ အရာသတ္တဝါ အားလုံးကိုချစ်တော်မူ၍ မိမိ ဖန်ဆင်းထားတော်မူသည့် အရာများကို မုန်းတီးခြင်း ရှိတော်မမူ။ ကိုယ်တော်သာ မုန်းတီးတော်မူပါလျှင်
၂၆။ ထိုအရာကို ဖန်ဆင်းတော်မူခဲ့လိမ့်မည်မဟုတ်။ ကိုယ် တော်သာအလိုတော်မရှိခဲ့လျှင် မည်သည့် အရာသည် တည်ရှိနိုင်မည်နည်း။ ကိုယ်တော်သာမခေါ်ခဲ့ပါလျှင် မည်သည့် အရာသည် ကြာရှည်ခံနိုင်ပါမည်နည်း။
၂၇။ ကိုယ်တော်သည် အရာအားလုံးကိုချမ်းသာပေးတော်မူ ၏။ အကြောင်းမူကား အရာအားလုံးတို့သည် ကိုယ် တော်ပိုင်ဆိုင်ရာများဖြစ်ကြပါ၏။အသက်ဝိညာဉ်များကို ချစ်တော်မူသော အိုသခင်ဘုရား။
၁။ ကိုယ်တော်၏ မသေမပျောက် မပျက်စီးနိုင်သော
ဝိညာဉ်တော်သည် အရာသတ္တဝါအားလုံး၌ တည်ရှိ
၂။ တော်မူ၏။ထို့ကြောင့် ကိုယ်တော်သည်ပြစ်မှားသူတို့ ကို တဖြည်းဖြည်းဆုံးမြုပပြင်တော်မူ၏။ သူတို့သည် အပြစ်ြုပနေကြကြောင်း ကိုယ်တော်ကသတိပေးတော် မူသဖြင့်သူတို့သည်အပြစ်မကောင်းမှုများကိုစွန့်ပစ်ပြီး ကိုယ်တော်၌ယုံကြည်လာရန်သွန်သင်ြုပပြင်တော်မူပါ သခင်ဘုရား။
ဆာလံကျမ်း အခန်းကြီး ၁၄၅(Ps 145:1-14);
၁ အကျွန်ုပ်၏ရှင်ဘုရင် အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်ကို မြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊
၂ ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်၊၊ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်၊၊
၃ ထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော် မူခြင်းကိုစစ်၍မကုန်နိုင်၊၊
၎ အမှုတော်တို့ကို လူမျိုးအဆက်ဆက် တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါ လိမ့်မည်၊၊
၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော် တို့ကို၎င်း မြွက်ဆိုပါ ၏၊၊
၆ သူတို့သည်ကြောက်မက်ဘွယ်သော အမှုတို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူ ခြင်း အကြောင်းကို ကြားပြောပါမည်၊၊
၇ သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်း အရာကိုရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊
၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏၊၊
၁၄ နှိမ့်ချသော သူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Thess 1:11-2:2);
၁၁-၁၂ ထိုကြောင့်၊ ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျေးဇူးတော်အတိုင်း၊ ထိုသခင်၏နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ၎င်း၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ၎င်း၊ သင်တို့ သည် ခေါ်တော်မူခြင်းကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ်တော်မူခြင်း၏ စေတနာအပေါင်း နှင့် သင်တို့၏ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့်ပြည့်စုံစေတော်မူမည်အကြောင်း၊ ငါတို့သည် သင်တို့အဘို့ အစဉ် ဆုတောင်းပဋ္ဌနာပြုကြ၏။
၁-၂ ညီအစ်ကိုတို့၊ ငါတို့သခင် ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည် အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင်တဆောမပြု မည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:16);
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉(Luke 19:1-10);
၁ ယေရှုသည် ယေရိခေါမြို့သို့ဝင်၍ ရှောက်သွားတော်မူ၏။
၂ ထိုအခါ ဇက္ခဲ အမည်ရှိသောအခွန်ခေါင်း တယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။
၃ ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍မမြင်နိုင်။
၎ ထိုကြောင့် ကြွတော်မူမည့် လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကိုမြင်အံ့သောငှါ သဖန်းပင်တပင်ကိုတက်လေ၏။
၅ ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျှင်၊
၆ ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျှင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိ အိမ်၌ဧည့်ခံလေ၏။
၇ ထိုအကြောင်းကို လူအပေါင်း တို့သည်မြင် လျှင်၊ ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့ပြစ်တင်ကြ၏။
၈ ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ ပေးပါ၏ဟု သခင်ဘုရားကိုလျှောက်ဆို၏။
၉ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏ သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။
၁၀ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။