Tue the 11th: (Optional memorial of Stanislaus, bishop and martyr.)
Isa 49:1-6; Ps 71:1-17; John 13:21-38
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၉(Isa 49:1-6);
၁ တကျွန်းနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြလော့၊၊ ဝေးစွာသောလူမျိုးတို့၊ စေ့စေ့ နားထောင်ကြလော့၊၊ ငါ့ဘွားစကပင် ထာဝဘုရားသည် ငါ့ကို ခေါ်တော်မူ၏၊၊ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏၊၊
၂ ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏၊၊ ငါ့ကိုလည်း ဦးသစ်သော စည်းသွားဖြစ် စေ၍၊ မိမိမြ‡ားထောင့်ထဲမှာ ဝှက်ထားတော်မူ၏၊၊
၃ အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏၊၊ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ၊၊
၎ ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ၊၊ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏၊၊ ငါခံရသော အခါလည်း ငါ၏ဘုရားသခင်လက်တော်၌ ရှိသည်ဟုဆို၏။
၅ ငါသည်ထာဝရဘုရား ရှေ့တော်၌အသရေ ထင်ရှား၍။ ငါ၏ဘုရားသခင်သည် ငါ့ကိုခိုင်ခံ့စေတော်မူသည် အကြောင်းနှင့်တကွ ဣသရေလအမျိုးသည် အထံတော်၌စုဝေး ခြင်းကို မခံသော်လည်း၊ ငါသည်ယာကုပ်အမျိုးကိုအထံတော်သို့တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည် အကြောင်း၊ ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊
၆ သင်သည်ယာကုပ် ၏ အမျိုးအနွှယ် တို့ကို မြှောက်ခြင်း ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်း အလိုငှါ ငါ့အမှုကို ဆောင်ရွက်သော အမှုသည်သာမညအမှုဖြစ်၏။ ထိုအမှုမက သင်သည်မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကိုတပါးအမျိုးသားတို့ လင်းစရာအဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူသည်။
ဆာလံကျမ်း အခန်းကြီး ၇၁ (Ps 71:1-17);
၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊
၂ တရားတော်နှင့် အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ၊၊ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင် တော်မူပါ၊၊
၃ အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊
၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊
၆ အကျွန်ုပ် သည် ဘွားကတည်းက ပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:21-38);
၂၁ ထိုသို့ယေရှုသည်မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက် မိန့်တော်မူ၏။
၂၂ အဘယ်သူကို ရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှု ကြ၏။
၂၃ ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊
၂၄ အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော်ကိုအမှတ်ပေး၏။
၂၅ ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက်၊ သခင်၊ အဘယ်သူနည်းဟုလျှောက်၏။
၂၆ ယေရှုကလည်း ဤမုန့်တလုပ် စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင် မုန့်တလုပ်စာကိုနှစ်ပြီးမှ ရှိမုန်၏သား ယုဒရှကာရုတ်အား ပေးတော်မူ၏။
၂၇ ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ၊ စာတန်သည်သူ့အထဲသို့ ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။
၂၈ အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌ လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။
၂၉ အချို့တို့က ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်သော ကြောင့်၊ ဤပွဲ၌ငါတို့သုံးစရာအဘို့ကို ဝယ်လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကိုပေး လော့ ဟူ၍၎င်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။
၃၀ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက် သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
၃၁ ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။
၃၂ ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှား ခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကိုထင်ရှားစေ တော်မူလိမ့်မည်။ ကာလမကြာ မမြင့်မှီသူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။
၃၃ ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက် နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။
၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။
၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်း တို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၃၆ ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက် လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့သင်သည် ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
၃၇ ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော် အဘို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊
၃၈ ယေရှုက၊ ငါ့အဘို့သင့်အသက်ကို စွန့်မည်လော၊ ငါအမှန် အကန်ဆိုသည်ကား၊ ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ် လိမ့်မည်ဟု မိန့်တော်မူ၏။