Friday, 31 March 2017

31-MAR-2017 (READING LEN4 -YA-C1)

Fri the 31st: Wis 2:1-22; Ps 34:17-23; John 7:1-30

ပညာပါရမီကျမ်း Wis 2:1-22

၁။ သူတို့သည် လွဲမှားသောအယူအဆဖြင့်မိမိတို့အချင်းချင်း ဆိုကြသည်မှာ ငါတို့ အသက်တာသည်တိုတောင်း၍ဒုက္ခများလှ၏။သေခြင်းတရားကိုကုစားရန်လည်းဆေးမရှိ။
တစ်စုံတစ်ယောက်သည်ငရဲပြည်မှပြန်လာသည်ဟူ၍လည်း ငါတို့မကြားစဖူး။
၂။ငါတို့သည်မမျှော်လင့်ဘဲ၊လူဖြစ်လာခဲ့ကြပြီ။ဤဘဝအသက်တာကုန်ဆုံးသွားသောအခါငါတို့မ
တည်ရှိခဲ့ကြသကဲ့သို့ဖြစ်ကြလိမ့်မည်။ငါတို့နှာခေါင်းပေါက်မှအသက်ရူခြင်းသည်မီးခိုးတစ်ခါထွက်ကဲ့သို့သာရှိ၍ငါတို့စဉ်းစားဆင်ခြင်မှုသည်လည်းနှလုံးတုန်ခါမှုမှပွင့်ထွက်လာသောမီးပွားမျှသာဖြစ်၏။
၃။ ဤအရာများချုပ်ငြိမ်းသွားသောအခါငါတို့ခန္ဓာသည်ပြာမှုန့်ဖြစ်သွားပြီး၊ငါတို့ဝိညာဉ်သည်လည်း လေရူးကဲ့သို့ လွင့်ပါးသွားလိမ့်မည်။
၎။ငါတို့အမည်များသည်လည်းအချိန်နှင့်အတူမေ့လျော့ခြင်းခံကြရလိမ့်မည်။ငါတိြု့ပခသဲ့မျှကိုလည်းမည်သူမျှသတိရကြလိမ့်မည်မဟုတ်။ငါတို့ဘဝသည်တိမ်ရိပ်ကဲ့သို့ခြေရာလက်ရာမကျန်ဘဲဖြတ်သန်းသွားလိမ့်မည်။မြူမှုန်များကိုနေရောင်ခြည်ကမောင်းနှင်ထုတ်သကဲ့သို့လည်းကောင်း၊နေ၏အပူရှိန်ကလွှမ်းမိုးအနိုင်ယူသကဲ့သို့လည်းကောင်း၊ ပျောက်ကွယ်သွားလိမ့်မည်။
၅။ငါတို့အသက်တာသည်အရိပ်ဖြတ်သန်းသွားသကဲ့သို့ဖြစ်၍ငါတို့၏သေခြင်းသည်လည်းနောက်ဆုတ်ရွှေ့ဆိုင်း၍မရတော့ချေ။အဘယ်ကြောင့်ဆိုသော်လူ့ဘဝသည်တစ်ကြိမ်တည်းသာသတ်မှတ်ပေးထားပြီးဖြစ်၍မည်သူမျှတဖန်ပြန်လာခြင်းမရှိပေ။
၆။ထို့ကြောင့်လာကြ၊ကောင်းသောအရာများကိုယခုခံစားကြစို့၊ဖန်ဆင်းခံအရာများကိုပျိုရွယ်နုနယ်သောအင်အားဖြင့်မက်မက် မောမောခံစားကြစို့။
၇။အဖိုးတန်သောစပျစ်ရည်နှင့်အမွှေးနံ့သာတို့ကိုအပြည့်အဝအသုံြးုပကြစို့။ဆောင်းရာသ၏ီပထမဦးဆုံးပန်းများကိုလည်းလက်မလွှတ် စေနှင့်။
၈။ နှင်းဆီပွင့်များနွမ်းခြောက်မသွားမီသရဖူလုပ် ၍၊ ငါတို့ဦးခေါင်းတွင်ဆောင်းကြစို့။
၉။ ငါတို့ပျော်မြူးသောစည်းစိမ်ကိုမည်သူ တစ်ဦးတစ်ယောက်မျှ မရလိုက်ဘဲမရှိစေနှင့်။ နေရာတိုင်းတွင် ငါတို့၏ မြူးတူးပျော်ရွှင်ခြင်းအမှတ်လက္ခဏာများချန်ထားကြစို့။ဤသည်ကားငါတို့၏အခွင့်အရေးငါတို့၏ကံကြမ္မာပင်ဖြစ်သတည်း။
၁၀။ဖြောင့်မတ်သောဆင်းရဲသားကိုနှိပ်စက်ကြစို့၊မုဆိုးမကိုလည်းမညှာတာကြနှင့်။ဆံပင်ဖြူသောသက်ကြီးရွယ်အိုကိုလည်း ရိုသေမှု မြုပကြနှင့်။
၁၁။ ငါတို့၏ ခွန်အားသည် ငါတို့၏ဥပဒေဖြစ်ပါစေ။ အားနည်းခြင်းသည် အသုံးမဝင်ခြင်းကို သက်သေပြ၏။
၁၂။ဖြောင့်မတ်သောသူကိုချောင်းမြောင်းတိုက်ခိုက်ကြစို့၊အကြောင်းမူကား၊သူသည်ငါတို့အတက်ွအော့နှလုံးနာဘွယ်ကောင်း၍ငါတို့၏လုပ်ရပ်များကိုဆန့်ကျင၏်။သူသည်ငါတို့ဥပဒေချိုး ဖောက်ခြင်းကို အပြစ်တင်၍ရရှိခဲ့သော သင်ကြားမှုကို ငါတို့ဆန့်ကျင်သည့်အတွက်ငါတို့ကိုစွပ်စွ၏ဲ ။
၁၃။ သူသည် ဘုရားသခင်ကို သိရှိသည်ဟု ဝန်ခံပြီး၊ မိမိကိုယ်ကိုဘုရား၏သားဟုခေါ်၏။
၁၄။ငါတို့အတွက်မူကား၊သူသည်ငါတို့အတွေးအခေါ်များကိုပြစ်တင်စွပ်စွဲသောသူဖြစ၏်။သူ့ကိုမြင်ရရုံနှင့်ငါတို့အတွက်ဝန်လေးခက်ခဲလှ၏။
၁၅။ အဘယ်ကြောင့်ဆိုသော်သူ၏နေထိုင်ပုံသည်အခြားသူများနှင့်မတူ၊သူ၏လုပ်ရပ် များသည်လည်းထူးခြား၏။
၁၆။ သူ့အတွက်မူကား၊ငါတို့သည် အဆင့်အတန်း နိမ့်ကျသူများဖြစ်၏။ မစင်
ကြယ်သောအရာများကိုရှောင်ကျဉ်သကဲ့သို့သူသည်ငါတို့ကို ရှောင်ရှား၏။ ဖြောင့်မတ်သောသူ၏ကံ
ကြမ္မာကိုဝမ်းမြောက်ဖွယ်ရာဖြစ်သည်ဟုသူဆို၏။ဘုရားသခင်သည်သ၏ူ အဖဖြစ်သည်ဟူ၍လည်းသူဝြွါကား၏။
၁၇။သူ၏စကားများမှအမှန်တရားကိုစောင့်၍ကြည့်ကြစို့။သူကိုယ်တိုင်မည်ကဲ့သို့ဆုံးခန်းရောက်မည်ကိုကြည့်ကြစို့။
၁၈။အကယ်၍ဖြောင့်မတ်သောသူသည်ဘုရားသခင၏်သားဖြစ်လျှင်ဘုရားသခင်သည်သူ့ကိုကာကွယ်ပေးလိမ့်မည်။ သူ့ကိုရန်သူတို့၏လက်မှ ရွေးနှုတ်ကယ်တင် လိမ့်မည်။
၁၉။သူ့တွင်နူးညံ့သိမ့်မွေ့သောစိတ်ရှိ၊မရှိ၊သက်သေပြရန်နှင့်၊သူ၏သည်းခံခြင်းကိုစမ်းသပ်ရန်သူ့ကိုအရှက်ခွဲခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ဖြင့်စမ်းသပ်ကြစို့။
၂၀။သူ့ကိုအရှက်တကွဲသေစေရန်စီရင်ကြစို့။သ၏ူစကားအတိုင်းဘုရားသခင်သည်သူ့ကိုစောင့်ရှောက်ကာကွယ်လိမ့်မည်ဟုဘုရားတရားမဲ့သူတို့သည်တွေးမြင်ကြ၏။
၂၁။သို့သော်ထိုသူတို့သည်လမ်းမှားနေကြ၏။အကြောင်းမူကား၊သူတို့၏မကောင်းဒုစရိုက်ကြောင့်သူတို့မျက်စိကန်းနေကြသောကြောင့် တည်း။
၂၂။ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်သောစီမံကိန်းတော်ကို မသိကြ၊ သန့်ရှင်းစင်ကြယ်ခြင်းအတွက်ရမည့် ဆုလာဘ်တော်ကို သူတို့သည်ထည့်မတွက်ကြ၊ အပြစ်ကင်းစင်သော ဝိညာဉ်များရမည်ဆုလာဘ်ကိုလည်း သူတို့အထင်မကြီးကြချေ။

ဆာလံကျမ်း အခန်းကြီး ၃၄(Ps 34:17-23);

၁၇ ဖြောင့်မတ် သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲ ထဲကကယ်လွတ်တော်မူ၏။
၁၈ ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသောတို့နှင့် နှလုံးကြေကွဲ သော သူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ကိုလည်း ကယ်တင်တော်မူ၏။
၁၉ ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ် တော်မူ၏
၂၀ သူ၏ အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။
၂၁ မတရားသော သူမူကား၊ ဘေးဖြင့် အသက်ဆုံးခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။
၂၂ ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက် ဝိညာဉ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူ တစုံတယောက်မျှ အပြစ်စီရင်ခြင်းကိုမခံရ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၇ (John 7:1-30);

၁ ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်း ငှါအလို တော်မရှိ။
၂ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊
၃ ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှါ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။
၎ ကျော်စောကိတ္တိကိုအလိုရှိသောသူမည်သည်ကား၊ မထင်ရှားသော အားဖြင့်အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကိုသင်သည်ပြုလျှင်၊ ဤ လောက၌ ကိုယ်ကိုထင်ရှားစွာပြပါဟု၊
၅ မယုံကြည်သောကြောင့်ယေရှုအားဆိုကြ၏။
၆ ယေရှုကလည်း၊ ငါ့အချိန်မရောက် သေး သင်တို့ဘို့ ခပ်သိမ်းသော အချိန်သင့်လျက်ရှိ၏။
၇ လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်၊ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည်သူတို့၏အကျင့် ဆိုးညစ်ကြောင်းကိုသက်သေခံ၏။
၈ ထိုပွဲသို့သင် တို့သွားကြလော့။
၉ ငါမသွားသေး။ ငါ့အချိန်မပြည့်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာ နေတော်မူ၏။
၁၀ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည်ထိုပွဲသို့မထင်မရှားကြွတော်မူ၏။
၁၁ ထိုပွဲ၌ ယုဒလူတို့က၊ ယေရှုသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။
၁၂ လူအစုအဝေးတို့သည် ကိုယ်တော်ကို အကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူသည်သူတော်ကောင်း ဖြစ်သည်ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖြားသည် ဟူ၍င်းဆိုကြ၏။
၁၃ သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်း မပြောဝံ့ကြ။
၁၄ ထိုပွဲကိုခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမသြဝါဒ ပေးတော်မူ၏။
၁၅ ယုဒလူတို့ သည်အံ့သြ၍၊ ဤသူသည်စာမသင်ဘဲလျက် အဘယ်သို့တတ်ဘိသနည်းဟု ဆိုကြ၏။
၁၆ ယေရှုကလည်း၊ ငါဟောသော ဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။
၁၇ ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ ငါသည် ကိုယ်အလို အလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။
၁၈ ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကိုစေလွှတ် တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက် သောသူဖြစ်၏။ ထိုသူ၌ မုသာမရှိ။
၁၉ မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှမကျင့်။ ငါ့ကို သတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။
၂၀ လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကိုသတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟု ဆိုကြ၏။
၂၁ ယေရှုကလည်း၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့သြခြင်းရှိကြ၏။
၂၂ မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း။ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။
၂၃ မောရှေ၏တရားမပြတ်စေခြင်းငှါ လူသည် ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျမ်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာသလော။
၂၄ မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့်စီရင်ကြလော့ဟု မိန့်တော်မူ၏။
၂၅ ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။
၂၆ ကြည့်ပါ။ သူသည်ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။
၂၇ သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ် တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။
၂၈ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်ကဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။
၂၉ ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှငါလာ၏။ သူသည်လည်း ငါ့ကိုယ်စေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမသြဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍မိန့်တော်မူလျှင်၊
၃၀ ကိုယ်တော်ကို ဘမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဘမ်းမဆီးကြ။