Sunday, 12 March 2017

12-MAR-2017 (READING LEN2 -YA-C1)

Sun the 12th: Psalter II, Lent Week 2.
Gen 12:1-4 ; Ps 33:4-22; 2 Tim 1:8-10; Matt 17:1-9
         
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၂ (Gen 12:1-4 );

၁ ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါင်းဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။
၂ ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကိုကြီးမြတ်စေမည်။ သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။
၃ သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသော သူကိုငါကျိန်ဆဲမည်။ သင်အားဖြင့် လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၎ ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွား သောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။

ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:4-22);

၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊  
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရ ဘုရားကို မြော်လင့်လျက်နေ၏၊၊ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏၊၊
၂၁ သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:8-10);

၈ ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါကို၎င်း ရှက်ကြောက်ခြင်းမရှိနှင်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။
၉ ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ် ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ၊ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်း၊ သောအရာ၌ခေါ်သွင်းတော်မူ၏။
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇ (Matt 17:1-9);

၁ ခြောက်ရက်လွန်သောအခါ ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်ညီယောဟန်တို့ကိုခေါ်၍ မြင့်လှစွာ သော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သိုဆောင်ကြွတော်မူ၏။
၂ သူတို့ရှေ့၌ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံ သည်ဖြစ်၍။ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။
၃ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက်နေကြ၏။
၎ ထိုအခါပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊တဲသုံးဆောင် ကိုအလိုတောင်ရှိလျှင် အကျွန်ုပ်တို့သည်ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။
၅ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့ဟု မိုးဃ်းတိမ်ကအသံ တော်ဖြစ်လေ၏။
၆ တပည့်တော်တို့သည်ကြား ရလျှင်၊ ပြပ်ဝပ်၍အလွန်ကြောက်လန့်ခြင်းရှိကြ၏။
၇ ယေရှုသည်လာ၍သူ တို့ကိုလက်နှင့်တို့တော်မူလျက်၊ ထကြ၊မကြောက်ကြနှင့်ဟု မိန့်တ်ာမူသော်၊
၈ သူတို့သည်ကြည့်မြော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ် သူကိုမျှမမြင်ကြ။
၉ တော်ပေါ်မှဆင်းကြသောအခါ ယေရှုက၊လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင် သော ရူပါရုံကိုအဘယ်သူအားမျှမပြောကြနှင့်ဟုတပည့်တော်တို့ကိုပညတ်တော်မူ၏။