Sun the 26th: Psalter IV, Lent Week 4.
Laetare Sunday.
1 Sam 16:1-13; Ps 23:1-6; Eph 5:8-14; John 9:1-41
Optional readings for any daily Mass this week: Mic 7:7-9; Ps 26:1-14; John 9:1-41
ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁၆ (1 Sam 16:1-13);
၁ တဖန်ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလတ်လုံး စိတ်မသာ ညည်းတွားလျက်နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို‹သား ယေရှဲရှိရာသို‹ ငါစေလွှတ်မည်။ သူ၏သားတို‹တွင် ငါ့အဘို‹ရှင်ဘုရင်တပါးကိုငါပြင်ဆင်ပြီဟု ရှမွေလအား မိန်‹တော်မူ၏။
၂ ရှမွေလက၊ အကíန်ုပ်သည် အဘယ်သို‹သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင်သတ်ပါလိမ့်မည် ဟုလျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ လာပြီဟုပြောလော့။
၃ ယေရှဲကို လည်း ယဇ်ပွဲသို‹ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို‹ပြုရမည်ကို ငါပြမည်။ ငါသည်နာမဖြင့်ထုတ်ပြသောသူကို ငါ့အဘို‹ဘိသိက်ပေးရမည်ဟု မိန်‹တော်မူသည်အတိုင်း၊
၎ ရှမွေလပြု၍ ဗက်လင်မြို‹သို‹သွားလေ၏။ ဗက်လင်းမြို‹သားအသက်ကြီးသူတို‹သည် ရှမွေလနှင့်တွေ‹သောအခါတုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေလျှက် လာတော်မူသလောဟု မေးရှောက်ကြသော်၊
၅ ချမ်းသာပေးလျှက် ထာဝရဘုရားအားယဇ်ပူဇော်ခြင်းငှါ ငါလာပြီ၊ မိမိတို‹ကို သန်‹ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို‹လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို‹ကို သန်‹ရှင်းစေ၍ ယဇ်ပွဲသို‹ ခေါ်လေ၏။
၆ သူတို‹သည်ရောက်သောအခါ ဧလျာဘကိုကြည့်ရှု၍ စင်စစ် ထာဝရဘုရားအခွင့်နှင့် ဘိသိတ်ခံရသော သူသည် ငါ့ရှေ‹မှာ ရှိ၏ဟုဆိုလေသော်၊
၇ ထာဝရဘုရားက၊ သူ၏မျက်နှာသူအရပ်ကိုမကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ၊ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်၊ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ် သည်ဟု ရှမွေလအား မိန့်တော်မူ၏။
၈ တဖန် ယေရှဲသည် အဘိနဒပ်ကိုခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့် ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟုဆို၏။
၉ တဖန်ယေရှဲသည်ရှိမာကိုသွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟုဆို၏။
၁၀ တဖန်ယေရှဲသည် သားခုနစ်ယောက်တို‹ကို ရှမွေလရှေ‹မှာ သွားစေသဖြင့်၊ ရှမွေလက ဤသူတို‹ကိုလည်း ထာဝရဘုရားရွေးတော်မမူ။
၁၁ သင်၏သားမရှိပြီလောဟု ယေရှဲအားမေးလျှင်၊ ယေရှဲကအငယ်ဆုံးသောသားရှိပါသေး၏။ သိုးတို‹ကို ထိန်းကျောင်းလျက်နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူကိုခေါ်စေခြင်းငှါ လူကိုစေလွှတ်ပါ။ သူမရောက်မှီပွဲသို‹ဝင်၍ မထိုင်ရဟုဆိုသည့်အတိုင်း
၁၂ စေလွှတ်၍ သူ‹ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သောမျက်နှာလည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်။ ထ၍ဘိသိတ်ပေးလော့ဟု မိန်‹တော်မူ၏။
၁၃ ရှမွေလသည်လည်း ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ‹ကိုဘိသိက်ပေးလေ၏။ ထိုနေ‹မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေလသည် ထ၍ရာမမြို‹သို‹သွား၏။
ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);
၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ် ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
ဧဖက်သြဝါဒစာ အခန်းကြီး ၅ (Eph 5:8-14);
၈ အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့်နေကြလော့။
၉ အလင်းတော်၏အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာ စောင့်ခြင်း ဖြစ်သတည်း။
၁၀ သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြ လော့။
၁၁ အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏အပြစ်ကို ပြကြလော့။
၁၂ အကြောင်း မူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ပြုသော အမှုအရာတို့ကို စကားပြောကာမျှနှင့် ညစ်ညူးခြင်း ပါသေး၏။
၁၃ အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့်ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှသည် လည်း အလင်းဖြစ်၏။
၁၄ ထိုကြောင့် အိပ်ပျော်သောသူ နိုးလော့။ သေခြင်းမှထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကိုသင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၉ (John 9:1-41);
၁ လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။
၂ တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ် ကြောင့်ကန်းသလော။ မိဘအပြစ်ကြောင့်ကန်းသလောဟု မေးလျှောက်ကြ၏။
၃ ယေရှုကလည်း၊ ကိုယ်အပြစ် ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ထင်ရှားစေမည် အကြောင်းတည်း၊
၎ ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်ရှိစဉ်တွင် ငါပြုမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညဥ့်အချိန်လာသေး၏။
၅ ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏ အလင်းဖြစ်၏ ဟု မိန့်တော်မူပြီးလျှင်၊
၆ မြေပေါ်မှာထွေး၍ တံထွေးနှင့်ရွံ့လုပ်ပြီးမှ ကန်းသော သူ၏မျက်စိကို ရွံ့နှင့်လူး၍၊
၇ သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင် အနက်ကား စေလွှတ်သည်ဟုဆိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
၈ သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍တောင်းသောသူ ဖြစ်သည်မဟုတ်လောဟု ဆိုကြ၏။
၉ လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည် ဟုဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို၏။
၁၀ သူတို့ကလည်း၊ အဘယ်သို့သင်၏ မျက်စိ ပွင့်သနည်းဟု မေးမြန်းကြလျှင်၊
၁၁ ထိုသူက၊ ယေရှုအမည်ရှိသောသူတယောက်သည် ရွံ့လုပ်၍ အကျွန်ုပ်မျက်စိကို လူးပြီးမှ၊ ရှိလောင် ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိ မြင်သည်ဟု ဆို၏။
၁၂ လူများကလည်း ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်ကြလျှင်၊ အကျွန်ုပ်မသိဟု ဆို၏။
၁၃ လူများသည်လည်း မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲထံသို့ပို့ကြ၏။
၁၄ ယေရှုသည် ရွံ့လုပ်၍ သူ၏ မျက်စိကို ဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။
၁၅ တဖန် ဖာရိရှဲတို့က အဘယ်သို့သင်၏ မျက်စိ မြင်သနည်းဟု မေးပြန်လျှင် အကျွန်ုပ်မျက်စိ၌ သူသည် ရွံ့ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်ပြီဟုဆို၏။
၁၆ ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ် တော်မူသော သူမဟုတ် ဟု ဆိုကြ၏။ အချို့ တို့က၊ ဆိုးသောသူသည် ဤသို့သောနိမိတ်လက္ခဏာတို့ကို အဘယ် သို့ပြနိုင်သနည်း ဟု ဆိုကြ၏။ ထိုသို့ အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်ကြ၏။
၁၇ တဖန် မျက်စိကန်း ဘူးသောသူအား၊ သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။
၁၈ ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကိုခေါ်၍၊
၁၉ ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သား မှန်သလော။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ၏။
၂၀ မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကို၎င်း အကျွန်ုပ်တို့ သိကြပါ၏။
၂၁ အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့် သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင် ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။
၂၂ ဤသို့ပြောသည် အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားစရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့ သည် တိုင်ပင်စီရင်နှင့်ကြပြီ။
၂၃ ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေး ကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ပြောကြ၏၊
၂၄ ထိုကြောင့်၊ မျက်စိကန်းဘူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟု ဆိုကြလျှင်၊
၂၅ လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။
၂၆ တဖန် ထိုသူတို့က၊ သူသည် သင်၌အဘယ်သို့ပြုသနည်း။ သင်၏မျက်စိကို အဘယ်သို့ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။
၂၇ အဘယ်ကြောင့်တဖန်ကြားချင်သနည်း။ သူ့တပည့်ဖြစ်ချင်သလောဟု ဆို၏။
၂၈ ထိုသူတို့ ကလည်း၊ သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်ဖြစ်ကြ၏။
၂၉ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်ကဖြစ်သည်ကိုမသိဟု ကဲ့ရဲ့၍ပြောဆိုကြလျှင်၊
၃၀ သူသည် အကျွန်ုပ်မျက်စိကို ဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့သြဘွယ်ရှိ၏။
၃၁ ဘရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေး မြတ်၍ အလိုတော်သို့လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။
၃၂ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။
၃၃ ထိုသူသည် ဘုရားသခင် စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟု ပြောဆို၏။
၃၄ ထိုသူတို့က လည်း၊ သင်သည် မွေးစကပင် တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကိုဆုံးမပါသည် တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားစရပ်မှ နှင်ထုတ်ကြ၏။
၃၅ နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြား ပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
၃၆ သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော်၊
၃၇ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည် သာမက၊ သင်နှင့်ယခုစကား ပြောသောသူသည် ဘုရားသခင်၏သားတော်ဖြစ်၏ဟု မိန့်တော်မူလျှင်၊
၃၈ သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
၃၉ ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်းငှါ၎င်း၊ ငါသည်တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ ဟု မိန့်တော်မူ၏။
၄၀ အထံတော်၌ရှိသော ဖာရိရှဲအချို့ တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်း သလောဟု မေးကြ၏။
၄၁ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ။ ငါတို့မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ်တည်သည်ဟု မိန့်တော်မူ၏။
Or
မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး ၇ (Mic 7:7-9);
၇ ငါမူကား၊ ထာဝရဘုရားကိုမြော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။
၈ အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်းမရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။
၉ ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် အမျက်တော်ကိုခံရ၏။ ငါ့အမှုကိုစစ်ကြော၍ တရားဆုံးဖြတ်တော် မမူမှီတိုင်အောင် ငါခံရ၏။
ဆာလံကျမ်း အခန်းကြီး ၂၆ (Ps 26:1-14);
၁ အိုထာဝရဘုရား အကျွန်ုပ်သည်ဖြောင့်မတ်ခြင်း လမ်းသို့လိုက်သောကြောင့် အကျွန်ုပ်ဘက်၌ တရားစီရင် တော်မူပါ၊၊ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၂ အိုထာဝရဘုရား အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ၊၊
၃ အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍ သစ္စာတရားတော်နှင့် အညီကျင့်ပါ၏၊၊
၎ လျှပ်ပေါ်သောလူတို့နှင့် အတူ မထိုင်ပါ၊၊
၅ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ၊၊ မတရားသော သူတို့၏ စည်းဝေးခြင်းကိုမုန်းပါ၏၊၊ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ၊
၆ ကျေးဇူးတော်ကို ချီးမြ‡င့်သောအသံနှင့် မြွက်ဆို၍၊
၇ အံ့သြဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှါ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည် ထာဝရဘုရား။
၈ အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော်တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသောအရပ်ဌာန ကို၎င်း အကျွန်ုပ်နှစ်သက်ပါ၏၊၊
၉ ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ ဝိညာဉ်ကို၎င်း လူ့အသက်ကို သတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို၎င်း ချုပ်ထားတော်မမူပါနှင့်၊၊
၁၀ သူတို့လက်သည် မကောင်းသော အကြံအစည်၌ ကျင်လည်၍ သူတို့ လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏၊၊
၁၁ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်ပါ၏၊၊ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မ သနားတော်မူပါ၊၊
၁၂ အကျွန်ုပ်သည် ညီညွတ်သော အရပ်၌ နေရာကျ၍ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီးပေးပါမည်၊၊