Sun the 4th: Psalter IV, Easter Week 8.
Solemnity of Pentecost.
Acts 2:1-11; Ps 104:1-34; 1 Cor 12:3-13; John 20:19-23
တမန်တော်ဝတ္ထု အခန်းကြီး ၂ (Acts 2:1-11);
၁ ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။
၂ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏခြင်းတွင်ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သော အိမ်ကို ဖြည့်လေ၏။
၃ ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့ အပေါ်၌ တည်နေကြ၏။
၎ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မည်သည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။
၅ ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသောလူမျိုးထဲက တရားကိုရိုသေသော ယုဒလူ တို့သည် ယေရှုရှလင်မြို့၌ တည်းနေကြသတည်း။
၆ ထိုအသံကိုကြားရသောအခါ၊ လူများတို့သည် စုဝေးလာ ကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ဘာသာစကားဖြင့် တမန်တော်တို့ ဟောပြောသည်ကို ကြားရ၍မှိုင်တွေလျက် ရှိနေကြ၏။
၇ ထိုလူအပေါင်းတို့သည် အံ့သြမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြော သောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။
၈ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွား ရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။
၉ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊
၁၀ ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည် ၌နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊
၁၁ ကရေတေပြည်သား၊ အရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၄ (Ps 104:1-34);
၁ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော် သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။
၂ အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့်ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်တော်မူထသော၊
၃ နေတော်မူရာ အထက်ခန်း၊ အမြစ်ကို ရေ၌တည်တော်မူသော၊ မိုဃ်းတိမ်ရထားကို စီး၍ လေအတောင်တို့ဖြင့် ကြွသွားတော်မူထသော၊
၎ မိမိတမန်တို့ကို လေကဲ့သို့ ၎င်း၊ မိမိအစေအပါးတို့ကိုမီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထ သော၊
၅ မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်ရှားစေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။
၆ ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအ ပေါ်မှာရပ်နေကြပါ၏။
၇ တဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုဃ်းချုန်းတော်မူသံကို ကြား၍၊ အလျင်အမြန် ပြန်သွားကြပါ၏။
၈ တောင်တို့သည်တက်လျက်၊ ချိုင့်တို့သည် ဆင်းလျက်၊ သူတို့ဘို့ ခွဲတော်မူသော အရပ်သို့ရောက် ကြပါ၏။
၉ ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှာ၊ မကျော်ရသောနယ်စပ်ကို ပိုင်းခြားတော်မူ၏။
၁၀ ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင် စီးလျက်၊
၁၁ မြေ တိရစ္ဆာန် အပေါင်းတို့အား သောက်ရသောအခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြသည်။
၁၂ ထိုရေအနား မှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလတ်တို့တွင် ကြွေးကြော်ကြ၏။
၁၃ အထက်ခန်းတော်ထဲက တောင်များကို ရေပေးတော်မူ၏။ စီရင်ပြုပြင်တော်မူခြင်း အကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။
၁၄ တိရစ္ဆာန်တို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့စပါးပင်ကို၎င်း၊ ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော် တော်မူ၏။
၁၅ စပျစ်ရည် သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်းသူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။
၁၆ ထာဝရဘုရား၏ သစ်ပင်၊ စိုက်တော်မူသော လေဗနုန် အာရဇ်ပင် တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။
၁၇ ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ်ကြ၏။ ထင်းရူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။
၁၈ မြင့်သော တောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့ သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။
၁၉ ချိန်းချက်သော အချိန်ဘို့၊ လကို ဖန်ဆင်းတော်မူပြီ။ နေသည်လည်း မိမိဝင်ရသော အချိန်ကို သိ၏။
၂၀ ကိုယ်တော်သည် မှောင်မိုက်ကိုစီရင်တော်မူ၍ ညဥ့်ဖြစ်ပါ၏။ ထိုအချိန်၌ တောတိရိစ္ဆြွာန်အပေါင်း တို့သည် တွားလျက် ထွက်တက်ကြပါ၏။
၂၁ ခြင်္သေ့ ပျိုတို့သည် လုယက်ခြင်းအလို့ငှာ ဟောက်၍၊ ဘုရားသခင်ထံမှာ အစာ ကိုရှာကြ၏။
၂၂ တဖန်နေထွက်ပြန်လျှင်၊ သူတို့သည်ဆုတ်သွား၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။
၂၃ လူသည် လည်း လုပ်ဆောင်ပြုမူခြင်းငှာ ညဦးတိုင်အောင် ထွက်သွားပါ၏။
၂၄ အိုထာဝရဘုရား၊ ကိုယ်တော်စီရင်ပြုပြင် တော်မူ သောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။
၂၅ မရေတွက်နိုင်အောင် တွားသွားသော တိရစ္ဆာန်အစရှိသော တိရစ္ဆာန် အကြီးအငယ် များတို့နေရာ ကြီးမားကျယ်ဝန်းသော သုမုဒ္ဒရာလည်းရှိပါသေး၏။
၂၆ ထိုအရပ်၌ သင်္ဘောတို့သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှာ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
၂၇ ထိုသို့သောတိရစ္ဆာန် အပေါင်းတို့သည် အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ၊ ကိုယ်တော်ကို မျှော်လင့်လျက်နေကြပါ၏။
၂၈ ကိုယ်တော်ချထား တော်မူသည်အတိုင်း သူတို့သည်သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသောအားဖြင့်၊ သူတို့ သည်ကောင်းသောအရာနှင့် ရောင့်ရဲကြပါ၏။
၂၉ မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည်ပင်ပန်းကြပါ၏။ သူတို့ အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။
၃၀ တဖန်ဝိညာဉ်တော်ကို လွှတ်၍ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။
၃၁ ထာဝရဘုရား၏ ဘုန်းတော်သည် နိစ္စအမြဲ တည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။
၃၂ မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည်တုန်လှုပ်တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည်မီးခိုးထွက်ကြပါ၏။
၃၃ ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည်ကာလ ပတ်လုံး၊ ငါ့၏ဘုရားသခင်ကို ထောမနာ သီချင်းဆိုမည်။
၃၄ ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။
၃၅ ပစ်မှား သောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း၍၊ မတရားသောသူတို့ သည် နောက်တဖန်မဖြစ်ရကြ။ အိုငါ့ဝိညာဉ် ထာဝရ ဘုရားကို ကောင်းကြီးပေးလော့။ ဟာလေလုယ။
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၂ (1 Cor 12:3-13);
၃ ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ် သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကို၎င်း၊ ယေရှုသည် ဘုရားသခင်ဖြစ်တော်မူ၏ဟု သန့်ရှင်းသော ဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှမပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည်စေခြင်းငှါ ငါသတိပေး၏။
၎ ဆုကျေးဇူးတော် အထူးထူးအထွေထွေရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်းရှိ၏။
၅ ဓမ္မဆရာအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။
၆ ပြုပြင်ခြင်းအမှုအထူးထူး အထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တပါး တည်းရှိ၏။
၇ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ် တော်ကို လူအသီးသီးတို့အား ထင်ရှားစွာပေး တော်မူလျက်ရှိ၏။
၈ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကိုပေး တော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ထိုးထွင်းခြင်း တရားကို ပေးတော်မူ၏။
၉ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည် ခြင်းကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။
၁၀ တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက် ပြုနိုင်သောအခွင့်ကို၎င်း၊ တယောက်သော သူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်း၊ တယောက် သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ထိုဘာသာ စကား၏အနက်ကို ဘော်ပြနိုင်သောအခွင့်ကို၎င်း ပေးတော်မူ၏။
၁၁ ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးသီးတို့အား အသီးသီးခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။
၁၂ ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုတခုတည်းသောကိုယ်၏အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။
၁၃ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်း အားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ်တဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၀ (John 20:19-23);
၁၉ ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။
၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
၂၁ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိလေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ သည်နည်းတူ၊ သင်တို့ကိုငါစေလွှတ် သည်ဟု မိန့်တော်မူပြီးလျှင်၊
၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည်အပြစ် လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည်အပြစ် တည် လျက်ရှိ၏ဟု မိန့်တော်မူ၏။