Mon the 5th: Psalter I, Ordinary Time Week 9.
Memorial of Boniface, bishop and martyr.
Tob 1:3;2:1-8; Ps 112:1-6; Rev 1:5; Mark 12:1-12
တိုဘိဝတ္ထု အခဏ်းကြီး (၁) (ွှသဘ ၁ါ်၃း၂ါ်၁-၈)း
၃။ ငါတိုဘိသည် အမှန်တရားနှင့်ဖြောင့်မတ်ခြင်းကိုဘဝ တလျှောက်လုံး လိုက်နာကျင့်သုံးခဲ့ပါ၏။ အာဆီးရိ ယပြည်နယ် နီနေဝြေုမိ့တွင်ငါနှင့်အတူသုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသော ငါ့နိုင်ငံသားများနှင့် ဆွေမျိုးသား ချင်းတို့အတွက် ငါသည်ကရုဏာလုပ်ငန်းများနှင့်ပေး ကမ်းစွန့်ကြဲခြင်းများစွာ လုပ်ဆောင်ခဲ့ပါ၏။
၁။ ဘုရင်ဧဆာဟာဒွန် လက်ထက်တွင် ငါ့အိမ်သို့ ပြန် လာရသောအခါငါ့ဇနီးအန္နာနှင့်ငါ့သားတိုဘိယတို့ကို ပြန်လည်ဆုံတွေ့ရ၏။ ဥပုသ်ခုနစ်ပတ်အပြီး ကျင်းပ သောပင်တေကော့ပွဲတော်နေ့မှာသူတို့သည်ငါ့အတွက် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ထားသဖြင့် ငါသည် လည်းစားပွဲ၌ ထိုင်လိုက်လေ၏။
၂။ များပြားလှသောစားသောက်ဖွယ်ရာများကိုငါမြင်လျှင် ငါ့သားတိုဘိယကိုခေါ်၍ ချစ်သား၊သွားလော့နီနေဝေြုမိ့မှာသုံ့ပန်းအဖြစ်ရောက်နေကြသူများထဲမှငါ၏ဆွေမျိုးသားချင်းဆင်းရဲဒုက္ခရောက်သူများကိုရှာဖွေလော့။ အကြင်သူသည်စိတ်နှလုံး၌ဘုရားသခင်ကိုအောက်မေ့ သတိရသူဖြစ်လျှင်သူ့ကိုခေါ်ဆောင်ခဲ့၍ညစာကိုငါနှင့် အတူ စားသောက်စေအံ့၊ ချစ်သား၊ သင်ပြန်လာသည့် တိုင်အောင် သင့်ကို ငါစောင့်မည်ဟုမှာလိုက်လေ၏။
၃။ တိုဘိယသည်လည်းငါတို့လူမျိုးဆင်းရဲသားများကိုရှာဖွေရန်ထွက်သွားလေ၏။သူပြန်လာသောအခါငါ့အား အဘဟုခေါ်လျှင် ငါက ငါ့သား အဘယ်အကြောင်းရှိ သနည်းဟု မေးသော် သူကအဘကျွန်တော်တို့လူမျိုး တစ်ယောက်သည် အသတ်ခံခဲ့ရပြီး သူ၏အလောင်း သည်ဈေးအလယ်မှာလဲကျနေပါသည်။သူသည်မကြာသေးမီကမှ လည်မျိုကိုညှစ်သတ်ခံခဲ့ရပါသည်ဟု ဆို လျှင်။
၎။ ငါသည် ချက်ခြင်းထလျက် ညစာကို မစားသေးဘဲ အလျင်အမြန်သွားပြီး၊ လူသေကိုလမ်းပေါ်မှသယ်လာ ၍ သူ့ကို သင်္ဂြိုဟ်မည့် နေဝင်ချိန်တိုင်အောင် အခန်း
၅။ တစ်ခုထဲမှာထားခဲ့၏။ ထို့နောက် ငါသည်အိမ်သို့ပြန် လာ၍ ကိုယ့်ကိုယ်ကို ဆေးကြောသန့်စင်လျက် ဝမ်း
၆။ နည်းကြေကွဲစွာဖြင့် ညနေစာကို စားခဲ့ရ၏။ ငါသည် ပရောဖက်အာမော့က ဘီသယ်လ်ြုမိ့ကိုကျိန်ဆို၍ပြော သည့် စကားများဖြစ်သော သင်၏ ပွဲတော်တို့သည် ငိြုွေကးပွဲ ဖြစ်လာလိမ့်မည်။ြု သင်သီဆိုသော သီချင်း များသည်လည်း ညည်းတွား ဝမ်းနည်းခြင်းများ ဖြစ် လိမ့်မည်ဟူသော စာပိုဒ်ကို ပြန်လည် သတိရမိလျက်
၇။ ငါငိြုွေကးခဲ့ရ၏။ နေဝင်ပြီးသော် ငါသည် သွား၍ သင်္ချိုင်းတွင်းကို တူးလျက် လူသေကို မြှုပ်နှံခဲ့၏။
၈။ ငါ၏အိမ်နီးနားချင်းများကသူသည်ဤသို့လုပ်ဆောင် ခြင်းအတွက် အသတ်ခံရမည်ကို မကြောက်ရွံ့တော့ ပါတကား၊ ဤအတွက် သူထွက်ပြေးခဲ့ရသည်မဟုတ် လော့၊ ကြည့်လော့၊ ယခုသူသည် လူသေကောင်ကို နောက်ထပ် မြှုပ်နှံနေပါတကားဟူ၍ ငါ့အား ပြောင် လှောင်သရော်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 112:1-6);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
၎ သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊
ဗျာဒိတ်ကျမ်း အခန်းကြီး ၁ (Rev 1:5);
၅ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
၆ မိမိခမည်းတော်ဘုရား သခင့်ရှေ့၌ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်အသရေ၊ အစွမ်းသတ္တိရှိတော်မူစေ သတည်း။ အာမင်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:1-12);
၁ ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော် တို့သည်ကိုယ်တော်ရင်းသို့ချဉ်းကပ်ကြ၏။
၂ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမသြဝါဒပေးတော် မူသည်မှာ၊
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
၎ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်သက်သာခြင်းသို့ရောက်ကြလတံ့၊
၅ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။
၆ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့။
၇ သနားစုံမက်တတ် သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည်သနားစုံမက်ခြင်းကို ခံရကြလတံ့။ ၈ စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။ ၉ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၁၁ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကိုထိုနည်းတူ ညှင်းဆဲကြပြီ။