Wed the 21st: Memorial of Aloysius Gonzaga, religious.
2 Cor 9:6-11; Ps 112:1-9; John 14:23; Matt 6:1-18
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၉ (2 Cor 9:6-11);
၆ အနည်းငယ်သော မျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။
၇ လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော် မူ၏။
၈ ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။
၉ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့်ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
၁၀ မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာအာဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အားမျိုးစေ့ကိုပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။
၁၁ ထိုသို့ သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 112:1-10);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
၎ သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊
၇ မကောင်းသောသိတင်းကို မကြောက်ရ၊၊ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည်တတ်၏၊
၈ သူ၏ စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍ ရန်သူတို့၌ အားမရမှီတိုင်အောင် ကြောက်ခြင်းနှင့် လွတ်လိမ့်မည်၊၊
၉ သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ၊၊ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏၊၊ သူ၏ဦးချိုသည် ဂုဏ်အသေရေနှင့် ချီးမြ‡င့်ခြင်း ရှိလိမ့်မည်၊၊
၁၀ မတရားသောသူတို့သည်မြင်၍ နာကြင်သောစိတ်ရှိကြလိမ့်မည်၊၊ အံသွား ခဲကြိတ်၍ ပိန်ချုံးကြလိမ်မည်၊၊ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆ (Matt 6:1-18);
၁ လူများတို့မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကိုသူ့ရှေ့မှောက်၌မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။
၂ ထိုကြောင့် သင်သည်အလှူဒါန ကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူအများအချီးအမွမ်းကိုခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီ။
၃ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကိုမထင်ရှား စေခြင်းငှါ၊ လက်ျာလက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။
၎ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတံ့။
၅ သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆိုသည် ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏။
၆ သင်သည်ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသောသင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။
၇ သင်တို့သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကား အားဖြင့်မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
၈ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိ သမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘသိတော်မူ၏။
၉ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။
၁၀ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
၁၁ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။
၁၂ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။
၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။
၁၄ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
၁၅ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။
၁၆ သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ မိမိတို့မျက်နှာကိုဖျက် တတ်ကြ၏။
၁၇ ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။
၁၈ သင်သည် အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသောသင်တို့အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။