Tue the 6th: Optional memorial of Norbert, bishop.
Tob 2:9-14; Ps 112:1-9; Eph 1:17-18; Mark 12:13-17
တိုဘိဝတ္ထု အခန်းကြီး (၂- ၉-၁၄)း
တိုဘိမျက်စိကွယ်ရခြင်း
၉။ ထိုည၌ပင် ငါသည် ရေချိုး သန့်စင်ပြီးနောက် အိမ် ပြင်ဘက် အုတ်နံရံဘေးတွင် အိပ်ရန် ထွက်ခဲ့လေ၏။ အပူရှိန်ကြောင့် ငါသည် မျက်နှာကိုမဖုံးအုပ်ဘဲ၊ အိပ်
၁၀။ မိလေ၏။ အုတ်နံရံအပေါ်ဘက်မှ စာငှက်ငယ်များရှိ သည်ကိုလည်း သတိမြုပမိသဖြင့် မျက်စိများဖွင့်ထား ခိုက်တွင် စာငှက်ငယ်တို့၏ပူနွေးသောမစင်များသည် ငါ့မျက်စိများပေါ်သို့ကျပြီးလျှင်အဖြူစက်များဖြစ်ပေါ်စေခဲ့သည်။ ငါသည် သမားတော်များထံသွား၍ကုသ သောအခါ ငါ့မျက်လုံးများပေါ်တွင် သူတို့၏ဆေးဝါး များဖြင့် လိမ်းကျံကြပါသော်လည်း အဖြူစက်များ ကြောင့် ငါ၏မျက်စိများမှာပို၍ဆိုးဝါးလာကာနောက် ဆုံးတွင်ငါ၏အမြင် အာရုံလုံးဝ ဆုံးရှုံးရတော့သည်။ ငါသည် မျက်မမြင်အဖြစ် လေးနှစ်တိုင်နေခဲ့ရသဖြင့် ငါ့ညီအစ်ကိုတို့သည်ငါ့အတွက်ဝမ်းနည်းပူဆွေးခဲ့ကြသည်။ အဟိကာသည်လည်း ဧလိမိတ်သို့မထွက်ခွာမီ ငါ့အား နှစ်နှစ်တိုင်တိုင်ြုပစုစောင့်ရှောက်ခဲ့၏။
၁၁။ ထိုအချိန်၌ငါ၏ဇနီးအန္နာသည်မိန်းမတို့၏အလုပ်ဖြစ်သော ချည်ငင်အထည်ရက်ခြင်းကိုပင်ပန်းစွာလုပ်ကိုင်
၁၂။ ပြီးဝင်ငွေရှာခဲ့ရ၏။သူမအားပေးအပ်သောအလုပ်များ ပြန်လည် အပ်နှံသောအခါ အလုပ်ရှင်တို့ကအခကြေး ငွေပေးကြသည်။ဆောင်းရာသီမကုန်မီလ၏ ခုနစ်ရက် မြောက်နေ့တွင် အန္နာသည် သူမ ရက်လုပ်ထားသော အဝတ်အထည်များကိုသွားရောက်အပ်နှံသောအခါ၊သူမ၏ အလုပ်ရှင်ကသူမအားလုပ်အားခအပြည့်အဝပေး သည့်အပြင်သူမအတွက်လက်ဆောင်အဖြစ်ဆိတ်ငယ်
၁၃။ တစ်ကောင်ကို ပေးလိုက်၏။ သူမအိမ်သို့ ပြန်ရောက် လာသောအခါ ဆိတ်ငယ်သည်စတင်၍အော်မြည်လေ ၏။ ထိုအခါ ငါကငါ့ဇနီးကိုခေါ်၍ဤဆိတ်ငယ်သည် ဘယ်ကရောက်လာသနည်း။အကယ်၍သင်ခိုးယူလာခဲ့သည်ဆိုလျှင်ပိုင်ရှင်ထံပြန်ပို့ပေးလော့၊ငါတို့သည်ခိုးယူလာသောမည်သည့်အရာကိုမျှစားသောက်ပိုင်ခွင့်မ
၁၄။ ရှိဟုသူမအားဆိုခဲ့၏။ သို့သော် သူမကဤဆိတ်ငယ် ကိုကျွန်မရရှိခဲ့ပါသည်ဟု ပြန်ပြောသော်လည်း ငါက မယုံကြည်သောကြောင့် ပိုင်ရှင်အားပြန်ပေးရန်ထပ်မံ ပြော ဆိုပြီး၊ ငါသည်သူမ၏ လုပ်ရပ်အတွက် ရှက်၍ စိတ်ဆိုးကြောင်း သူမအားပြော၏။ သူမကပြန်ပြော သည်မှာသင်၏ပေးကမ်းစွန့်ကြဲခြင်းနှင့်ကရုဏာလုပ်ငန်းများ အဘယ်သို့ ရောက်သွားသနည်း။ သင်၏ ကိုယ်ကျင့်တရားသည်နောက်ဆုံး၌အဖြေပေါ်နေပါပြီဟုငါ့အား စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလေ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 112:1-9);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
၎ သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊
၇ မကောင်းသောသိတင်းကို မကြောက်ရ၊၊ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည်တတ်၏၊
၈ သူ၏ စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍ ရန်သူတို့၌ အားမရမှီတိုင်အောင် ကြောက်ခြင်းနှင့် လွတ်လိမ့်မည်၊၊
၉ သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ၊၊ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏၊၊ သူ၏ဦးချိုသည် ဂုဏ်အသေရေနှင့် ချီးမြ‡င့်ခြင်း ရှိလိမ့်မည်၊၊
ဧဖက်သြဝါဒစာ အခန်းကြီး ၁ (Eph 1:17-18);
၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:13-17);
၁၃ တဖန် စကားတော်ကိုချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။
၁၄ ထိုသူတို့သည် ချဉ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။
၁၅ အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏ လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့်စုံစမ်းနှောက်ရှက်ကြသနည်း။ ဒေနာရိ တပြားကို ငါကြည့်ဘို့ယူခဲ့ကြဟု မိန့်တော်မူ၍၊
၁၆ သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ ပုံလိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊
၁၇ ယေရှုကလည်း ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု ဟုမိန့်တော်မူသည်ကို သူတို့သည် အံ့သြခြင်းရှိကြ၏။