Tuesday, 27 June 2017

27-JUN-2017 (READING -ORD12-YA-C1)

Tue the 27th:    Optional memorial of Cyril of Alexandra, bishop and doctor.
Gen 13:2-18; Ps 15:1-5; John 8:12; Matt 7:6-14

ကမ္ဘာဦးကျမ်း အခန်းကြီး ၁၃ (Gen 13:2-18);

ထိုအခါ အာဗြံသည် သိုး၊ နွား စသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း၊ အလွန်ရတတ်၏။
တဖန် တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့ စပ်ကြား၌၊ အထက်ကတဲကိုဆောင်၍၊
ယဇ်ပလ္လင်ကို တည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။
အာဗြဟံနှင့် လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။
အာဗြံနွားကျောင်းသား၊ လောတ၏ နွားကျောင်းသား တို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။
အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါနှင့်သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
မြေတပြင်လုံးသည် သင့်ရှေ့မှာ ရှိသည်မဟုတ်လော။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည် ဟု ဆို၏။
၁၀ ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို  ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင် အရပ်ရပ်၌ နေများ၍၊ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း၊ အဲဂုတ္တု ပြည်ကဲ့သို့၎င်း ဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊
၁၁ ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့်တဦး ကွဲပြားကြ၏။
၁၂ အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင် မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။
၁၃ သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊  အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
၁၄ လောတသည် အာဗြံနှင့် ခွါ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက် သို့မြော်ကြည့်လော့။
၁၅ သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည်။
၁၆ သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည် မြေမှုန်ကို ရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြ လိမ့်မည်။
၁၇ သင်ထ၍ မြေကိုအလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အားငါပေး မည်ဟု မိန့်တော်မူ၏။
၁၈ တဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ၏။



ဆာလံကျမ်း အခန်းကြီး ၁၅ (Ps 15:1-5);

အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော
သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော
ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊
ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး (John 8:12);

၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 7:6-14);

ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာမချထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။
တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သော သူအားလည်း တံခါးကိုဖွင့်၏။
သားသည်မုန့်ကိုတောင်းလျှင် မိမိ၏သားအားကျောက်ကိုပေးမည်သူ၊
၁၀ ငါးကိုတောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင်ရှိသလော။
၁၁ သင်တို့သည် အဆိုးဖြစ်လျက်ပင်ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသော သူတို့အား၊ ကောင်းသောအရာကိုသာ၍ ပေးတော်မူမည်မဟုတ်လော။
၁၂ သင်တို့သည် ကိုယ်၌သူတပါးပြုစေလို သမျှအတိုင်း သူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏အချုပ်အချာပင်ဖြစ်သတည်း။
၁၃ ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။
၁၄ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊  တွေ့ဝင်သောသူတို့သည် နည်းကြ၏။