Thu the 15th: Solemnity of Corpus Christi.
Corpus Christi Readings: Deut 8:1-16; Ps 147:12-20; 1 Cor 10:16-17; John 6:51-58
2 Cor 3:15-4:6; Ps 85:9-14; John 13:34; Matt 5:20-26
Corpus Christi Readings:
တရားဟောရာကျမ်း အခန်းကြီး ၈ (Deut 8:1-16);
၁ သင်သည်အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသော ပြည်သို့သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့သောငှာ သတိပြုရမည်။
၂ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ် ရှိသည်မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ် ပတ်လုံးတော၌ ပို့ဆောင်တော်မူသော လမ်းခရီးတရှောက်လုံးကိုအောက်မေ့ရမည်။
၃ ထိုသို့သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည်ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေး တော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက် မွေးရသည်ကို သိစေတော်မူ၏။
၎ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင်ဝတ်သော အဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်းမပွန်းမရောင်။
၅ အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင်ထာဝရဘုရား သည် သင့်အားဆုံးမ တော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။
၆ သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား စီရင်တော်မူသော လမ်းသို့ လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
၇ အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သော မြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
၈ ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊
၉ ဘာမျှမလိုဘဲဝစွာ စားရသောပြည်၊ သံကျောက်နှင့်ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။
၁၀ ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီမွမ်းရမည်။
၁၁ ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သော အပြစ်ကိုသတိနှင့်ရှောင်လော့။
၁၂ သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊
၁၃ သင်၏ သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုးများပြားစဉ်အခါ၊
၁၄ သင်သည် မာနထောင် လွှာခြင်းသို့ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့တော်မူထသော၊
၁၅ မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ်ခံရာအရပ်၊ ကြောက်မက်ဖွယ်သော တောကြီးအလယ်၌ သင့်ကိုပို့ဆောင်၍ မီးပါကျောက်ထဲကရေကို ထွက်စေတော်မူထသော၊
၁၆ သင့်ကိုနှိမ့်ချစုံစမ်း၍ နောက်ဆုံး၌ ကျေးဇူးပြုလိုသောငှာ၊ သင်၏ဘိုးဘေးမသိဘူးသော မန္နနှင့်တော၌ ကျွေးမွေးတော်မူသော သင်၏ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍၊
၁၇ ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာအေက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြည့်ရှောင်လော့။
ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:12-20);
၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို သူတို့မသိရကြ၊၊ ဟာလေလုယ။
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၀ (1 Cor 10:16-17);
၁၆ ငါတို့သည် ကျေးဇူးတော်ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏ အသွေးကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ကိုယ်ကို ဆက်ဆံ ခြင်းဖြစ်သည် မဟုတ်လော။
၁၇ မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:51-58);
၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သောအသက် မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါစွန့်သော ငါ၏အသား ပေတည်းဟု မိန့်တော်မူ၏။
၅၂ ထိုအခါယုဒလူတို့က၊ ဤသူသည်မိမိအသားကိုငါတို့စားစရာဘို့ အဘယ်သို့ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။
၅၃ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
၅၄ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သော သူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။
၅၅ ငါ၏ အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။
၅၆ ငါ၏အသားအသွေးကို သောက်စားသော သူသည် ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏။
၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ် တော်မူ၍၊ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။
၅၈ ဤမုန့်ကား၊ ကောင်းကင်မှ ဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့ မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊
၅၉ ကပေရနောင်မြို့မှာ တရားစရပ်၌ သြဝါဒပေးစဉ်တွင် မိန့်တော်မူ၏။
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Cor 3:15-4:6);
၁၅ ယခုတိုင်အောင်လည်း၊ မောရှေ၏ကျမ်းစာကို ဘတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည်ဖုံးအုပ်လျက်ရှိသေး၏။
၁၆ သို့သော်လည်း သခင်ဘုရား ထံတော်သို့ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်း လိမ့်မည်။
၁၇ သခင်ဘုရားဟု ဆိုသော် ဝိညာဉ်တော်တရားကိုဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော် တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။ ၁၈ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက်မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကိုလွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွါး ၍ ပုံသဏ္ဌာန်တော်နှင့် အညီပြောင်းလဲခြင်းရှိရကြ၏။
၁ ထိုကြောင့် ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့် အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။
၂ ဆိတ်ကွယ်ရာအရပ်၌ပြုသောရှက်ဘွယ်သောအမှု များကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ၊ သမ္မာတရားကိုအတည့်အလင်းဘော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်ထင်အတိုင်း ချီးမွမ်း ဘွယ်သောအကျင့်ဓလေ့ကို ကျင့်ကြ၏။
၃ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိ၏။
၎ ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။
ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-13);
၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။ ၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။ ၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။ ၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ ၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);
၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:20-26);
၂၀ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက်မလွန်မသာလျှင်၊ သင်တို့သည်ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြဟုငါအမှန်ဆို၏။
၂၁ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ ဟူသောရှေး ပညတ်စကား ကိုသင်တို့ကြားရပြီ။
၂၂ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန်အမျက်ထွက်သော သူသည် ရုံး၌အပြစ် စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကို ကိုကျိန်ဆဲသောသူသည်ဂေဟင်္နာအရပ်၌မီးရှို့ခြင်းကိုခံထိုက်ပေ၏။
၂၃ ထိုကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစုံတခုရှိသည်ဟု အောက်မေ့သတိ ရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
၂၄ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကို တင်လော့။
၂၅ တရားတွေ့ဘက်နှင့် အတူလမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကိုပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး၌အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
၂၆ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟုငါအမှန်ဆို၏။