Tue the 13th: Memorial of Anthony of Padua, priest and doctor.
2 Cor 1:18-22; Ps 119:129-135; Matt 5:16; Matt 5:13-16
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Cor 1:18-22);
၁၈ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူ သကဲ့သို့၊ သင်တို့ဆီသို့ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ၍၎င်း မဆိုလို။
၁၉ ငါမှစ၍ သိလွှာနုနှင့် တိမောသေတို့သည် သင်တို့အား ဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ၍၎င်း မဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍သာဆိုလိုသတည်း။
၂၀ ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလို ငှါ၊ ဟုတ်မှန်၏ ဟူ၍၎င်း၊ အာမင်ဟူ၍၎င်းဖြစ်သတည်း။
၂၁ သင်တို့နှင့် ငါတို့ကိုခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသောသူကား၊ ဘုရားသခင်ဖြစ်သတည်း။
၂၂ ထိုဘုရားသခင်သည်ငါတို့ကို တံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကို သွင်းပေးတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:129-135);
၁၂၉ သက်သေခံတော်မူချက်တို့သည် အံ့သြဘွယ် ဖြစ်၍ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ် ပါ၏၊
၁၃၀ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏၊၊
၁၃၁ ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့် နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏၊၊
၁၃၂ နာမတော်ကို ချစ်သောသူတို့၌ ပြုတော်မူတတ်သည်အတိုင်း အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ၊၊ ၁၃၃ မိန့်တ်ာမူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်း တို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်၊၊
၁၃၄ လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ။ ကိုယ်တော်၏ ဥပဒေသများကို စောင့်ပါမည်။
၁၃၅ မျက်နှာ တော်၏အလင်း ကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်းစေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:16);
၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:13-16);
၁၃ သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
၁၄ သင်တို့သည် ဤလော က၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်။
၁၅ ဆီမီးထွန်း၍ တောင်းဇလား အောက်၌ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။
၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။