Thursday, 5 July 2018

05-JULY-2018 (READING -ORD13-YB-C2)

Thu the 5th:     Optional memorial of Anthony Zaccaria, priest.
Amos 7:10-17; Ps 19:8-11; 2 Cor 5:19; Matt 9:1-8

အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး ၇ (Amos 7:10-17);

၁၀ ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော်တဘက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏စကား အလုံးစုံတို့ကိုပြည်တော်သည်မခံနိုင်ပါ။
၁၁ ယေရောဗောင်သည်ထားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့ သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကိုခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုဆတ်ပါသည်ဟု လျှောက်လေ၏။
၁၂ အာမုတ်ကိုလည်းခေါ်၍၊ အိုပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။ ထိုပြည်မှာ ပရောဖက်မပြု၍ အသက်မွေးလော့။
၁၃ နောက်တဖန်ဗေသလမြို့တဘက်၌ ပရောဖက်မပြုနှင့်။ ရှင်ဘုရင်၏ သန့်ရှင်းရာ ဌာနတော်ဖြစ်၏။ နန်းတော်တည်ရာ မြို့လည်းဖြစ်၏ ဟုဆိုလျှင်၊
၁၄ အာမုတ်က၊ ငါသည်ပရောဖက် မဟုတ်၊ ပရောဖက်၏ သားလည်းမဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်းသီးကိုဆွတ်သောသူဖြစ်စဉ်အခါ၊
၁၅ ထာဝရဘုရားသည် နွားကျောင်းရာမှငါ့ကိုနှုတ်ရာ၍၊ သင်သွားလော့။ ငါ၏လူဣသရေလအမျိုးတွင် ပရောဖက်ပြု လော့ဟု မိန့်တော်မူ၏။
၁၆ သို့ဖြစ်၍၊ ထာဝရဘုရားဘုရား မိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတဘက်၌ ပရောဖက်မပြုနှင့်။ ဣဇာက်အမျိုးတဘက်၌ မမြွက်နှင့် ဟုသင်ဆိုသော်၊
၁၇ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သင်၏သားသမီးတို့ သည် ထားဖြင့် သေကြလိမ့်မည်။ သူတပါးတို့သည် သင်၏မြေကိုကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသော ပြည်၌ သေရလိမ့်မည်။ ဣသရေလအမျိုး သည်နေရင်းပြည်မှ ဆက်ဆက်နှင့် သွားခြင်းကိုခံရကြလိမ့်မည်ဟု၊ အာမဇိအားဆင့်ဆိုလေ၏။

ဆာလံကျမ်း အခန်းကြီး ၁၉ (Ps 19:8-11);

၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊
၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊
၁၀ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဘွယ် ဖြစ်၍ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏။
၁၁ တရားတော် အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၉ (Matt 9:1-8);

၁ ထိုအခါ ကိုယ်တော်သည် လှေစီး၍ကူးပြန်သဖြင့်၊ မိမိမြို့သို့ရောက်တော်မူ၏။
၂ လက်ခြေသေ၍ အိပ်ရာ ပေါ်မှာတုံးလုံးနေသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား မစိုးရိမ်နှင့်။ သင်၏အပြစ်ကိုလွတ်စေပြီဟု မိန့်တော်မူ၏။
၃ ကျမ်းပြု ဆရာအချို့တို့က၊ ဤသူသည်ဘုရားကိုလွန်ကျူး၍ပြောသည်ဟုထင်ကြ၏။
၎ ယေရှုသည် ထိုသူတို့၏စိတ်ကိုသိမြင် တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသော စိတ်ရှိကြသနည်း။
၅ အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
၆ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကိုသင်တို့သိစေခြင်းငှါထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွား လော့ဟု လက်ခြေသေသောသူအားမိန့်တော်မူ၏။
၇ ထိုသူသည်လည်း ထ၍မိမိအိမ်သို့သွားလေ၏။
၈ လူအစုအဝေး တို့သည်မြင်လျှင် အံ့သြခြင်းရှိ၍၊ လူတို့အားဤသို့သောအခွင့်ကိုအပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။