Saturday, 21 July 2018

21-JULY-2018 (READING -ORD15-YB-C2)

Sat the 21st:     Optional memorial of Apolinaris, bishop and martyr.
    Optional memorial of Lawrence of Brindisi, priest and doctor.
Mic 2:1-5; Ps 10:1-14; 2 Cor 5:19; Matt 12:14-21

မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး ၂ (Mic 2:1-5);

၁ ဒုစရိုက်ကိုပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်းသောအကြံကိုကြံ၍ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်းပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
၂ သူတပါး၏အိမ်နှင့် လယ်ယာတို့ကိုတပ်မက်၍ အနိုင်အထက် သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကိုင်း၊ လူကြီးနှင့်သူ၏ အမွေဥစ္စာကိုင်း လုယက်၍ညှဉ်းဆဲတတ်ကြ၏။
၃ သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်မလွတ်၊ ခေါင်းမကြွနိုင်သောဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တဘက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။
၎ ထိုကာလတွင် သင်တို့တဘက်၌ ပုံစကားကိုသုံး၍၊ အလွန်ပြင်းစွာမြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်ဆီးကြပြီ။ ငါ့အမျိုးသားခံစားရသောအဘို့ကို လဲ၍ ငါ့လက်မှ ရုပ်တော်တော်ပြီတကား။ ငါတို့လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတပါးတို့အား ဝေဖန်တော်မူပြီ။
၅ ထိုကြောင့်၊ ထာဝရဘုရား၏ ပရိသတ် တော်သည် သင်တို့ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။

ဆာလံကျမ်း အခန်းကြီး ၁၀ (Ps 10:1-14);

၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း၊၊ ဘေးအန္တရာယ် ရောက်သည့်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း၊၊
၂ မတရားသော သူသည် မာနစိတ်ရှိ၍ ဆင်းရဲ သောသူကို ညှင်းဆဲတတ်ပါ၏၊၊ မိမိပြုသော ပရိယာယ်အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏၊
၃ မတရားသော သူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏၊၊ လောဘကြီးသောသူသည် ထာဝရဘုရားကိုပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏၊၊
၎ မတရားသောသူသည် မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ၊၊ ဘုရားသခင်မရှိဟု အစဉ်အောက်မေ့တတ် ပါ၏၊၊
၅ အစဉ်ခိုင်မာစွာကျင့်ကြံပြုမူတတ် ပါ၏၊၊ တရားစီရင်တော်မူချက်တို့သည်သူနှင့် ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသော ရန်သူတို့ကို မထီမဲ့မြင် ပြုတတ်ပါ၏၊
၆ ငါသည် အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရဟု အောက်မေ့တတ်ပါ၏၊၊
၇ သူ၏ နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊  ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏၊၊ လျှာအောက်မှာ မကောင်းသောအကြံနှင့် မတရားသော အမှုရှိပါ၏၊၊
၈ ရွာအနားတွင် ပုန်းနေရာ အရပ်မှာထိုင်၍ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ်ပါ၏၊၊ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏၊
၉ ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍ နေတတ်ပါ၏၊ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏၊၊ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ၍ ဘမ်းဆီးတတ်ပါ၏၊၊
၁၀ ထိုသို့ ညှင်းဆဲနှိပ်စက်ခြင်းကို ခံရ၍ ဆင်းရဲသောသူအပေါင်း တို့သည် သူ၏ လက်သို့ ကျရောက်တတ်ကြပါ၏၊၊
၁၁ ထိုသူက ဘုရားသခင်သည် မေ့လျော့တော်မူ၏၊၊ မျက်နှာကို လွှဲတော်မူ၏၊၊ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏၊၊
၁၂ အို ထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသော သူတို့ကို မေ့လျော့တော်မမူပါနှင့်။
၁၃ မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့်အောက်မေ့ရပါအံ့နည်း။
၁၄ သို့သော်လည်း ကိုယ်တော်သည် မြင်တော်မူပြီ၊၊ အကြောင်းမူကား ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှု တော်မူတတ်ပါ၏၊၊ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏၊၊ ကိုယ်တော်သည် မိဘမရှိသောသူ၏ ခိုလှုံရာဖြစ်တော်မူ၏၊၊

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၂ (Matt 12:14-21);

၁၄ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။
၁၅ ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။
၁၆ ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည် အကြောင်း ပညတ်တော်မူ၏။
၁၇ ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ၏နှုတ်ထွက်ပြည့်စုံမည် အကြောင်း တည်း။ နှုတ်ထွက်အချက်ဟူမူကား၊
၁၈ ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့။ ထိုသူ၏အပေါ် ၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
၁၉ ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကိုမပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။
၂၀ နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည်အောင်မြင်ခြင်းသို့ရောက်မည်အကြောင်း စီရင်လိမ့်မည်။
၂၁ သူ၏ နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည် ဟု ဟောထားသတည်း။