Sun the 29th: Psalter I, Ordinary Time Week 17.
(Memorial of Martha.)
2 Kgs 4:42-44; Ps 145:10-18; Eph 4:1-6; Luke 7:16; John 6:1-15
ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၄ (2 Kgs 4:42-44);
၄၂ တဖန် ဗာလရှလိရှမြို့မှ လူတယောက်သည်လာ၍၊ အဦးသီးသော မုယောဆန်ဖြင့်လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ်၌ထည့်အသော အသီးအနှံများကို ဘုရားသခင်၏ လူထံသို့ ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူ များကိုကျွေးလော့ဟုဆိုလျှင်၊
၄၃ ကျွန်က အဘယ်သို့နည်း။ ကျွန်တော်သည် လူတရာကို ဤမျှနှင့်ကျွေးနိုင်ပါမည် လောဟု မေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စားကြသော်လည်း စားစရား ကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောဆိုသော်၊
၄၄ ကျွန်သည် လူများရှေ့ မှာထည့်၍ ထာဝရဘုရား၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ၍ စားစရာကျန်ကြွင်းလျက်ရှိ၏။
ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:10-18);
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏၊၊
၁၄ နှိမ့်ချသော သူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
၁၅ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကို ကျွေးမွေး တော်မူ၏၊၊
၁၆ လက်တော်ကို ဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
၁၇ ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍ ခပ်သိမ်း သောအမှုတော် တို့သည် သန့်ရှင်းကြပါ၏။
၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာ ပြုသောသူအပေါင်း၊ တို့၏အနီး အပါး၌ ရှိတော်မူ၏၊၊
ဧဖက်သြဝါဒစာ အခန်းကြီး ၄ (Eph 4:1-6);
၁ ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသောငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
၂ အရာရာ၌ စိတနှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကိုတယောက် သည်းခံခြင်းရှိကြ၍၊
၃ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘော မခြားမနား တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။
၎ သင်တို့ကို ခေါ်တော်မူခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့ ခေါ်သွင်းတော်မူသည် နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ် တည်းရှိ၏။
၅ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံ တပါး၊
၆ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏ အပေါ်မှာ ရှိတော်မူ၏။ ခပ်သိမ်းသောငါတို့ကို နှံ့ပြားစေတော်မူ၏။ ခပ်သိမ်းသောငါတို့၏ အထဲ၌လည်း ရှိတော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆(John 6:1-15);
၁ ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။
၂ အနာရောဂါ စွဲသော သူတို့၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။
၃ ယေရှုသည် တောင်ပေါ်သို့တက်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။
၎ ထိုအခါ ယုဒလူတို့၏ ပသခါပွဲခံချိန်ရောက်လုနီးသတည်း။
၅ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့ လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာဝယ်မည်နည်းဟု မေးတော်မူ၏။
၆ ထိုသို့မေး တော်မူသော်၊ မိမိ အဘယ်သို့ပြုမည်ကို သိတော်မူလျက်ပင် ဖိလိပ္ပုကို စုံစမ်းခြင်းငှါသာ မေးတော်မူ၏။
၇ ဖိလိပ္ဂုကလည်း ဤသူတို့သည် မုန့်တဖဲ့စီ စေ့ငှအောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သော မုန့်မလောက် ပါဟု လျှောက်လေ၏။
၈ ရှိမုန်ပေတရု၏ညီ အနြေ္ဒအမည်ရှိသော တပည့်တော်က၊
၉ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက် ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသော လူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်းဟု လျှောက်၏။
၁၀ ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက် ရှိသည်ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သောလူတို့သည် လျောင်းကြ၏။
၁၁ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသော သူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။
၁၂ ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က ဘာမျှမပျောက်စေခြင်းငှါ ကျန်ကြွင်းသောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊
၁၃ စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့ တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။
၁၄ ထိုသို့ယေရှုပြ တော်မူသော နိမိတ်လက္ခဏာကို ထိုလူ များတို့သည် မြင်လျှင်၊ ဤသူကား ဤလောကသို့ကြွလာရသော ပရောဖက်အမှန် ဖြစ်သည်ဟု ဆိုကြ၏။
၁၅ ထိုသူတို့ သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ မြှောက်ခြင်းငှါ လာ၍အနိုင် အထက်ပြုကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်း ကြွတော်မူ ပြန်၏။