Wed the 3rd: Job 9:1-16; Ps 88:10-15; Phil 3:8-9; Luke 9:57-62
ယောဘဝတ္တု အခန်းကြီး ၉ (Job 9:1-16);
၁-၂ ယောဘပြန်၍ မြွက်ဆိုသည်ကား၊ မှန်ပါ၏၊၊ ထိုစကားမှန်ကြောင်းကိုငါသိ၏၊၊ သို့သော်လည်း လူသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း၊၊
၃ ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလို တော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုကိုမျှမဖြေနိုင်၊၊
၎ ဘုရားသခင်သည် ထူးဆန်းသောဥာဏ်၊ ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍ အောင်နိုင်သနည်း၊၊
၅ ဘုရားသခင် သည် တောင်တို့ကို အမှတ်တမဲ့ရွှေ့တော်မူ၏၊၊ အမျက်ထွက်၍ မှောက်လှန်တော်မူ၏၊၊
၆ မြေကြီးကို ရွှေ့စေခြင်းငှါ တွန်းတော်မူ၍ မြေတိုင်တို့သည် တုန်လှုပ်ကြ၏၊၊
၇ နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ၊၊ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏၊၊
၈ မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏၊၊ သမုဒ္ဒရာလှိုင်းတံပိုးကို နင်း တော်မူ၏၊၊
၉ အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူသည်။
၁၀ စစ်၍မသိနိုင်အောင် အလွန်ကြီး သောအမှု မရေတွက်နိုင်အောင်များ၍ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။
၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ၊၊
၁၂ သိမ်းယူတော်မူသော အခါ အဘယ်သူသည် တားဆီးနိုင်သနည်း၊၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်းဟု အဘယ်သူ ဆိုဝံ့သနည်း။
၁၃ ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင် မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌နှိမ့်ချခြင်း ကိုခံရမည်၊၊
၁၄ ထိုမျှမကငါသည် အဘယ်သို့ပြန်လျှောက်ရမည်နည်း၊၊ ရှေ့တော်၌ အဘယ်သို့သော စကားကိုရွေး၍ လျှောက်ရအံ့နည်း။
၁၅ ငါသည်ဖြောင့်မတ်သော်လည်း ပြန်၍မလျောက်ဝံ့ဘဲ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင့်ကိုတောင်းပန်ရုံမျှသာ ပြုရ၏၊၊
၁၆ ငါခေါ်၍အရှင်သည် ထူးသော်မူ သော်လည်း ငါ့စကားကို နားထောင်တော်မူမည် ဟု ငါမယုံနိုင်။
ဆာလံကျမ်း အခန်းကြီး ၈၈ (Ps 88:10-15);
၁၀ သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ အင်္ချိုင်းသားတို့သည် ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
၁၁ ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာတော်ကို ပျက်စီးရာ အရပ်၌၎င်း ကြားပြောရကြပါမည်လော။
၁၂ အံ့ဘွယ်သောအမှုတို့ကို မှောင်မိုက်သောအရပ်၌၎င်း၊ ဖြောင့်မတ်တော်မူ ခြင်းတရားကို မေ့လျော့ရာပြည်၌၎င်း သိရကြပါမည်လော။
၁၃ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ပဌနာသည် ရှေ့တော်သို့ရောက်ပါ၏။
၁၄ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကိုအကျွန်ုပ်မှ အဘယ်ကြောင့် လွှဲတော်မူသနည်း။
၁၅ အကျွန်ုပ် သည် ဒုက္ခဝေဒနာကို ခံရ၍ သေဆဲရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ်ကပင် ခံရ၍ ပင်ပန်းပါ၏။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၃ (Phil 3:8-9);
၈-၁၀ ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည်အဘယ်မျှလောက်မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:57-62);
၅၇ လမ်း၌သွားကြစဉ် လူတဦးက၊ သခင်၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက်လေ၏။
၅၈ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာအရပ်ရှိ၏၊ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။
၅၉ အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ ကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊
၆၀ ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။
၆၁ အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုပ်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍အခွင့်ပန်ပါစေဟု လျှောက်လျှင်၊
၆၂ ယေရှုက၊ ထွန်ကိုင်း ကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန် ဟုမိန့်တော်မူ၏။