Sun the 14th: Psalter IV, Ordinary Time Week 28.
(Optional memorial of Callistus I, pope and martyr.)
Wis 7:7-11; Ps 90:12-17; Heb 4:12-13; Matt 5:3; Mark 10:17-30
ပညာပါရမီကျမ်းအခန်းကြီး (Wis 7:7-11)း
၇။ ငါသည် ဆုတောင်းသောအခါ ငါ့အား Óဏ်ပညာ
ပါရမီကိုပေးတော်မူခဲ့၏။ ငါသည် အသနားခံသော အခါ Óဏ်ပညာပါရမီ၏ ဝိညာဉ်သည် ငါ့ထံသို့ ရောက်လာ၏။
၈။ ငါသည် ရာဇပလ္လင်နှင့် ရာဇလှံတံ ထက် သူမကို ပိုမိုနှစ်သက်၏။ သူမနှင့်ယှဉ်ရလျှင် စည်းစိမ်ချမ်းသာ မှန်သမျှသည် ဘာမျှမဟုတ်ဟု ငါ ယူဆ၏။
၉။ အဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာ များနှင့်လည်း သူမကို မနှိုင်းယှဉ်နိုင်ချေ။ အဘယ် ကြောင့်ဆိုသော် ရှိသမျှ ရွှေအားလုံးတို့သည် သူမနှင့် ယှဉ်လျှင် သဲမှုန့် အနည်းငယ်မျှသာဖြစ်၏။ သူမရှေ့ တွင် ငွေသည်လည်း ရွှံ့ထက် တန်ဖိုးမပိုနိုင်ပေ။
၁၀။ ကျန်းမာခြင်းနှင့် လှပခြင်းထက် ငါသည် သူမကိုပိုမို ချစ်ခင်စုံမက်၏။ အလင်းရောင်ထက် သူမကို ပို၍ ငါနှစ်သက်၏။ အကြောင်းမူကား၊ သူမ၏ အလင်း သည် မည်သည့်အခါမျှ လျော့နည်း မှေးမှိန် မသွား သောကြောင့်တည်း။
၁၁။ ကောင်းသောအရာဟူသမျှသည် သူမနှင့်အတူ ငါ့ထံသို့ဆိုက်ရောက်လာခဲ့ကြ၏။ သူမ ၏လက်ထဲတွင် စည်းစိမ်ချမ်းသာသည် ရေတွက်၍ မကုန်နိုင်အောင်များလှ၏။
ဆာလံကျမ်း အခန်းကြီး ၉၀ (Ps 90:12-17);
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက် ကာလကို ရေတွက်နိုင်ခြင်းငှာ သွန်သင်တော်မူပါ။
၁၃ အိုထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက်ကြာပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ကို နာကြင်သော စိတ်ရှိတော်မူပါ၊
၁၄ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန်ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။
၁၅ အကျွန်ုပ်တို့ကို ညှင်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီး သော နှစ်ပေါင်းများသည် အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကိုပေးသနား တော်မူပါ။
၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေသော။
၁၇ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရ ဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်တို့ပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း အကျွန်ုပ် တို့ အဘို့မြဲမြံစေတော်မူပါ။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12-13);
၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။
၁၃ ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာ တစုံတခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ် အကာမရှိဘဲ၊ မျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:3);
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:17-30);
၁၇ လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက် သော်၊
၁၈ ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။
၁၉ သင်သည် ပညတ်တော်တို့ကိုသိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကိုမတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊
၂၀ အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊
၂၁ ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်တခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၂ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့်သွားလေ၏။
၂၃ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည် သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။
၂၄ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် မိန်းမောတွေဝေ ခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါ့သားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။
၂၅ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။
၂၆ ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင်အဘယ်သူသည် ကယ်တင်တော်မူခြင်း သို့ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။
၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည်ရှု၍၊ ဤအမှုကို လူမတတ် နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော် မူသည်ဟု မိန့်တော်မူ၏။
၂၈ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီဟု လျှောက်လေသော်၊
၂၉ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်င်း၊ ဧဝံဂေလိတရားကြောင့်င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသောတပါးပါးကိုစွန့်၏။
၃၀ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှင်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုင်း၊ နောင်ဘဝ၌ထာဝရအသက်ကို၎င်း ခံရလတံ့။