Wed the 17th: Memorial of Ignatius of Antioch, bishop and martyr.
Gal 5:18-25; Ps 1:1-6; John 10:27; Luke 11:42-46
ဂလာတိသြဝါဒစာ အခန်းကြီး ၅ (Gal 5:18-26);
၁၈ သို့သော်လည်း ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။
၁၉ ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊
၂၀ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊
၂၁ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။
၂၂ိဝိညာဉ် ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
၂၃ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှမမြစ်တား။
၂၄ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ် များနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားထားကြပြီ။
၂၅ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိ အတိုင်း ကျင့်ကြကုန်အံ့။
၂၆ အချည်းနှီးသော ကျော်စောကိတ္တိကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ရှက်ခြင်း၊ အချင်းချင်း ငြူစူခြင်းတို့ကိုရှောင်၍ နေကြကုန်အံ့။
ဆာလံကျမ်း အခန်းကြီး ၁ (Ps 1:1-6);
၁ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊
၂ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊
၃ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊
၎ မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်၊၊ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏၊၊
၅ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ၊၊ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ၊၊
၆ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);
၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:42-46);
၄၂ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဘို့ တဘို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကားလှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။
၄၃ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ တရားစရပ်၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း နှစ်သက်ကြ၏။
၄၄ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ မထင်ရှား သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။
၄၅ ကျမ်းတတ်တယောက်ကလည်း၊ အရှင်ဘုရားထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ် တင်တော်မူ၏ ဟု လျှောက်သော်၊
၄၆ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကိုသူတပါး အပေါ်မှာတင်တတ်၏။