Monday, 15 October 2018

15-OCT-2018 (READING -ORD28-YB-C2)

Mon the 15th:     Memorial of Teresa of Jesus, virgin and doctor.
Gal 4:22-5:1; Ps 113:1-7; Ps 95:8; Luke 11:29-32

ဂလာတိသြဝါဒစာ အခန်းကြီး ၄ (Gal 4:22-5:1);

၂၂ ပညတ္တိကျမ်းစာ၌လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏သားဖြစ်၏ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။ 
၂၃ ကျွန်မ၏သားသည် ဇာတိပကတိ အားဖြင် ဘွားသောသားဖြစ်၏။  ကျွန်မမဟုတ်သော မိန်းမ၏သားသည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။
၂၄ ထိုအကြောင်း အရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရ အမည်ရှိသော မိန်းမတည်းဟူသောပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကို ဘွားတတ်သောတရားဖြစ်၏။
၂၅ အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသောယေရုရှလင်မြို့နှင့်တူ၏၊ မိမိသားများနှင့် တကွကျွန်ခံရ၏။
၂၆ အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်မမဟုတ်သောမိန်းမဖြစ်သတည်း။
၂၇ ကျမ်းစာလာသည်ကား၊ သားမဘွားသောအမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ် လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်သာ၍ များသော သားတို့ကို ဘွားမြင် ပြီဟုလာသတည်း။
၂၈ ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ဂတိတော်နှင့် စပ်ဆိုင်သောသားဖြစ်ကြ၏။
၂၉ ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှဉ်းဆဲကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။
၃၀ သို့သော်လည်း အဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့် သူ၏သားကိုနှင်ထုတ်လော့။ ကျွန်မ၏ သားသည်ကျွန်မမဟုတ် သောမိန်းမ၏ သားနှင့် အတူ အမွေမခံရဟုလာသတည်း။
၃၁ ယခုတွင် ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားမဟုတ်၊ ကျွန်မမဟုတ်သောမိန်းမ၏ သားဖြစ်ကြ၏။
၁ ထိုကြောင့်ခရစ်တော်သည်ငါတို့ကိုလွှတ်တော်မူသောလွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာထမ်းဘိုး ကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။

ဆာလံကျမ်း အခန်းကြီး ၁၁၃ (Ps 113:1-9);

၁ ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော၊၊ ချီးမွမ်းကြလော့၊၊
၂ ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း၊၊
၃ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏၊၊
၎ ထာဝရဘုရားသည် လူမျိုးတကာ တို့အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏၊၊
၅ ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၆ ကိုယ်ကို နိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း၊၊ ၇ ဆင်းရဲသော သူကို မြေမှုန့် ထဲက ကြွလျက် ငတ်မွတ်သော သူကို နောက်ချေးပုံထဲက မြှောက်လျက် ၈ မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏၊၊ ၉ မြုံသော မိန်းမသည် အိမ်၌နေ၍ ဝမ်းမြောက်သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏၊၊ ဟာလေလုယ၊၊

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);

၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁  (Luke 11:29-32);

၂၉ လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သော အမျိုး ဖြစ်၏။ နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပယောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ် လက္ခဏာကိုမျှ မျှသူတို့အား မပြရာ။
၃၀ ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည်ဤ လူမျိုးအားဖြစ်လိမ့်မည်။
၃၁ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသော မိဖုရားသည် ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကိုနားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။  ဤအရပ်၌ကား၊ ရှောလမုန် ထက်သာ၍ ကြီးမြတ်သောသူရှိ၏။
၃၂ တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုး တဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသောစကားကြောင့် နောင်တရကြ၏။