Sat the 6th: Jer 11:18-20; Ps 7:1-12; John 7:40-53
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁၁ (Jer 11:18-20);
၁၈ ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူသောကြောင့် ငါသိရ၏။ သူတို့ပြုသောအမှုများကို ကိုယ်တော်သည်ပြတော်မူပြီ။
၁၉ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ၊ အသီးအကင်းနှင့်တကွ အပင်ကိုရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏ နေရာမှသူ့ကို ပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တဘက်၌ မကောင်းသောအကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
၂၀ နှလုံး ကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော်မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
ဆာလံကျမ်း အခန်းကြီး ၇(Ps 7:1-12);
၁ ဒါဝိဒ်သည်ဗင်္ယာမိန် အမျိုးသားကုရှ၏စကားကြောင့်ထာဝရဘုရားရှေ့တော်၌ အသံညှိ၍ဆိုသောဆာလံ၊၊ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊ အကျွန်ုပ်ကိုညှင်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
၂ သို့မဟုတ် နှုတ်ယူသောသူမရှိစဉ် ရန်သူသည် ခြင်္သေ ကဲ့သို့ အကျွန်ုပ်၏ စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ်ပါလိမ့်မည်၊၊
၃ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ထိုသို့ပြုသော်၎င်း၊ အကျွန်ုပ်လက်မှာအဓမ္မအမှုရှိသော်၎င်း၊ အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍ အကြောင်းမရှိဘဲလျက်ပြုသောသူကို အကျွန်ုပ်ညှင်းဆဲသော်၎င်း၊ ထိုသို့သော အပြစ်တစုံတခုရှိလျှင်၊
၎ ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လိုက်၍ မှီပါစေ၊၊ အကျွန်ုပ်အသက်ကို မြေပေါ်မှာ နင်း၍ အကျွန်ုပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ၊၊
၅ အိုထာဝရဘုရား၊ အမျက်တော် ထွက်၍ ထတော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ၊၊ အကျွန်ုပ်အဘို့ နိုးတော်မူပါ။ တရားစီရင်ဆုံးဖြတ်တောမူပါ။
၆ လူမျိုးတို့သည် စည်းဝေး၍ ကိုယ်တော်ကိုဝန်းရံကြလျက်၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ၊၊
၇ ထာဝရဘုရား သည် လူမျိုးတို့ကို တရားစီရင်တော်မူ၏၊၊ အိုထာဝရဘုရား အကျွန်ုပ်ဖြောင့်မတ်ခြင်းကို၎င်း၊ စုံလင်ခြင်းကို၎င်း ထောက်၍ အကျွနု်ပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ၊၊
၈ မတရားသောသူတို့၏ အဓမ္မအမှုကို ဆုံးရှုံးစေ၍ တရားသောသူတို့ကို မြဲမြံစေတော်မူပါ၊၊ တရားသဖြင့် ပြုတော်မူသော ဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ ၏၊၊
၉ သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏ အကွယ်အကာ ဖြစ်တော်မူ ၏၊၊
၁၀ ဘုရားသခင်သည် တရားသဖြင့် စီရင်သောဘုရားဖြစ်၍ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ၏၊၊
၁၁ ထိုသူသည် မပြောင်းလဲလျှင် ထားတော်ကို သွေးတော်မူ၏၊၊ လေးတော်ကို တင်၍ ရွယ်တော်မူ၏၊၊
၁၂ သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင်၍ မြ‡ားတော်တို့ကို လောင်စေတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၇ (John 7:40-53)
၄၀ စကားတော်ကို ကြားသောသူအများတို့က၊ ဤသူသည် လာလတံ့သော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။
၄၁ အချို့ကလည်း၊ ဤသည်သည် ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သားဖြစ်ရသလော။
၄၂ ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ ဒါဝိဒ် နေရာဌာန၊ ဗက်လင်ရွာသား ဖြစ်ရမည်ဟု ကျမ်းစာလာသည်မဟုတ်လောဟု ဆိုကြ၏။
၄၃ ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလိုရှိကြ၏။
၄၄ သို့သော်လည်း အဘယ်သူမျှ မဘမ်းမဆီးကြ။
၄၅ ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး၊ ဖာရိရှဲထံသို့ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊
၄၆ မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟော စဖူးပါဟု လျှောက်ကြ၏။
၄၇ ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင်လှည့်ဖျားပြီလော။
၄၈ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစုံတယောက်မျှရှိသလော။
၄၉ တရားကိုမသိသော ဤလူမျိုးများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ဆိုကြ၏။
၅၀ အထက်က ညဥ့်အခါ၌ အထံတော်သို့လာသောသူတည်းဟူသော ထိုမင်းများ အဝင်ဖြစ်သော နိကောဒင်ကလည်း၊
၅၁ ငါတို့တရား သည် လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ် သလောဟု ဆိုလျှင်၊
၅၂ သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်မထွန်းသည်ကို မှတ်လော့ဟု ဆိုကြပြီးမှ၊
၅၃ ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့ သွားကြ၏။