Mon the 15th: Isa 42:1-7; Ps 27:1-14; John 12:1-11
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၂(Isa 42:1-7);
၁ ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကို ကြည့်ရှုလော့။ ထိုသူ၏ အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
၂ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏ အသံကို အဘယ်သူမျှမကြားစေရ။
၃ နင်းနယ်လျှက်ရှိသော ကျူပင်ကို မချိုး။ အတောင့် သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံခြင်းသို့ ရောက်မည့်အကြောင်း စီရင်လိမ့်မည်။
၎ မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။ သူ၏ တရားကိုလည်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့ သည် မျှော်လင့်ကြလိမ့်မည်။
၅ မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့်မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်း တော်မူထသော၊ မြေကြီးပေါ်မှရှိသော သူတို့အား အသက်ကိုင်း၊ မြေကြီးကို လျှောက်လှမ်း သူတို့အား ဝိညာဉ် ကို၎င်း ပေးတော်မူသော ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊
၆-၇ ငါထာဝရဘုရားသည် သင့်ကို တရားသဖြင့်ခေါ်ထာသည်ဖြစ်၍ လက်ဆွဲလျှက်ထောက်မမည်။ သင်သည် ကန်းသောမျက်စိတို့ကို ဖွင့်စိမ့်သောငှာ င်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှာင်း၊ မှောင်မိုက်၌ နေသောသူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သော ငှာင်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။
ဆာလံကျမ်း အခန်းကြီး ၂၇ (Ps 27:1-14);
၁ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊
၂ ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊
၃ ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊
၎ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊
၅ အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။
၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
၁၁ အိုထာဝရဘုရား ၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် ည‡င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊
၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ (John 12:1-11)
၁ ပသခပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်က သေလွန်၍သေခြင်းမှ ထမြောက်စေတော် မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည် ရောက်တော်မူ၏။
၂ ထိုကြောင့် ထိုသူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူ တို့အဝင်ဖြစ်၏။
၃ ထိုအခါ မာရိသည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တအိမ်လုံးကိုနှံ့ပြား၏။
၎ တပည့်တော်တို့အဝင်ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊
၅ ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့်ရောင်း၍ ဆင်းရဲသော သူတို့အား အဘယ်ကြောင့် မပေးသနည်းဟုဆို၏။
၆ ထိုသို့ဆိုသော် ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည်သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကို ဆောင်၍နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။
၇ ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။
၈ ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ် ဟု မိန့်တော်မူ၏။
၉ ထိုအရပ်၌ယေရှုရှိတော်မူသည်ကိုယုဒလူများအပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာသည် မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ၏။
၁၀ ထိုသို့ယုဒလူများ တို့သည် လာဇရု ကိုအကြောင်းပြုသဖြင့် ထွက်သွား၍၊
၁၁ ယေရှုကိုယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်းသတ်ခြင်းငှါတိုင်ပင်စီရင်ကြ၏။